
















အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
=========================
ပြီးခဲ့သည့် သောကြာအပတ်က ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ အနေဖြင့် ယေဘုယျအားဖြင့် နိုင်ငံပေါင်း ၆၄ နိုင်ငံ မှ ကမ္ဘာကျော် စွန္နီ ရှီအာ ပညာရှင်များ နှင့် ရင်းနှီး ချစ်ခင်စွာ တွေ့ဆုံ ခဲ့ပါသည်။ ရဲဟ်ဗရ် အင်ကေလာဗ် အနေဖြင့် အဖိုးတန် မိန့်ခွန်းများလည်း ပြောကြားခဲ့ပါသည်။ ဤတွေ့ဆုံမှုသည် ဟဖ်သေယေဝဲဟ်ဒသ် အစီအစဉ် တစ်ခု ဖြစ်ပါသည်။ ဟဖ်သေယေဝဲဟ်ဒသ် ဆိုသည်မှာ ရဘီအိုလ်အောင်ဝလ်လမြတ် ၁၂ရက်မှ ၁၇ရက်အထိ အချိန် ကာလကို ခေါ်ဆိုပါသည်။မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏မွေးနေ့ မင်္ဂလာအချိန် ဖြစ်ပါသည်။ စွန္နီ အမြင်အရ ကိုယ်တော်မြတ် (ဆွ)၏မွေးနေ့ ရက်မြတ်သည်ရဘီအိုလ်အောင်ဝလ်လမြတ် ၁၂ရက်နေ့ ဖြစ်ပြီး ရှီအာ အမြင်အရ ရဘီအိုလ် အောင် ဝလ်လမြတ် ၁၇ရက်နေ့ဖြစ်ပါသည်။စွန္နီ ရှီအာ ချစ်ကြည်စည်းလုံး ရေး ကို ရှေ့ ရှု့ ပြီး စုပေါင်း၍ ဟဖ် သေ ယေဝဲဟ်ဒသ် အဖြစ် ကျင်းပခြင်း ဖြစ်ပါသည်။
ဤအစီအစဉ်၌ ပြည်ထောင်အစ္စလာမ်မစ်အီရန် သမ္မတ နှင့် အစိုးရာ တာဝန်ခံများလည်း တက်ရောက်ခဲ့ကြပြီး သမ္မတ ဟွဂ်ျဂျသွလ် အစ္စလာမဝလ်မွတ်စလေမီး ဒေါက်ဟစန် ရူဟာနီ မှ မိန့်ခွန်းပြော ကြားခဲ့ပါသည်။