ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ချောင်ဒရီ နီဆာ အလီခန်း


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
========================
ပြင်သစ်နိုင်ငံ၊ ပါရီ (ခ)ပဲရစ်မြို့ ရှိ လူမျိုး အဓိကရုဏ်းများ ဖြစ်ပေါ်လာအောင် ဖန်တီးနေသည့် ချာလီ အက်ပ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရအပြီး တပတ်အကြာမှာ ထုတ်ဝေခဲ့တဲ့ မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ ) ပုံကို ပါကစ္စတန်နိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ မနေ့က ဖြစ်ပွားခဲ့ပါတယ်။
မွတ်စလင်ဘာသာရေးအဖွဲ့အစည်းတခုက ဦးဆောင်စီစဉ်ခဲ့ပြီး လူ ၂၀၀ ကျော် ကရာချီမြို့က ဈေးတခုမှာ ဆန့်ကျင်ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မွတ်စလင်ဘာသာရေးဆရာတွေက တခြားသာသာခြားတခုကို ဆန့်ကျင်စော်ကားတာဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ပြောဆိုခဲ့တာကို ကိုးကားပြောဆိုခဲ့ပါတယ်။ အဲ့ဒီမှားယွင်းတဲ့ လုပ်ရပ်အတွက်လည်း တုံ့ပြန်မှုတွေ ရှိလာမယ်လို့လည်း ပြောဆိုပါတယ်။
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ချောင်ဒရီ နီဆာ အလီခန်းက မီဒီယာသမားတွေနဲ့ မနေ့က တွေ့ဆုံပြီး ကာတွန်းဆရာတွေရဲ့လုပ်ရပ်ဟာ အကြမ်းဖက်တွေရဲ့လုပ်ရပ်နဲ့ သိပ်မကွာဘူးလို့ ပြောဆိုခဲ့ပါတယ်။ အစွန်းရောက် အကြမ်းဖက်တွေက လက်နက်ကိုင်ပြီး သူတစ်ပါး ကို သတ်တယ်ဖြတ်တယ် ..... ပြင်သစ်နိုင်ငံ၊ ပါရီ (ခ)ပဲရစ်မြို့ ရှိ လူမျိုး အဓိကရုဏ်းများ ဖြစ်ပေါ်လာအောင် ဖန်တီးနေသည့် ချာလီ အက်ပ်ဒိုမဂ္ဂဇင်းက ကာတွန်း ဆရာ နှင့် အပေါင်း အပါးတွေကတော့ ကလောင်ကိုင်ပြီး သန်းပေါင်းများစွာသော မွတ်စလင်လူထု ၏ နှလုံးသားကို တိုက်နေကြောင်း မိမိလုပ်ရပ်ဖြစ်ကမ္ဘာပေါ်တွင် မတည်ငြိမ်မှုများကို ဖန်တီးနေတာ ဖြစ်ကြောင်း အဗ်နာ သတင်းဌာနမှလည်း သုံးသပ်မိပါသည်။
တခြားဘာသာ ကိုးကွယ်ယုံကြည်မှုကို စော်ကားတာဟာ အကြမ်းဖက်တွေက အခွင့်အရေးယူစရာဖြစ်လာမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာကို ကိုင်ပြီး တခြားဘာသာတရားတွေကို စော်ကားမှုဟာ အစွန်းရောက်တွေရဲ့ လုပ်ရပ်တွေလိုပဲဖြစ်တယ်။ ဒါကြောင့် ဒီလူတွေကို အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်သူတွေလို့ သတ်မှတ်ရမှာဖြစ်တယ်” လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
ဇန်န၀ါရီ ၁၆ ရက်နေ့ကလည်း ကရာချီမြို့မှာ ရှိတဲ့ ပြင်သစ်သံရုံးရှေ့ ဆန္ဒပြပွဲတွေကိုတော့ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ရပါတယ်။
အခုလို မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ ကာတွန်းပုံကို အကြောင်းပြုပြီး ရဲနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုဟာ ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးဖြစ်ပွားခဲ့တာပါ။
