၆ ဖေဖော်ဝါရီ ၂၀၁၅ - ၁၁:၂၆
တနင်္သာရီတိုင်းရှိ မွန်လူဦးရေ ထက်ဝက်ကျော် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိ

တနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူဦးရေ ခြောက်သောင်းကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး မွန်လူဦးရေ စာရင်းပြုစု ရေးကော်မတီမှ ဦးဆောင်သူ နိုင်စိန်တီက ပြောသည်။


အဲဟ်လေ့ဘိုက်(သ (အ.စ) သတင်းဌာန ၊ အဗ်နာ

=================================

 တနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူဦးရေ ခြောက်သောင်းကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး မွန်လူဦးရေ စာရင်းပြုစု ရေးကော်မတီမှ ဦးဆောင်သူ နိုင်စိန်တီက ပြောသည်။




တနင်္သာရီတိုင်းတွင် မွန်လူဦးရေ ၆၂,၃၆၆ ကျော်ရှိသည့်အနက် ၃၉,၅၈၂ ဦးသည် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိဘဲ ၈,၉၈၁ ဦးသည် မွန်လူမျိုးဖြစ်ပေသော်လည်း လူမျိုးနာမည် ထည့်သွင်းမှု လွဲမှားနေသည်ဟုလည်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းရှိ မွန်လူမျိုးများနေထိုင်သည့် ကျေးရွာ ၂ဝဝ ကျော်အနက် ၁၈၁ ရွာမှ ကောက်ခံရရှိသည့် အချက်အလက်ကို အခြေခံကာ ၎င်းက ပြောကြားခြင်းဖြစ်သည်။ နယ်မြေလုံခြုံမှုမရှိခြင်းနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် ကျန်သည့်ကျေးရွာ ၂ဝ ကျော်ကို မကောက်ခံနိုင်ခဲ့ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြားမရရှိသေးသည့် တနင်္သာရီတိုင်းမှ မွန်တိုင်းရင်းသားများအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးရန် သက်ဆိုင်ရာ အစိုးရဌာနများသို့ အကြောင်းကြားစာ ပေးပို့ထားသည်ဟု ဦးဆောင်ကော်မတီဝင် မင်းကျော်ခိုင်ဝင်းက ပြောသည်။ မွန်လူဦးရေ စာရင်းမှန်သိရှိရေးနှင့် ၂ဝ၁၅ ရွေး ကောက်ပွဲတွင် တနင်္သာရီတိုင်း၌ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦးရရှိရန် မွန်လူဦးရေစာရင်း ပြုစုရေး ကော်မတီကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီး အရပ်ဘက် မွန်လူမှုအဖွဲ့အစည်းများမှ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီမှ နိုဝင်ဘာအထိ ကောက်ခံခဲ့သည်။