၁၂ ဖေဖော်ဝါရီ ၂၀၁၅ - ၀၈:၀၂
 အဖိုးကြီး တစ်ဦးအား စုန်းကဝေ၊အောက်လမ်းတတ်သည် ဆိုသည့် ဆွဲချက်ဖြင့် ခေါင်းခုတ် ကွပ်မျက်

အစ္စလာမ်ခုတုံးလုပ် အစ္စလာမ် သာသနာတော်ကို လူသတ်အကြမ်းဖက် သာသနာ ဟု ကမ္ဘာ့ ထင်မှတ်သွားအောင် အပြင်းအထန်ကြိုးပမ်းနေသည့် အမေရိကန် ၊အစ္စရေးထွင် IS(ခ)ဒါအေရှ် အကြမ်းဖက် အစွန်းရောက် အဖွဲ့ မှ အသက်ကြီးနေပြီး ဖြစ်သည့် အဖိုးကြီး တစ်ဦးအားစုန်းကဝေ၊အောက်လမ်းများကို လေကျင့် နေသည့်ဆိုသည် စွပ်စွဲချက်ဖြင့် အမိန့်စာ အရှည်ကြီး ကို လူအများကြားတွင် ဖတ်ပြပြီး လူမဆန်စွာ ခေါင်းခုတ်ကွပ်မျက်ခဲ့ပါသည်။ ဤအဖွဲ့အပေါ် အရှင်မြတ်ဖက်မှ လအ်နသ် ထာဝရ ကျရောက်ပါစေ ။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

===============================
အစ္စလာမ်ခုတုံးလုပ် အစ္စလာမ် သာသနာတော်ကို လူသတ်အကြမ်းဖက် သာသနာ ဟု ကမ္ဘာ့ ထင်မှတ်သွားအောင် အပြင်းအထန်ကြိုးပမ်းနေသည့် အမေရိကန် ၊အစ္စရေးထွင် IS(ခ)ဒါအေရှ် အကြမ်းဖက် အစွန်းရောက် အဖွဲ့ မှ အသက်ကြီးနေပြီး ဖြစ်သည့် အဖိုးကြီး တစ်ဦးအားစုန်းကဝေ၊အောက်လမ်းများကို လေကျင့် နေသည့်ဆိုသည် စွပ်စွဲချက်ဖြင့် အမိန့်စာ အရှည်ကြီး ကို လူအများကြားတွင် ဖတ်ပြပြီး လူမဆန်စွာ ခေါင်းခုတ်ကွပ်မျက်ခဲ့ပါသည်။ ဤအဖွဲ့အပေါ် အရှင်မြတ်ဖက်မှ လအ်နသ် ထာဝရ ကျရောက်ပါစေ ။ ဤမလ်အူးန်နှင့် ရည်ရွယ်ချက်တူ သက္က်ဖီးရီများကြောင့် ကမ္ဘာ့ အလယ်တွင် အစ္စလာမ် သာသနာအား အကြမ်းဖက် သာသနာ၊လူမဆန်သည့် သာသနာ၊ အကျည်းတန်ဘာသာ ဟု ပုတ်ခတ် ၊စွပ်စွဲ ပြောဆိုနေခြင်းကိုခံနေရပါသည်။
သတ်ဖြတ်ပုံမှာလည်း အလွန်ထူးဆန်းနေပေသည် ။ အာဏာပါးကွက်သားမှ မိမိမျက်နှာကို အဝတ်နှင့် အခြားသူများ မမှတ်မိအောင်စည်းထားပြီး ရွာတစ်ရွာ၏ လူအများအရှေ့  တွင် လူမဆန်စွာ ဦးခေါင်းကို ခုတ်ပိုင်းပြခဲ့လေသည်။
ဤလုပ်ရပ်သည့် ငြိမ်းချမ်းအေးမြသည့် အစ္စလာမ် သာသနာတော် ၏ အဆုံးအမ သွန်သင်မှု နှင့် လုံးဝဆန်ကျင့်နေပေသည်။ အစ္စလာမ် သာသနာ အရ ရာဇဝတ်မှုတစ်ခု ကို ကျူးလွန်သူ အား အပြစ်ပေးရတွင် အလွယ်လမ်းကိုမလိုက်ချေ။ အလွယ်လေး၊အပေါ်ယံ ကျော် စိစစ်မှု ၊ သက်သေအတုအယောင်များကို လက်မခံချေ။အထူးစိစစ်ပြီးမှ ဆုံးဖြတ်ရလေသည်။ အစ္စလာမ်ဓမ္မသတ်ဥပဒေသည် အထူးအသေးစိတ်ပေသည်။ အလျင်အမြန် ဆုံးဖြတ်ချက် အမိန့်တစ်ခု ကိုထုတ်မရချေ။ သို့သော် IS(ခ)ဒါအေရှ် အကြမ်းဖက် အစွန်းရောက် အဖွဲ့ အတွက်လူ အသက်တစ်ချောင်းသည်မည်သည့်တန်ဖိုးမျှ မရှိချေ။ ဤအတွက်လည်း မိမိတို့နှင့် ဆန်ကျင့်ဖက်မှန်သမျှ ကိုလိုက်၍ ကွပ်မျက်နေပေသည်။
IS(ခ)ဒါအေရှ် အကြမ်းဖက် အစွန်းရောက် အဖွဲ့ ၏ ဤလူမဆန်သည့် လုပ်ရပ်များသည် မိမိတို့အား လူထုမှ ကြောက်လန့်လာရန် မိမိတို့ အာဏာ ထိန်းထားနိုင်ရန် စသည့် မကောင်းသည့် ရည်ရွယ်ချက်များ ကြောင့် ဖြစ်ပါသည်။
ကွက်မျက်ခံရသူအား သေချာကြည့်မိဆိုလျှင် အသက် ၆၀ အရွယ်ခန့် အဖိုးအို တစ်ယောက်ဖြစ်ပေသည်။
=================================