၂၆ ဖေဖော်ဝါရီ ၂၀၁၅ - ၂၀:၂၃
မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲ ဖြိုခွင်း

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲတွေက ၀င်ရောက် ဖြိုခွင်းရှင်းလင်းခဲ့ပြီး လူ ၁၈ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာနက ရဲတွေက ဖြိုခွင်းရှင်းလင်းခဲ့ကြတာဖြစ်ပြီး သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးနဲ့ ဈေးသည် ၄ ဦး စုစုပေါင်း ၁၈ ဦး ကို ဖမ်းဆီးသွားခဲ့တာပါ။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
====================================


ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့   မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲတွေက ၀င်ရောက် ဖြိုခွင်းရှင်းလင်းခဲ့ပြီး လူ ၁၈ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာနက ရဲတွေက ဖြိုခွင်းရှင်းလင်းခဲ့ကြတာဖြစ်ပြီး သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးနဲ့ ဈေးသည် ၄ ဦး  စုစုပေါင်း ၁၈ ဦး ကို ဖမ်းဆီးသွားခဲ့တာပါ။

မိကျောင်းကန်သပိတ်စန်း ကနေ ဒီမနက်ဖမ်းဆီးခံရသူ ၁၈ ဦးကို ကျောက်တံတားတရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး ရမန်ယူဖို့ရှိတယ်လို့ သိရပါတယ်။

အခုလို သပိတ်စခန်းဖြိုခွင်းတာနဲ့ ပတ်သတ်ပြီး ဒီဗွီဘီက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာန၊ ဌာနမှူးကို မေးမြန်းခဲ့ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။

သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် ၃ ခုက မြေနေရာတွေကို  ၁၉၉၁ ခုနှစ်က  တပ်ပိုင်မြေအဖြစ် သိမ်းဆည်းတာခံရတာနဲ့ ပတ်သက်ပြီး နစ်နာကြေးပေးဖို့ မြို့ တော်ခန်းမရှေ့  မှာ သပိတ်စခန်းဖွင့်  ဆန္ဒပြနေတာ ရက်ပေါင်း ၃၃၉  ရက်ရှိခဲ့ပြီးနောက် အခုလို သပိတ်စခန်းကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

ဒီမနက်မှာတော့ အဲ့ဒီနေရာကို သံဆူးကြိုးတွေနဲ့ တားထားပြီး စည်ပင်သာယာဝန်ထမ်းတွေက သန့်ရှင်းရေးလုပ်ငန်းတွေ ဆောက်ရွက်နေပါတယ်။