၁၈ မတ် ၂၀၁၅ - ၀၆:၅၅
ဘဂ္ဂဒတ် မြို့  တွင် အစွန်းရောက် အကြမ်းဖက်ဂိုဏ်းအား လက်နက်များနှင့် တကွ ဖမ်းမိ +  ဓာတ်ပုံများ

အီရတ်နိုင်ငံ၏လုံခြုံရေးဌာနများ၏ သတင်းထုတ်ပြန်ချက်များအရ ISIL (ခ) IS (ခ) ဒါအေရှ် အစွန်းရောက် အကြမ်း ဖက် ဂိုဏ်း ဝင် ၃၁ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ဒီ၃၁ယောက်ဟာ ဘဂ္ဂဒတ်မြို့ အတွင်း ၅၂ နေရာတွင် ဗုံးဖောက်ခွဲမှုများနှင့် အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့ကြတဲ့ တရားခံတွေ ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အီရတ်နိုင်ငံ၏လုံခြုံရေးဌာနမျာဒ၏ သတင်းထုတ်ပြန်ချက်များအရ ISIL (ခ) IS (ခ) ဒါအေရှ် အစွန်းရောက် အကြမ်း ဖက် ဂိုဏ်း ဝင် ၃၁ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီ၃၁ယောက်ဟာ ဘဂ္ဂဒတ်မြို့ အတွင်း ၅၂ နေရာတွင် ဗုံးဖောက်ခွဲမှုများနှင့် အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့ကြတဲ့ တရားခံတွေ ဖြစ်ပါတယ်။

အီရတ်နိုင်ငံ၏ CID ဌာန မှ မိမိဌာန ၏ လက်အောက်တွင် လှုပ်ရှားနေတဲ့ လုံခြုံရေး အဖွဲ့ (ရှဟာဗ် ဗေ စာကေဗ် ) မှ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း တစ်ဂိုဏ်းကို လက်နက်ပစ္စည်းများနဲ့ အတူ ဘဂ္ဂဒတ်မြို့ တွင်ဖမ်းချုပ် နိုင်ခဲ့ ကြောင်း ကြေငြာထုတ်ပြန် ခဲ့ပါတယ်။

ဒီ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း ဟာ ( ဝေလာယသ်သေ ဘဂ္ဂဒတ် ) ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြမ်းဖက်မှုများ လူမဆန်မှုများ ကို ပြုနေကြောင်း သိရပါတယ်။
ဒီ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း နဲ့ အတူ လက်နက် အမြောက်အများ ကိုလည်း ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ပါ တယ်။

အီရတ်နိုင်ငံ၏လုံခြုံရေးတပ်၏ အရာရှိတစ်ဦးမှ ဘဂ္ဂဒတ်မြို့ တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အကြမ်း ဖက် အစွန်းရောက်မှုများ လျော့ ဆင်းလာရခြင်းမှာ ဒီ အစွန်းရောက် အကြမ်းဖက်ဂိုဏ်းကိုဖမ်းဆီး ထိန်းသိမ်း ထားနိုင်ခြင်း ကြောင်း ဟု ပြောကြားခဲ့ပါတယ်။