အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခါနွမ် မရ်ဇီး ယေ အဖ်ခမ် အနေဖြင့် ဆော်ဒီ ဖက်မှ ယီမင် အပေါ် စတင်ကျူးကျော် တိုက်ခိုက်မှု အား ပြင်းထန်စွာ ဝေဖန် ရှုတ်ချ ပြီး ကုလသမ္မဂ ၏ ဥပဒေကို ပေါ်တင်ချိုးဖောက်တာ မည်ကြောင်း ပြောကြားခဲ့ပါတယ်။
ခါနွမ် မရ်ဇီး ယေ အဖ်ခမ် အနေဖြင့်ဆက်လက်ပြီး ဆော်ဒီ အာရေဗျ အနေဖြင့် ယီမင် နိုင်ငံကို တိုက်ခိုက် ခြင်း ဖြစ် ဒေသတစ်လျှောက်လုံး တွင် မတည်မငြိမ် ၊ မငြိမ်မသက်ဖြစ်မှု ကို ပို၍ ခိုင်အောင် လုပ်သည်နှင့်တူကြောင်း ၊အကြမ်းဖက်မှုကို အားပေးတိုးမြှင့်ပေးရာ မည်ကြောင်း ၊ဤသို့တိုက်ခိုက် မှုဖြစ် ယီမင်ပြည်တွင်း သဘောထားကွဲ လွဲမှုများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပိုမိုပြီး ရှုပ်ထွေးမှု ကို ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မှတ်ချက် ။ ။ voa သတင်း ဌာန နှင့်bbc သတင်းဌာန ၏ အထူးသဖြင့် မြန်မာပိုင်းအစီအစဉ် မီဒီယာဆိုင်ရာ လှုပ်ရှားမှုများကို သတိပြုသင့်ပါတယ်။ သူတို့ဟာ မိမိတို့ဖခင် အမေရိကန် ၊ အင်္ဂလန် နဲ့ အဆင်မပြေသည့် နိုင်ငံနဲ့ အုပ်စု တိုင်းကို အပုတ်ချ ပြီး တစ်မျိုး သူပုန်လို့ရေးသားခြင်းဖြစ် တစ်နည်း ထုတ်လွှင့်ခြင်း နဲ့ ရှီအာ စွန်နီ ပြဿနာ ကိုပိုမကြီး၊ကြီးအောင် ပြုနေကြ ခြင်းဖြစ်ပါတယ်။
ပိုမို၍ တိကျအောင်ဆိုရမည်ဆိုလျှင် သတင်းများကို ထုတ်ပြန်ရတွင် မည်သည့်နိုင်ငံ၏ သတင်းများ ကိုမဆို လိုတိုး ပိုလျော့ လုပ်ခြင်းရှိမရှိ ၊ သစ္စာ ရှိရှိ အလွဲသုံးစားမလုပ်ဘဲ သတင်းထုတ်လွှင့်ခြင်းရှိမရှိ ကို သက်ဆိုင်ရာ ဒေသများတွင်နေထိုင်နေသူများ အနေဖြင့် ၎င်းတို့၏ ထုတ်လွှင့်သည့် သတင်းများ ကိုကြားရချိန် ၊ဖတ်ရချိန်တွင် ထင်ရှားစွာ ဆုံးဖြတ်နိုင်ကြခြင်း ဖြစ်ပါတယ်။
သာဓက အားဖြင့် မွတ်စလင်မ်အမည်ခံ ၊ ခုံတုံးလုပ်အကြမ်းဖက် အစွန်းရောက်အုပ်စုများကို ၊မွတ်စ လင်မ် ခုံတုံးလုပ် အကြမ်းဖက်လို့ မသုံးဘဲ အစ္စလာမ်မစ် စစ်သွေးကြွ ဟုသုံးခြင်း ၊ပါလက်စတိုင်း၊ လက် ဘနွန် နိုင်ငံနဲ့ယီမင် နိုင်ငံတို့တွင် ပြည်သူလူထု အသိအမှတ်ပြု အဖွဲ့များ ပါလီမန် အမတ်နေရာများတွင် နေရာပိုင်ဆိုင်ထားသည့် အဖွဲ့ များကို အစ္စလာမ်မစ်စစ်သွေးကြွ၊ရှီအာသူပုန် ဟု သုံးစွဲ ပြီး အစ္စလာမ် မုန်းတီးရေးဝါဒကို ဖြန့်နေ ခြင်း ဖြစ်ပါတယ်။
==========================