အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယား နိုင်ငံတွင် သောင်းကြမ်း ပုန်ကန်နေကြသည့် ပြည်တွင်းပြည်ပ ဝဟာဘီ (ခ) သက္က်ဖီးရီး အဖွဲ့များမှ ဒမတ်စကတ်မြို့ ဟိုမေနယ်ရှိ ဒါရ်ယာ ရပ်ကွက် ရှိ ဟဇရသ် စကီနာ (စ.အ) ဗင်သေ အလီ (အ.စ) ၏ရောင်ဇာတော်ကို ဖျက်စီးလိုက်ကြောင်း ထုတ်ဖော် ကြေငြာခဲ့ပါတယ်။
ဝဟာဘီ (ခ) သက္က်ဖီးရီး အဖွဲ့များမှ ဟဇရသ် စကီနာ (စ.အ) ဗင်သေ အလီ (အ.စ) ၏ရောင်ဇာတော် ဟာ ဒါရ်ယာ ရပ်ကွက် ရှိ ရှီအာ များ ၏ ဗဟိုဌာန ဖြစ်သည့် အတွက် ရောင်ဇာ တော်အားတိုက်ခိုက်ဖျက်စီးခဲ့ကြောင်း ကြေငြာချက်ထုတ်ခဲ့ပါတယ်။
ဝဟာဘီ (ခ) သက္က်ဖီးရီး အဖွဲ့များမှ ဟဇရသ် စကီနာ (စ.အ) ဗင်သေ အလီ (အ.စ) ၏ရောင်ဇာတော် ၏ မြောက်များ စွာသော် အစိတ်အပိုင်းတွေ ကို ဖျက်စီးစော်ကားခဲ့ပြီး ဖြစ်ရာ ရောင်ဇာတော် တစ်ခုလုံးကို အစအဆုံး ဖျက်စီးစော်ကား ရှဟီးဒ် ပြုခံရမညကို စိုးရိမ်နေရပါတယ်။
ဆီးရီးယား နိုင်ငံအစိုးရ သတင်းဌာန များမှ ဤသတင်းနှင့်ပတ်သတ် ပြီးအတည်ပြု ထုတ်ပြန်ထားချက် မရှိသေးပေ။ ဆီးရီးယား စစ်တပ်နှင့်ပြည်သူ တပ် ပူပေါင်းပြီး ၂နှစ် အရင် ဟဇရသ် စကီနာ (စ.အ) ဗင်သေ အလီ (အ.စ) ၏ရောင်ဇာတော် အား ဝဟာဘီ (ခ) သက္က်ဖီးရီး အဖွဲ့များ ၏ရန်မှ အောင်မြင်စွာ ကာကွယ် နိုင်ခဲ့ပါတယ်။
ဟဇရသ် စကီနာ (စ.အ) ဗင်သေ အလီ (အ.စ) ၏ ရောင်ဇာတော် သည် ဒမတ်စကတ်မြို့ အနောက်မြောက် ဖက် အရပ်တွင်ရှိပြီး ဒမတ်စကတ်မြို့ နှင့် ၅ကီလိုမီတာ ခန့် ကွာဝေးပါတယ်။ ဟဇရသ် ဇိုင်နဗ် (စ.အ) ရောင်ဇာတော် ကဲ့သို့ မကျော်ကြားလှပါဘူး။
သမိုင်းအထောက်အထားများအရ ဤရောင်ဇာ ၏ မြေဂရံ အထောက်အထားများ ကို ဆီးရီးယား နိုင်ငံ ကိုပြင်သစ်နိုင်ငံမှ မတရားကျူးကျော် သိမ်းပိုက်ထားချိန် (၁၉၁၉ ခုနှစ် မှ ၁၉၄၅ ခုနှစ် ) တွင်ရှိနေကြောင်းကို လေ့လာ တွေ့ ရှိပါတယ်။ ဤအချက်အလက် ကို ဆီးရီးယား သာသနာ့မြေများ ၊ ဝကာဖ်ပြု အများပိုင်မြေများထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ မှတ်တမ်း အရ သိရခြင်း ဖြစ်ပါတယ်။
လွန်ခဲ့သည့် ၂၇ နှစ်ခန့်ကလည်း လမ်းများ ကိုတိုးချဲ့ ခြင်းများ ပြုလုပ်ခဲ့ရာ ရောင်ဇာတော် မြေ မလွတ်သဖြင့် ထိုခေတ်က တိုင်းမှူးမှ အကာအကွယ်ပေး စောင့်ရှောက် ခဲ့ပါတယ်။
ထိုနောက် ဇိုင်နဗ်ဘီယာနေ အီရန် နိုင်ငံသား ရှီအာ မွတ်စလင်မ် အာလင်မ်မေဒီးန် ဟွဂ်ျဂျသွလ်အစ္စလာမ် ဆရက်ဒ် အဲဟ်မဒ် ဝါဟေဒီ ၏ကြီးမှူး ဦးဆောင်မှု ကြောင့် ရောင်ဇာရှိမြေနှင့်အနီးအနားရှိ မြေများ ကို သက်ဆိုင်ရာထံမှ ဝယ်ယူခြင်း ပြန်လည်မွမ်းမံတည်ဆောက်ခြင်း ၊တိုးချဲ့ ဆောက်လုပ်ခြင်းများ ကို ပြုလုပ်နိုင်ခဲ့ပါတယ်။
မည်သူပင်ဆိုစေ ကမ္ဘာအဝန်းရှိ ရှီအာ မွတ်စလင်မ် များ ၊အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ချစ်သူများ အနေဖြင့် အစ္စလာမ် ဘာသာပတွက် အရေးပါ အရာရောက်သည် ရောင်ဇာတော်များ မဖျက်စီး ၊ မပျောက်ပျက်သွားအောင် တတ်နိုင်သည့် ဖက်မှ ခုခံကာကွယ်ရမည်မှာသမိုင်းပေး တာဝန် ဖြစ်ပါတယ
==============================================================


