၃၀ မတ် ၂၀၁၅ - ၁၃:၃၇
ဆော်ဒီ အာရေဗျနဲ့၎င်းရဲ့ မဟာမိတ်တွေ ရဲ့  ရက်စက်ကြမ်းကြုတ်မှု နဲ့ အစ္စရေး ဆိုက်ယူနစ်(ခ) ဇီယွန်ဝါဒီတို့၏  ရက်စက်ကြမ်းကြုတ်မှု တွေ မှ ဘာမျ

ဆော်ဒီအာရေဗျ မှ ယီမင် နိုင်ငံ အပေါ် ကျူးကျော်စစ်ကို စတင်ပြီး လေကြောင်း တိုက်ခိုက်မှု ပြုလာတာ ယနေ့နဲ့ ဆို ၅ရက် ရှိနေပါပြီး။ ဆော်ဒီ တိုက်လေယာဉ်များမှ မတ်လ ၂၈ရက်နေ့တွင်ယီမင်နိုင်ငံ၏ ဆွအ်ဒဟ်ပြည်နယ်ရှိ ဗကဗ်အရပ်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ၁၅ ဦး ရှဟီးဒ်ဖြစ်ပြီးအမြောက်အများ ဒဏ်ရာ ရခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန၊ အဗ်နာ


ဆော်ဒီအာရေဗျ မှ ယီမင် နိုင်ငံ အပေါ် ကျူးကျော်စစ် ကို စတင်ပြီး လေကြောင်း တိုက်ခိုက်မှု ပြုလာတာ ယနေ့နဲ့ ဆို ၅ရက် ရှိနေပါပြီး။ ဆော်ဒီ တိုက်လေယာဉ်များမှ မတ်လ ၂၈ရက်နေ့တွင်ယီမင်နိုင်ငံ၏ ဆွအ်ဒဟ်ပြည်နယ်ရှိ ဗကဗ်အရပ်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ၁၅ ဦး ရှဟီးဒ်ဖြစ်ပြီးအမြောက်အများ ဒဏ်ရာ ရခဲ့ပါတယ်။


ဆော်ဒီအာရေဗျကတော့ သူတို့ ဗုံးကြဲတိုက်တာ ယီမင် စစ်တပ်နဲ့ အန်ဆွာရွလ္လာဟ် ၏ တပ်သားတွေ ကို သာပစ်မှတ်ထား ခဲ့ ကြောင်း အခိုင်မာ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ သတင်း ဓာတ်ပုံတွေကတော့ ဆော်ဒီ အာရေဗျ ၏ ရက်စက်ကြမ်းကြုတ်မှုဟာ သာမန် ယီမင် အရပ်သားတွေ အများစု ကိုသာ ပြနေပါတယ်။
ထိုသာမန်အရပ်သားများမှာလည်း ကလေးနဲ့ အမျိုးသမီး၊ လူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်နေပါတယ်။


ဆော်ဒီအာရေဗျဘုရင် မှ ဒီ ကျူးကျော်စစ် ကို (( သိုဖန်နေကသေအ် )) စစ်ဆင်ရေးလို့ အမည်ပေးထား ပါတယ် ။ ဒီတိုက်ခိုက်မှုမှာ လက်နက်အသစ်များ ကို ထည့်သုံးတဲ့ အပြင် ယုတ်စွ အဆုံး တရားမဝင် လက်နက်များကို လည်းသုံး ထား တာတွေ့ရ ပါတယ်။ဒီအတွက် သက်သေအထောက်အထား အခိုင်အလုံ ကတော့ ရှဟီးဒ် ဖြစ်သွားတဲ့ ရုပ် အလောင်း များ ကိုကြည့်တာနဲ့ အထင်အရှား သိနိုင်ပါတယ်။


ယီမင်ရုပ်မြင်သံကြား မှပြီးခဲ့စနေနေ့ တွင် ယီမင်နိုင်ငံ အဒန်မြို့ (အေဒင်မြို့ ) ရှိ တွင်းတစ်ခုတည်းမှ လောင်းကျွမ်း နေတဲ့ အလောင်း ၉ လောင်းနဲ့ ဆက်နွယ်ပြီး ထုတ်ဖော်ဖွင့်ချခဲ့ပါတယ်။ဆက်လက်ပြီး တွင်းအတွင် ထပ်ပြီး အလောင်း ၉လောင်း ကျန်နေကြောင်း ဆက်လက် ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောင့် အလောင်းကို ထုတ်ဖော်ဖို့ ခက်နေကြောင်း ထုတ်လွှင့်ခဲ့ပါတယ်။

ယီမင်ကျန်းမာရေးဝန်းကြီး ဌာန မှပြီးခဲ့တဲ့ ၃ ရက် တာ အတွင်း ဆော်ဒီလေကြောင်း တိုက်ခိုက်မှု ကြောင့် ၇၃ ဦး ရှဟီးဒ်ဖြစ်သေဆုံးသွားပြီး ဖြစ်ကြောင်း ၁၄၆ဦး အထိ ဒဏ်ရာရသူများ ရှိနေကြောင်း ထုတ်လွှင့်ခဲ့ ပါ တယ်။ ယခု စာရင်းဟာ ဆန်နအာပြည်နယ်၊ ဟွဂ်ျဂျဟ်ပြည်နယ်နဲ့ဆွအ်ဒဟ်ပြည်နယ် စတဲ့ ပြည်နယ် ၃ခု ရဲ့ စာရင်းဘဲ ရှိပါသေး တယ်။

ဟဟ်ဂ်ျပြည်နယ်နဲ့ မာရဗ်ပြည်နယ်အပေါ် တိုက်ခိုက်ခဲ့လို့ သေဆုံးသူများနဲ့ ဒဏ်ရာရသူ များ စာရင်း မ ပါဝင် သေးကြောင်း သိရှိရပါတယ်။


ဒီလိုအခြေအနေမှာတောင် အမေရိကန်ပြည်ထောင်စု ရှိ ဆောင်ဒီ သံအမတ် အာဒေလ် အလ်ဂဗီးရ် မှ ကျွန်ုပ်တို့ ကတော့ ယီမင်အပေါ် ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ပြောခဲ့ပါတယ်။ တခြားနယ်မြေတွေ ကိုလည်းဆက် လက် တိုက် မယ်လိုထပ်ပြေပြီးဒီတိုက်ခိုက်မှုတွေဟာ မန်စူဟာဒီ(သမ္မတပြုတ်) ၏ တရားဝင် အစိုးရ အတွက် အကူ အညီပေး တဲ့အနေနဲ့ တိုက်ရကြောင်းကိုလည်း အခိုင်အမာ အနေအထားဖြင့် ပြောပါတယ်။

ဆော်ဒီရဲ့ ဒီလုပ်ရပ် ကတော့ အံ့သြစရာပါဘဲ ။မိမိမွေးတဲ့မြောက် သမ္မတပြန်ဖြစ် ဖို့ အာဏာရဖို့ အသက်ပေါင်းများစွာ ကိုသတ်ရဲ့တာ နိုင်ငံ တနိုင်ငံပိုင် အဖိုးတန် အဆောက်အဦးပေါင်းများစွာကို ဖျက်စီးရဲ့တာတွေကတော့ သမိုင်းမှာ ကျန်နေမှာပါ။ 


တဖက်မှာလည်း ဆော်ဒီဘုရင်က ရက်စက်ကြမ်းကြုတ်မှု၊ကျူးကျော်နေမှုကို မန်စူဟာဒီ(သမ္မတပြုတ်) ကို အကူအညီ ပေးနေ တာ ဖြစ်ကြောင်း မိမိတို့ရည်ရွယ်ချက်နဲ့ အညီ မန်စူဟာဒီ(သမ္မတပြုတ်) အာဏာပြန်မရ၊မခြင်း တိုက်ခိုက်မှုကို ဆက်လက်ပြု နေမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။


အခြားတဖက်မှလည်း အန်ဆွာရွလ္လာဟ်အဖွဲ့၏ အရေးကြီးတာဝန်ခံ တစ်ဦးမှ ဆော်ဒီ၏ ရက်စက်ကြမ်းကြုတ်မှုကို တုံ့ပြန် ပြောဆိုရင် - အန်ဆွာရွလ္လာဟ်အဖွဲ့ဟာ ယီမင်ပြည်သူလူထု ၏အားပေးထောက်ခံမှုနဲ့အတူဆော်ဒီနဲ့ ဆော်ဒီမဟာမိတ်များရဲ့ တိုက်ခိုက်မှုများအတွက် တိုက်တန်နဲ့ အဖြေပေးသွားမည် ဖြစ်ကြောင်းပြောကြား ခဲ့ပါ တယ်။
====================================================