အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန၊ အဗ်နာ
မကောင်းဆိုးဝါး ရှိုင်တွာန် အုပ်စု IS (ခ) ဒါအေရှ် မှထပ်ပြီး မတ်လ၂၉ ရက်နေ့ တွင် ဆီးရီးယား နိုင်ငံ ဟမာဟ် ပြည်နယ်တွင် ပြည်နယ်အား ဝေလာယသ်သေဟမာဟ် ဟုအမည် ပြောင်းပေးပြီး ဆီးရီးယားနိုင်ငံသား ရှီအာ မွတ်စလင်မ် ၈ ဦး ကို ရက်စက်ကြမ်းကြုတ် လူမဆန်စွာ ခေါင်းဖြတ် ကွပ်မျက်ခဲ့ပါတယ်။
မကောင်းဆိုးဝါး ရှိုင်တွာန် အုပ်စု IS (ခ) ဒါအေရှ် ဖက်မှဖြန့်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်စွာခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုကလစ်မှာဆိုရင် ၎င်းတို့ရဲ့ အဖွဲ့ ဝင်တစ်ဦးက ရှီအာတွေဟာ ကာဖေရ် နဲ့နဂျစ်ဖြစ်တယ်၊ဘယ်သူမဆို ဒီလူတွေကိုဖမ်းချုပ်နိုင်ရင်မလွဲမသွေဖမ်းချုပ်ပါ။ပြီးတော့ ခေါင်းဖြတ်သတ်ရမယ်လို့ပြောထားပါတယ်။
ဆက်ပြီးတော့ IS (ခ) ဒါအေရှ် အဖွဲ့ အတွေးတိုင်းဇေက်ရ် တိုင်း ဟာ အလ္လာဟ်ဟို အရှင်မြတ် သခင်ဖြစ်ကြောင်း နဲ့ သူတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ဟာ အလ္လာဟ်ကိုတမ်းတနေတယ်လို့ ( မဟုတ်မတရား) ပြောခဲ့ပါတယ်။
ဒီသက္က်ဖီးရီး အစွန်းရောက်အဖွဲ့ကနေ ကာဖေရ်နဲ့နဂျစ်ရှီအာတွေ ရဲ့ခေါင်းကို ဖြတ်ခြင်း ဟာ အလ္လာဟ် ဟို အရှင်မြတ်သခင်နဲ့ နီးကပ်မှု ကိုဖြစ်စေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
မကောင်းဆိုးဝါး ရှိုင်တွာန် အုပ်စု IS (ခ) ဒါအေရှ်အဖွဲ့ ဆီးရီးယားလက်ရှိသမ္မတ ဗရှားအဆဒ်နဲ့ လက်ဘ နွန် နိုင်ငံ ၏ တရားဝင် ပါလီမန် အဖွဲ့ဝင် ဟေစ်ဘွလ္လာဟ်အဖွဲ့ကိုလည်း ခြိမ်းခြောက်ကြိမ်း မောင်းခဲ့ ပါသေး တယ်။
မကြာမီကျွန်ုပ်တို့ဟာအလဝီများ (ဆီးရီးယားလက်ရှိသမ္မတ ဗရှားအဆဒ်နဲ့ထောက်ခဲ့သူများ) ၊ဟေစ်ဘွလ္လာဟ် အဖွဲ့ကိုလက်ခံထောက်ခံသူများ၊နောက်လိုက်များဆီရောက်မှာဖြစ်ပါတယ်။ပြီးရင်သူတို့တွေရဲ့ခေါင်းကို လည်း သူတို့ရဲ့ ခန္ဓာကိုယ်ကနေဖြတ်ပြမယ်လို့ ကြိမ်းမောင်းပြောဆိုခဲ့ပါတယ်။
မကောင်းဆိုးဝါး ရှိုင်တွာန် အုပ်စု IS (ခ) ဒါအေရှ်အဖွဲ့ ကဆက်ပြီးတော့ ပြုခဲ့သမျှ တိုက်ခိုက်လှုပ်ရှားမှုအားလုံး (လူသတ်မှု၊ရာဇဝတ်များအားလုံး) ဟာ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ဖို့ အတွက် သာလုပ်ခဲ့ တယ်လိုပြော ပါတယ်။
အခုလိုရှီအာတွေ သတ်ခြင်းဟာ အရင်က သတ်တဲ့ကိစ္စတွေ ထက်ပိုပြီးတော့ရလာဒ်များကြောင်းနဲ့ သူတို့ အဖွဲ့ ပိုပြီးအင်အားတောင့်တင်းစေကြောင်းကို ဖြစ်စေတယ်လိုပြောပါတယ်။
ဆီးရီးယားနိုင်ငံသား ရှီအာ ၈ဦးကို ဟမာဟ် ပြည်နယ်တွင်ခေါင်းဖြတ်သတ်ဖို့အမိန့်ကို သူတို့ကိုယ်တိုင် တင်ထားတဲ့ ခလီဖွာ အဘူဘကဲရ်ဘဂ္ဂဒတ်ဒီရဲ့အမိန့် နဲ့ သတ်တာဖြစ်ကြောင်းနဲ့ သူတို့ ISအဖွဲ့ဖက်က ကျထားတဲ့ သွေးစက် တိုင်း အတွက် သွေးကြွေးဆပ်ကလဲ့ စားချေရလိမ့်မယ်လို့ ပြောထားပါတယ်။
ဆက်လက်ပြီး ((ခေါင်းဖြတ်ခြင်း))ဆိုတဲ့အမည်နဲ့ ဗီဒီယိုကလစ်ကို ဖြန့်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ဆီးရီးယား နိုင်ငံသား ရှီအာ ၈ဦးကို ISအဖွဲ့မှ မိမိတို့ ဖမ်းထားသည့် ဓားစာခံများအတွက် သီးသန့်အဝတ်ဖြစ်တဲ့ လိမ္မော်ရောင်အဝတ်များ ဝတ်ဆင်ပေးထားပြီးလက်များကိုချည်ထားကာမျက်စိများကိုပိတ်ထားပြီး ISအဖွဲ့ဝင် ကလေး ၈ယောက်မှ ၎င်းဓားစာခံ ၈ဦးကို ခေါင်းဖြတ်မဲ့နေရာကိုခေါ်လာတာ တွေ့ရပါတယ်။
IS အဖွဲ့ဝင် ကလေး တစ်ယောက်ကတော့ ခေါင်း ဖြတ်မဲ့ ပါးကွက်သား လူယုတ်မာတွေလက်ထဲကို ဓားတစ်ချောင်း ဆီလိုက် ပေးပါတယ်။ IS ခေါင်းဖြတ်မဲ့ ပါးကွက်သား လူယုတ်မာတွေနဲ့ အဖွဲ့ဝင်တွေဟာ ((အလ္လာဟ်ဟိုအက္က်ဘဲရ်))ဆိုတဲ့ သန့်ပြန်တဲ့ညာသံကို အလွဲသုံးစား လုပ်သုံးပြီး ဆီးရီးယားနိုင်ငံသား ရှီအာ ၈ဦး၏ လည်တွေရက်ရက်စက်စက် လှီးဖြတ်ပြီးခေါင်းကို ခန္ဓာကိုယ်ကဖယ်ပြီးကိုင်ပြပါတယ်။
ရက်ရက်စက်စက်လူမဆန်စွာခေါင်းဖြတ်ခဲ့ရတဲ့ရှီအာ၈ဦးရဲ့သွေးတွေကို ပထမကတည်းက မြောင်း တစ်ခု လုပ်ပြီး တူး ထားတဲ့ကျင်းထဲကိုကျစေခဲ့ပါတယ်။
==========================
















