၁၂ ဧပြီ ၂၀၁၅ - ၁၈:၄၆
အမေရိကန်လွှတ်တော်အနီး လူတဦး သေကြောင်းကြံ၊ လုံခြုံရေးတင်းကျပ်

ဝါရှင်တန်မှာရှိတဲ့ အမေရိကန် လွှတ်တော် အဆောက်အဦအနားမှာ လူတဦး သေနတ်ပစ်ခတ် သေကြောင်းကြံမှု ဖြစ်ခဲ့ပြီးနာက် လုံခြုံရေး တင်းကျပ်ထားပါတယ်။ သေဆုံးသွားသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ အနီးအနားက လမ်းသွယ်တွေ အတော်များများကိုလည်း ပိတ်ထားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ


ဝါရှင်တန်မှာရှိတဲ့ အမေရိကန် လွှတ်တော် အဆောက်အဦအနားမှာ လူတဦး သေနတ်ပစ်ခတ် သေကြောင်းကြံမှု ဖြစ်ခဲ့ပြီးနာက် လုံခြုံရေး တင်းကျပ်ထားပါတယ်။

သေဆုံးသွားသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ အနီးအနားက လမ်းသွယ်တွေ အတော်များများကိုလည်း ပိတ်ထားလိုက်ပါတယ်။

ဒါပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ လက္ခဏာ မရှိဘူးလို့ အန်ဘီစီ သတင်းဌာနကို အမေရိကန် အရာရှိတဦးက ပြောပါတယ်။

နောက်ထပ် အန္တရာယ် မဖြစ်အောင် လမ်းတွေကို ပိတ်ထားတယ်လို့ လွှတ်တော်လုံခြုံရေး ရဲဌာနရဲ့ ကြေညာချက်က ဆိုပါတယ်။

သေနတ်နဲ့ သေကြောင်းကြံမှု ဖြစ်ခဲ့တာကို အတည်ပြုပေမယ့် သေဆုံးသွားသူဟာ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာကိုတော့ အတိအကျ မပြောပါဘူး။

အခင်းဖြစ်တဲ့ အချိန်မှာ လွှတ်တော် ခဏနားချိန်ဖြစ်လို့ အမတ်တွေ မရှိပါဘူး။ ဒါပေမယ့် အခုအချိန်ဟာ ၀ါရှင်တန်မှာ ချယ်ရီပန်းပွင့်ချိန်ပွဲတော် ရာသီဖြစ်လို့ အလည်အပတ်လာသူတွေနဲ့ စည်ကားနေချိန်ဖြစ်နေပါတယ်။

========================