အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မ်စ် သမ္မတ ဟွဂ်ျဂျသွလ်အစ္စလာမ် ဒေါက်တာ ဟစန် ရူဟာနီမှ ပြည်ထောင်စု အာဖဂန် နစ္စတန် သမ္မတ မိုဟမ္မဒ် အရှ်ရဖ် ဂနီ အား တရားဝင် ကြိုဆိုခဲ့ပါတယ်။
ပြည်ထောင်စု အာဖဂန်စ္စတန် သမ္မတ မိုဟမ္မဒ် အရှ်ရဖ် ဂနီ မှ ပြည်ထောင်စု အစ္စလာမ်မ်စ် သမ္မတ ဟွဂ်ျဂျသွလ် အစ္စလာမ် ဒေါက်တာ ဟစန် ရူဟာနီ ၏ တရားဝင် ဖိတ်ကြားမှု ကို လက်ခံပြီး ၂ရက်တာ တွေ့ဆုံဆွေးနွေးရန် အဆင့်မြင့်ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၁၉ ရက်နေ့ တွင် အီရန်နိုင်ငံ သို့ ဆိုက်ရောက် လာခဲ့ ပါတယ် ။
တရားဝင် လှိုက်လှဲ စွာ ကြိုဆို ခြင်း ကို အီရန်သမ္မတ မှ ဆောက်ရွက်ပြီးနောက်၊ အီရန် နိုင်ငံ ၏ နိုင်ငံတော် သီးချင်းအားငြိမ်သက်စွာ နားထောင်ခဲ့ကြပါတယ်။ ပြီးနောက် နှစ်နိုင်ငံ သမ္မတ နှင့် ဆင့်မြင့်ထိပ်တန်းကိုယ်စား လှယ်အဖွဲ့ဝင်များ အပြန်အလှန် အချင်းချင်း မိတ်ဆက် မှုများကို ပြုခဲ့ကြပါတယ် ။
လှိုက်လှဲ စွာ ကြိုဆို ခြင်း အစီအစဉ်ပြီးနောက် နှစ်နိုင်ငံ သမ္မတ နှင့် အဆင့်မြင့်ထိပ်တန်း ကိုယ်စား လှယ်အဖွဲ့ဝင်များ သည် အပြန်အလှန် ဆွေးနွေးကြသည့် အစည်းအဝေးပွဲ ကြီးကို ကျင်းပခဲ့ပါတယ်။
ပြည်ထောင်စု အာဖဂန်နစ္စတန် သမ္မတ မိုဟမ္မဒ် အရှ်ရဖ် ဂနီ နှင့်အတူ မိုဟမ္မဒ်မော်ဟကစ်က် (ဒုလက်ထောက် သမ္မတ ကိစ္စဆိုင်ရာ ဆောင်ရွက်ရေး တာဝန်ခံ )၊ ဆြလာဟြဒ္ဒီး(န)ရဗ္ဗာနီ (နိုင်ငံခြားရေးဝန်ကြီး) ၊ မိုဟမ္မဒ် ဟနီးဖ် အသ် မရ် အမျိုးသားရေးလုံခြုံရေး နှင့် သမ္မတ အတိုင်ပင်ခံ ၊ အဲက်လီးလ် ဟကီးမီး (ဘဏ္ဍာရေး ဝန်ကြီး )၊ ဒဝဒ်ရှာဒဆွဗာ (သတ္တု နှင့်ရေနံ ဝန်ကြီး )၊ ဆယက်ဒ် ဟိုစိန် အာလေမီ ဗလ်ခီး (ဒုက္ခသည်များ ဆိုင်ရာ ဝန်ကြီး ) အခြား အာဖဂန်နစ္စတန် အစိုးရ အရာရှိများ လိုက်ပါလာကြောင်း သိရပါတယ်။
------------
251





