၂၁ ဧပြီ ၂၀၁၅ - ၀၇:၃၄
 ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် စစ်သာနီ နှင့်ကုလသမ္မဂ ကိုယ်စားလှယ်တော် တွေ့ဆုံ

ကမ္ဘာ့ ကုလသမ္မဂ၏ အီရတ် နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တော် အနေဖြင့် အီရတ်နိုင်ငံ နဂျဖ်ဖေအရှရဖ် မြို့ ရှိ ကမ္ဘာ့ အကျော် အမော် ထိပ်တန်း ရှီအာ မရ်ဂျအ် တစ်ပါး ဖြစ်တဲ့ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီနှင့် တွေ့ဆုံ ခဲ့ကြောင်းသိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အီရနနိုင်ငံ အခြေစိုက် irib သတင်းဌာန နှင့်အီရတ် နိုင်ငံ အခြေစိုက် အလ်ဖိုရာသ် သတင်းဌာနတို့၏ သတင်း ထုတ်ပြန်ချက် အရ ကမ္ဘာ့ ကုလသမ္မဂ၏ အီရတ် နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တော် ယန်ကိုအီးရှ် အနေဖြင့် မနေ့က ဧပြီလ လ ၂၀ ရက်နေ့ တနင်းလာနေ့တွင် အီရတ်နိုင်ငံ နဂျဖ်ဖေ အရှရဖ် မြို့ ရှိ ကမ္ဘာ့ အကျော် အမော် ထိပ်တန်း ရှီအာ မရ်ဂျအ် တစ်ပါး ဖြစ်တဲ့ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ် မာ ဆယက်ဒ် စစ်သာနီနှင့် တွေ့ဆုံ ခဲ့ကြောင်းသိရှိ ရပါတယ်။
တွေ့ဆုံရတွင် အီရတ်နိုင်ငံ ဆိုင်ရာကိစ္စ မျိုးစုံ၊ အစွန်းရောက်အကြမ်းဖက် သူပုန်များ ၊ (IS) သူပုန်များ သိမ်းပိုက်ထားတဲ့ဒေသများကို အီရတ်တပ်မတော် နှင့် အီရတ် ပြည်တပ်မတော်တို့ ပူးပေါင်းပြီး ပြန်လည် အောင်မြင်စွာ သိမ်းယူနိုင်မှု နှင့် စပ်လျဉ်းပြီးပြောကြားခဲ့ကြပါတယ် ။
ယန်ကိုအီးရှ် မှ အာယာသွလ္လာဟ်ကြီး နှင့်တွေ့ဆုံပြီးနောက်ပိုင်း မိမိ၏ ထုတ်ပြန် အစီရင်ခံ စာတစ်ခုတွင် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ ဟာ အီရတ် နိုင်ငံ ရှိ ဖေရ်ကာ တစ်ခု (သို့ မဟုတ် ) အုပ်စု တစ်ခု ၏ ခေါင်းဆောင်မဟုတ်ဘဲ ကိုယ်ကျင့်တရား အရကော် နာမ်ပိုင်းဆိုင်ရာ အရပါ အီရတ် နိုင်ငံသားအားလုံး ၏ ခေါင်းဆောင် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်း မှ ပြောကြားပါတယ် ။ အာယာသွလ္လာဟ်ကြီး မှ အီရတ် အစိုးရနဲ့ ကမ္ဘာ့ ကုလသမ္မဂ ကို အီရတ် စစ်ပြေး ဒုက္ခသည်များ ကို အားသွန်ခွန် စိုက် အကူအညီ အထောက်အပံ့ပေးဖို့ ပြောကြားခဲ့ကြောင်း ဖြစ် ပါတယ် ။
ကမ္ဘာ့ ကုလသမ္မဂ၏ အီရတ် နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တော် အနေဖြင့်ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ အနေဖြင့် အီရတ် ရှိ အုပ်စု အားလုံးကို တစ်ညီ တစ်ညွတ်တည်းနေထိုင်ကြ ဖို့ ၊ အမျိုးသားရေး နှင့် အချုပ်အခြာ အာဏာ စိုးမိုးရေး ကို ထိန်းသိမ်း နိုင်ဖို့ အရေးကြီး ကြောင်း ကိုလည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း ဆိုထားပါတယ် ။
------------------
251