အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ယနေ့ ဧပြီလ ၂၆ ရက်နေ့ တနင်္ဂနွေ နေ့ မနက်ပိုင်း အချိန် တွင် ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် ရဲဖက် ဆိုင်ရာ ဗိုလ်များ ၊အရာရှိများ အကြီးများနှင့်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် မိမိ၏ မိန့်ခွန်း အစတွင် ကျက်သရေ မင်္ဂလာ နှင့်ပြည့်စုံ သည့် ရဂျဗ်လမြတ် ကျရောက်လာ မှု ကို မိုဘာရက် ပြောကြားပြီး ရဂျဗ်လမြတ် နှင့် ရှအ်ဗန် လမြတ် ကို အလ္လာဟ် ဟို အရှင်မြတ် သခင် နီးကပ်ဖို့ ၊မိမိကိုယ်ကိုပြုပြင် တည်းမတ်ဖို့ ၊ ရမ်ဇန်လမြတ် အတွက် မိမိကိုယ်ကို အသင့်ဖြစ်အောင် ပြုဖို့ အဖိုးတန် အခွင့်အခါ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တက်ရောက်လာသူများ အားလုံး ကို ဤလမြတ် များ ၏ ကျက်သရေ မင်္ဂလာများ မှ များသထက်များ အောင် အကျိုး အမြတ် ထုတ်နိုင်ဖို့ သတိပေး နှိုးဆော်ခဲ့ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် ပတ်ဝန်းကျင် အတွင်း တစ်ယောက်ခြင်း ပုဂ္ဂလိက အရ ဖြစ်စေ ၊ အများ အရ ဖြစ်စေ ၊ ကိုယ်ကျင့်တရား အရ ဖြစ်စေ ၊စိတ်ဓာတ်ရေးအရဖြစ်စေ လုံခြုံ စိတ်ချမှု ရှိဖို့ ရဲတပ်ဖွဲ့ ၏ အရေး အကြီးဆုံး တာဝန် ဝတ္တာရား များမှ တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ လုံခြုံ ၊ငြိမ်ဝပ် ပိပြားရေး ကို တရားမျှတမှု ကျောသားရင်သား မခွဲ ခြားမှု ၊ ရဲစွမ်းသတ္တိရှိမှု ၊မေတ္တာ တရား ၊ ကြင်နာမှုတရား တို့ နှင့် အတူ တည်ဆောက်ရမည်ဟု လည်း မိန့်ကြားခဲ့ပါတယ် ။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် ရဲတပ်ဖွဲ့ အား လုံခြုံ ၊ငြိမ်ဝပ် ပိပြားရေး ကို ပိုသထက်ပိုပြီး ကြိုးစားနေဖို့ လိုအပ်ကြောင်း တိုက်တွန်း မိန့်ကြား ခဲ့ပါတယ်။
လုံခြုံ ၊ငြိမ်ဝပ် ပိပြားရေး ကို နှုတ်ဖြင့်သက်သက် (သို့မဟုတ်) ညာသံ သက်သက်အထိ မဟုတ်ဘဲ လက်တွေ့ ရှိကြောင်း ကို ပြည်သူလူထု ခံစားနိုင်ရန်တည်ဆောက်ဖို့ မိန့်ဆို ခဲ့ပါတယ်။ ဆက်လက်ပြီး ကျနော် တို့ဟာ အနောက်တိုင်း နှင့် အမေရိကန် ပြီးနောက် ဟော်လီဝုဒ် ရဲတပ်ဖွဲ့များပမာ အင်အား နှင့်အာဏာ တပ်မက် သူများ မဟုတ်ကြောင်း (အင်အားနှင့် အာဏာကို အလွဲသုံးစားပြု အနိုင်ကျင့်သူများမဟုတ်ကြောင်း ) တိုက်တွန်းမိန့် မှာခဲ့ပါတယ်။ အင်အား နှင့်အာဏာ ကို သုံးသည့် အသွင်ဆောင်လာမည်ဆိုလျင် လုံခြုံ ၊ငြိမ်ဝပ် ပိပြားရေး မဖြစ်တော်ဘဲ မလုံမခြုံ ၊ မတည်မငြိမ် ၊ မငြိမ်ဝပ် မပိပြားမှုသာ အားကောင်းလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ မှ အမေရိကန် ရဲများ၏ လက်ရှိ အသားမဲ (ကပ္ပလီ) လူမျိုးများ နှင့် ဆက် ဆံနေပုံ ကို ရက်စက် ကြမ်းကြုတ်မှု အသွင် ဆောင်နေကြာင်း မိန့်ခဲ့ပါတယ်။တကယ်တော့လက်ရှိ အမေရိကန် နိုင်ငံ သမ္မတ ဟာလည်း အသားမဲ (ကပ္ပလီ) မျိုးနွယ်ဝင် တစ်ဦး ဖြစ်နေတာတောင် ရဲများ အနေဖြင့် အသားမဲ (ကပ္ပလီ) လူမျိုးများကိုဆိုးဆိုး ရွားရွား ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ နေကြောင်း ပြောကြားခဲ့ပါတယ်။ အသားမဲ (ကပ္ပလီ) လူမျိုးများကို နှိမ်ချတဲ့ အကြည့်တွေ နဲ့ ကြည့်နေပြီး ၊အမေရိကန် ရဲတွေရဲ့ ဒီလို ရက်စက် ကြမ်းကြုတ်တဲ့ ဆက်ဆံရေး တွေကြောင့် မတည်ငြိမ်မှု ၊မလုံခြုံမှုကို ပိုပို ဖြစ်လာစေတဲ့ အကြောင်း တရားတွေ ဖြစ်နေကြောင်း မိန့် ကြားခဲ့ပါတယ် ။
----------------------
251 / End








