အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြီးခဲ့သည့် ဒီဇင်ဘာ က စတင်စိုက်ပျိုးခဲ့သော ရေသွင်း စိုက်ကြက်သွန်များပေါ်လာပြီဖြစ်
သော်လည်း ဈေးမကောင်းသော ကြောင့် ကြက်သွန်နီစိုက်တောင် သူအများစု ထုတ်မရောင်းသေးဘဲ
လှောင်ထားကြကြောင်း အောင်လံမြို့နယ်မှ ကြက်သွန်နီစိုက်တောင်သူများက ပြောကြားသည်။
‘‘ပြည်ပွဲရုံတွေကတစ်ပိဿာ ၅၀၀ ကျပ်လောက်နဲ့ ၀ယ်တာ။ ကားခနဲ့ဆို မကိုက်ဘူး။ ဒီက
အ ၀ယ်သမားတွေကလည်း မ၀ယ် သေးဘူး’’ဟု အောင်လံမြို့နယ် မိုးကောင်းကျေးရွာနေ
ကြက်သွန် စိုက်တောင်သူ ဦးသိန်းဇော်က ပြောကြားသည်။
ပွဲရုံသို့ သယ်ပို့စရိတ်၊ ရိတ် သိမ်းစရိတ်နှင့် အထွေထွေကုန် ကျစရိတ် ကြီးမြင့်မှုများရှိနေပြီး
ကြက်သွန်(အလုံးလှ၊ အလုံးသန့်) မှာ တစ်ပိဿာကျပ် ၅၀၀ခန့်သာ ဈေးရှိသောကြောင့်
ထုတ်မရောင်းသေးကြောင်း ရွှေညောင်ပင်ကျေးရွာနေ တောင်သူဦးတင့်က ပြောသည်။
ရေသွင်းစရိတ်၊ မျိုးဖိုးနှင့် အ သုံးပြုစိုက်ပျိုးဆေးဝါးဈေးနှုန်း များ ကြီးမြင့်မှုများကြောင့်
စိုက် ပျိုးစရိတ် မြင့်မားခဲ့ပြီး တစ်ပိဿာ လျှင် ကျပ် ၇၀၀ ခန့်ဈေးရရှိမှသာ အဆင်ပြေမည်ဖြစ်ကြောင်း
တောင်သူများကဆိုသည်။
ပြီးခဲ့သည့်ရက်များက မြစ် ရေတက်မည်ကို စိုးရိမ်သဖြင့် ရက်မပြည့်သေးဘဲ တူးဖော်ခဲ့ သည့်
ကြက်သွန်များနှင့် အချိန် စော စိုက်ခဲ့သော ရေသွင်းစိုက် ကြက်သွန်များသည် ပွဲရုံများ၊ ကြက်သွန်
ဝယ်လက်ကြီးများထံ သို့ အ၀င်များခဲ့သောကြောင့် ကြက်သွန်ဈေးနှုန်း ကျဆင်းလာ
ခြင်းဖြစ်ကြောင်း အောင်လံကြက် သွန်ကုန်သည်တစ်ဦးက ပြော သည်။
======================
251 / End