၂၂ မတ် ၂၀၁၆ - ၁၉:၀၁
 ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့

မိုးခေါင်ရေရှားမှုများနှင့် ကြုံတွေ့နေရသည့် ဆိုမာလီနိုင်ငံအား ယူအေအီးနိုင်ငံက အရေးပေါ်အကူအညီများကို သင်္ဘောဖြင့် ယခုတစ်ပတ်အတွင်း ပေးပို့ခဲ့သည်ဟု သိရသည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မိုးခေါင်ရေရှားမှုများနှင့် ကြုံတွေ့နေရသည့် ဆိုမာလီနိုင်ငံအား ယူအေအီးနိုင်ငံက အရေးပေါ်အကူအညီများကို သင်္ဘောဖြင့် ယခုတစ်ပတ်အတွင်း ပေးပို့ခဲ့သည်ဟု သိရသည်။

Sheikh Khalifa Bin Zayed Al-Nahyan ဖောင်ဒေးရှင်းက ဦးဆောင်ကာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး စားနပ်ရိက္ခာ တန်ချိန် ၁၀၆၀ တန် ပါဝင်သည်။ ထိုအစားအသောက်များကို မိုးခေါင်ရေရှားမှုဒဏ် အခံရဆုံး ပြည်နယ် ၃ ခုမှ ပြည်သူများကို ဝေငှသွားမည်ဖြစ်သည်။

ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့၏ ထောက်ပံ့မှုကို မိသားစုပေါင်း ၈၀၀၀ အား ဖြန့်ဖြူးသွားမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ကြီးကြပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ စားနပ်ရိက္ခာများတွင် ဆန်၊ သကြား၊ ဂျုံ၊ စွန်ပလွန်သီး၊ နို့မှုန့် စသည်တို့ ပါဝင်သည်ဟု သိရသည်။

အာဖရိကတိုက်ရှိ နိုင်ငံတစ်ချို့တွင် မိုးခေါင်ရေရှားမှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး နိုင်ငံတကာမှ အကူအညီများကိုလည်း ပေးပို့နေကြသည်။

Ref: IINA

====================================================

251 / End