အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အား ကူညီပံ့ပိုးရာတွင် အစိုးရ တောင်းဆိုသည့်လိုအပ်ချက်များကိုသာ ဆောင်ရွက်ပေးနေကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးကပြောကြားသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာလက်ကာဘူတိုဂလူ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၃ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်း ပွဲပြုလုပ်ရာတွင် တူရကီနိုင်ငံခြား ရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့က တခြား နိုင်ငံတွေနဲ့ ကွာခြားမှုအနေနဲ့ပြည်ထောင်စုအစိုးရနဲ့ ဒေသအစိုးရရဲ့ လိုအပ်ချက်တွေကိုတင်ပြတောင်းဆိုတာကိုပဲ လုပ်ပေးတာပါ။ ကျွန်တော်တို့က ဘာလုပ်ရမယ်ဆိုပြီး တောင်းဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ဒေသအာဏာပိုင်တွေက သူတို့ဆီမှာ ဘာလိုသလဲဆိုတာ သူတို့ကပိုသိလို့ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုနဲ့ ဒေသခံအစိုးရတွေနဲ့ပေါင်းပြီးတော့ အကူအညီပေးတဲ့ အလုပ်တွေ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်’’ ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
စစ်တွေမြို့ အင်ဘာလာ မွတ်စလင်ရပ်ကွက်နှင့် ကယ်ဆယ်ရေးစခန်းအချို့၌ တူရကီနိုင်ငံက ဆောင်ရွက်နေသည့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများက မကြာသေးမီက ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။
‘‘အရင်ဆုံး ဒေါ်အောင်ဆန်း စုကြည်ကို ရခိုင်ပြဿနာဖြေရှင်း ဖို့ ကြိုးပမ်းအားထုတ်မှုတွေ အ တွက် အထူးကျေးဇူးတင်ပါတယ်။ ရခိုင်ပြည်မှာရှိတဲ့ အစ္စလာမ်ဘာ သာဝင်လူမျိုးစုတွေနဲ့ နိုင်ငံသား ရရှိရေးအတွက် ဆောင်ရွက်နေတဲ့ ကိစ္စအတွက်လည်း ကျေးဇူးတင် ပါတယ်’’ဟု တူရကီနိုင်ငံခြားရေး ၀န်ကြီးကပြောသည်။
ရခိုင်ပြည်နယ်ရှိမြို့နယ်သုံး ခုတွင် လူဦးရေစာရင်းကောက်ခံ ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ ပြီး နိုင်ငံသားစိစစ်မှုခံယူရန် သက် သေခံကတ် (NVC) များကို လူဦး ရေနှစ်ရာကျော်အား ထုတ်ပေး ထားပြီးဖြစ်သည်။ တူရကီနိုင်ငံခြား ရေးဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ကွဲ ပြားခြားနားမှုများသည် နိုင်ငံကြွယ်ဝမှုကို ပြသနေခြင်းဖြစ်ကြောင်းဆိုသည်။
တူရကီနိုင်ငံခြားရေးဝန်ကြီး သည် ရခိုင်ပြည်နယ်သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
===================
251 / End
ရခိုင်ပြည်နယ်အား ကူညီပံ့ပိုးရာတွင် အစိုးရ တောင်းဆိုသည့်လိုအပ်ချက်များကိုသာ ဆောင်ရွက်ပေးနေကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးကပြောကြားသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာလက်ကာဘူတိုဂလူ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၃ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်း ပွဲပြုလုပ်ရာတွင် တူရကီနိုင်ငံခြား ရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့က တခြား နိုင်ငံတွေနဲ့ ကွာခြားမှုအနေနဲ့ပြည်ထောင်စုအစိုးရနဲ့ ဒေသအစိုးရရဲ့ လိုအပ်ချက်တွေကိုတင်ပြတောင်းဆိုတာကိုပဲ လုပ်ပေးတာပါ။ ကျွန်တော်တို့က ဘာလုပ်ရမယ်ဆိုပြီး တောင်းဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ဒေသအာဏာပိုင်တွေက သူတို့ဆီမှာ ဘာလိုသလဲဆိုတာ သူတို့ကပိုသိလို့ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုနဲ့ ဒေသခံအစိုးရတွေနဲ့ပေါင်းပြီးတော့ အကူအညီပေးတဲ့ အလုပ်တွေ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်’’ ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။