၁၈ ဇူလိုင် ၂၀၁၆ - ၁၉:၀၆
ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်ပြတိုက်သို့ သွားရောက်ကြည့်ရှု

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အာဇာနည်နေ့တွင် အများ ပြည်သူကြည့်ရှုလေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်ထားမည့် ရန်ကုန် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ဇူလိုင် ၁၇ ရက် နံနက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အာဇာနည်နေ့တွင် အများ ပြည်သူကြည့်ရှုလေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်ထားမည့် ရန်ကုန် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ဇူလိုင် ၁၇ ရက် နံနက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 ဗိုလ်ချုပ်စာဖတ်နေဟန် ဆီ လီကွန်ရုပ်တု၊ ဗိုလ်ချုပ်အသုံးပြုခဲ့ သည့် မော်တော်ယာဉ်၊ ဗိုလ်ချုပ် အိပ်သည့်ခုတင်၊ ဗိုလ်ချုပ်ဝတ် ဆင်ခဲ့သည့် အ၀တ်အထည်များ ကို လှည့်လည်ကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်၏ သမီး ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်၏ ရှားပါးဓာတ်ပုံများပြသထားမှုကိုလည်း ကြည့်ရှုခဲ့သည်။

ဖခင်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူဆီလီကွန်ရုပ်တုကို အနီးကပ်ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ−MOI)



ဗိုလ်ချုပ်အောင်ဆန်း၏ နေ အိမ်ကို ပြတိုက်ပြုလုပ်ထားသော အဆိုပါအဆောက်အအုံသည် ဒေါ်အောင်ဆန်းစုကြည်၏ ငယ် ဘ၀စတင်ရာနေရာလည်း ဖြစ် သည်။ ၁၉၄၅ တွင် မွေးဖွားသော ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၅၃ ၌ (တာဝါလိန်းလမ်း)နေအိမ်မှ လက်ရှိနေထိုင်လျက်ရှိသည့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်သည် သူငယ်စဉ်ဘ၀ဖြတ်သန်းခဲ့ရာ သမိုင်းဝင်နေရာကို နိုင်ငံတော်အကြီး အကဲတစ်ဦးအနေ ဖြင့် သွားရောက်ခြင်းလည်း ဖြစ် သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အာဇာနည်နေ့တွင် အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် အခမဲ့ ဖွင့်လှစ်ထားမည် ဖြစ်သည်။

 ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသော ပန်းချီဦးမာလာ၏ ခေတ်စုံ အလှစုံပန်းချီပြပွဲသို့လည်း ကြည့်ရှုအားပေးခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုပြည် ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဝန် ကြီးချုပ်တို့လည်း လိုက်ပါခဲ့သည်။