အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စင်ကာပူအိမ်ရှင် သား အမိနှစ်ဦး၏ နှိပ်စက်ညှဉ်းပန်းမှု ကြောင့် အသက်သေဆုံးခဲ့သော မြန်မာအိမ်အကူအမျိုးသမီး၏ အ လောင်းကို သြဂုတ် ၁၃ ရက်တွင်ရန်ကုန်မြို့သို့ သယ်ဆောင်လာခဲ့ သည်။
အသက် (၂၄)နှစ်အရွယ်ရှိ ဇိုမီးတိုင်းရင်းသူ ပြန်ငိုက်ဒွန့် (Paing Ngiah Don)၏ အလောင်းကို ဇူလိုင် ၂၆ ရက် နံနက်တွင် စင်ကာပူရဲတပ်ဖွဲ့က ၎င်းအလုပ် လုပ်သော နေအိမ်၌ပင် တွေ့ရှိခဲ့ သည်။
အိမ်ရှင်အမျိုးသမီးနှစ်ဦး က ကိုယ်ထိလက်ရောက်နှိပ်စက် ညှဉ်းပန်းရင်း သေဆုံးခဲ့ခြင်းဖြစ် ကာ ထိုအမျိုးသမီးနှစ်ဦးကို ဇူလိုင် ၂၇ ရက်တွင် စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထို့အပြင် အိမ်ရှင်၏သမက် ကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေ သည်။
အသတ်ခံခဲ့ရသော ပြန်ငိုက် ဒွန့်၏ ရုပ်အလောင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည် သယ် ဆောင်လာခဲ့ပြီး ကလေးမြို့အထိ ဆက်လက်သယ်ဆောင်မည်ဖြစ် ကြောင်း ချင်းယူနိုက်တက် ဒုတိယဥက္ကဋ္ဌ ကိုခက်က ပြောကြား သည်။
‘‘စင်ကာပူသံရုံးဘက်က လည်း ကူညီတယ်။ အားလုံးအ ဆင်ပြေပြေနဲ့ ရောက်လာခဲ့တယ်။ ဒါပေမဲ့ သေဆုံးသူရဲ့ အလေးချိန် က ၄၄ ပေါင်ပဲရှိတော့ မသေဆုံး ခင်မှာ အစာရေစာဖြတ်ထားပြီး အငတ်ထားတဲ့ပုံစံပဲ။ အဲဒါကို တော့ ရင်နာတယ်’’ဟု ကိုခက်က ပြောသည်။
ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်လာချိန်တွင် ရန်ကုန် လေဆိပ်သို့ ချင်းတိုင်းရင်းသားအ များအပြား လာရောက်ကြိုဆိုခဲ့ပြီး ‘‘စင်ကာပူနိုင်ငံတွင် မြန်မာအိမ် ဖော်အမျိုးသမီးများအား နှိပ်စက် ခြင်းနှင့် သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်ပါ’’ဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားသော ဗီနိုင်းစာသားကို ကိုင် ဆောင်ထားကြသည်။
ပြန်ငိုက်ဒွန့်တွင် သမီးငယ် တစ်ဦးရှိပြီး စင်ကာပူမိသားစုနေ အိမ်၌ အလုပ်လုပ်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သည်
===================
251 / End