၁၈ ဩဂုတ် ၂၀၁၆ - ၁၈:၀၂
ရေဘေးသင့် စိန်တိုင်ကျေးရွာတွင် လေဆင်နှာမောင်းကြောင့် နေအိမ် ၂၆ လုံး ပျက်စီး၊ ခြောက်ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး သာ ယာဝတီခရိုင် မိုးညိုမြို့နယ် စံ ပယ်မြောင်အုပ်စု စိန်တိုင်ကျေးရွာ တွင် လေဆင်နှာမောင်းတိုက်ခတ် ခြင်းကြောင့် နေအိမ် ၂၆လုံး ပြိုကျပြီး လူခြောက်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ သြဂုတ် ၁၆ရက် ည ၉နာရီ ခန့်က နေအိမ် ၈၀ ကျော်ရှိသည့် စိန်တိုင်ကျေးရွာတွင် လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်ခဲ့ ကြောင်း စံပယ်မြောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပဲခူးတိုင်းဒေသကြီး သာ ယာဝတီခရိုင် မိုးညိုမြို့နယ် စံ ပယ်မြောင်အုပ်စု စိန်တိုင်ကျေးရွာ တွင် လေဆင်နှာမောင်းတိုက်ခတ် ခြင်းကြောင့် နေအိမ် ၂၆လုံး ပြိုကျပြီး လူခြောက်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

သြဂုတ် ၁၆ရက် ည ၉နာရီ ခန့်က နေအိမ် ၈၀ ကျော်ရှိသည့် စိန်တိုင်ကျေးရွာတွင် လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်ခဲ့ ကြောင်း စံပယ်မြောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက  ပြောသည်။

 ‘‘လေဆင် နှာမောင်းတိုက် ခတ်သလိုမျိုးပါ။ လေပြင်းတိုက် ချိန်က ၁၅မိနစ်လောက်တော့ ကြာမယ်။ သွပ်ရှတာတို့၊ သစ် သားတိုင်နဲ့ ရိုက်မိတာမျိုးကြောင့် ဒဏ်ရာရရှိသွားတာခြောက်ဦး လောက်ရှိတယ်။ ဆေးရုံတက် ရောက်ကုသနေပါတယ်။ နေအိမ်  ၂၆အိမ်ပြိုကျပျက်စီးသွားတယ်။ အိမ်ကြီးအိမ်ကောင်းတွေများပါ တယ်။ လတ်တလောပြန်လည် တည်ဆောက်ဖို့ကတော့ မလွယ် ဘူး’’ဟု ဦးနိုင်ဝင်းကပြောသည်။

 လေဆင်နှာမောင်း တိုက်ခတ်ခံရသည့် စိန်တိုင်ကျေးရွာ သည် ပြီးခဲ့သော ဇူလိုင်မှစတင် ကာ  ဧရာဝတီမြစ်ရေမြင့်တက်လာ မှုကြောင့် ရေကြီးရေလျှံမှုခံစားခဲ့ ရသည့် ဒေသလည်းဖြစ်သည်။ ယခုအခါ ဧရာဝတီမြစ်ရေ ပြန် လည်ကျဆင်းခဲ့သော်လည်း လေဆင်နှာမောင်း တိုက်ခတ်ခံရမှု ကြောင့် လူဦးရေတစ်ရာခန့်နေ ထိုင်ရေးဒုက္ခရောက်နေပြီး နီးစပ် ရာဆွေမျိုးသားချင်းနေအိမ်များ တွင် ယာယီနေထိုင်နေကြကြောင်း ဒေသခံများကပြောသည်။

 ‘‘ရေကျသွားပေမယ့် ဒူးခေါင်းလောက်အထိ ရှိနေသေး တယ်။ ကြက်ခြေနီ၊ မီးသတ်တွေ နဲ့ တာဝန်ရှိသူတွေလာပေးကြတဲ့ တာလပတ်အမိုးတွေနဲ့ ယာယီ တည်ဆောက်ပြီးနေကြရတယ်။ တချို့လည်း အိမ်ပြန်ဆောက်ဖို့ လုပ်နေကြသလို တချို့ကျတော့ လည်း နီးစပ်ရာဆွေမျိုးတွေအိမ် တက်နေကြတယ်။ အိမ်တွေက အကုန်လုံးပြိုကျပျက်စီးသလို  ရေ ထဲလည်း မျောကုန်တာရှိတယ်’’ ဟု စိန်တိုင်ကျေးရွာဒေသခံတစ်ဦး ကပြောသည်။

‘‘လတ်တလောစားသောက် ရေးအတွက် ဆန်၊ ဆီ၊ ရေစတဲ့ အထောက်အပံ့တွေ ပေးထားတယ်။ ယာယီတည်ဆောက် နေနိုင်ဖို့ အထောက်အပံ့ ပစ္စည်းတွေကို မြို့နယ်အုပ်ချုပ်ရေးပိုင်းကနေ အထောက်အပံ့ပေးပြီး သက်ဆိုင် တဲ့ဌာနဆိုင်ရာတွေက ကူညီပေး နေပါတယ်။ နေအိမ်တွေ ပြန် လည်တည်ဆောက်ဖို့အတွက်က တော့ အတော်လေးဒုက္ခရောက် ခက်ခဲမှုရှိနေမှာပါ’’ဟု မိုးညိုမြို့ နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးဝင်းက ပြောသည်။

--------------------------------
251/End