၄ စက်တင်ဘာ ၂၀၁၆ - ၁၅:၀၆
ပြဿနာများကို သတ္တိရှိရှိ လက်တွဲရင်ဆိုင်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပင်လုံညီလာခံတွင် အစုအဖွဲ့အသီးသီးက သဘောထားအမြင်များကို ပွင့်လင်းစွာတင်ပြခြင်းနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်းနှင့် ပြဿနာများကို သတ္တိရှိရှိ လက်တွဲရင်ဆိုင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပင်လုံညီလာခံတွင် အစုအဖွဲ့အသီးသီးက သဘောထားအမြင်များကို ပွင့်လင်းစွာတင်ပြခြင်းနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်းနှင့် ပြဿနာများကို သတ္တိရှိရှိ လက်တွဲရင်ဆိုင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ပထမအစည်းအဝေးကို နေပြည်တော်တွင် သြဂုတ် ၃၁ ရက်ကစ၍ လေးရက်ကြာပြုလုပ်ခဲ့သည်။

ပထမအကြိမ် အစည်းအဝေးနောက်ဆုံးနေ့ဖြစ်သော စက်တင်ဘာ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်များအပါအ၀င် ကိုယ်စားလှယ် အချို့၏ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထား အမြင်များ ပွင့်လင်းစွာတင်ပြမှုအပေါ် စိုးရိမ်စရာမရှိဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

‘‘အခုပြောသွားတဲ့အထဲမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတို့ တိုက်ခိုက်တာတို့ ပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ဒီလို ဖြစ်တာဟာ ဘာမှကြောက်စရာ မရှိဘူး။ ကျွန်မက ယုံကြည်ပါ တယ်။ စိုးရိမ်စရာ မရှိပါဘူး။ ပြဿနာကိုစိုးရိမ်စရာမရှိပါဘူး။ ပြဿနာမရှိချင်ဟန်ဆောင်နေရ တာသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာမရှိကြ ဟန်ဆောင်နေ ရင် ပြဿနာတွေကို ကျွန်မတို့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါ ကြောင့်မို့ သတ္တိရှိရှိနဲ့ ပြဿနာ တွေကို ကျွန်မတို့ရင်ဆိုင်မယ်။ ဖြေရှင်းနိုင်တဲ့အရည်အချင်းတွေ  ကို ကျွန်မတို့မွေးထုတ်မယ်။ ကျွန် မတို့အတူလက်တွဲပြီးတော့ တစ် ဦးကိုတစ်ဦး ကူညီမယ်၊ ဖေးမ မယ်။ တစ်ဦးရဲ့အမြင်ကိုတစ်ဦး က လေးစားမယ်။ နားထောင် မယ်။ သဘောချင်းမတိုက်ဆိုင်ရင် တောင်မှ ဘာကြောင့်မတိုက်ဆိုင် တဲ့ သဘောရှိနေသလဲဆိုတာကို စဉ်းစားရမယ်။ ဒါမှကျွန်မတို့အား လုံးဟာ ညီညီညွတ်ညွတ်နဲ့ဆက် ပြီးတော့ လိုချင်တဲ့ငြိမ်းချမ်းရေး ပန်းတိုင်ကို အရောက်သွားနိုင်မှာ ဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်လက်၍ ‘‘ကျွန်မ တို့ညီလာခံကြီးဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါ တယ်။ ဖြစ်စဉ်တစ်ခုဆိုတာ အ စဉ်တစိုက် လုပ်နေရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီညီ လာခံ ခန်းမထဲမှာ ရောက်နေမှ သာ ငြိမ်းချမ်းရေးအကြောင်းကို စဉ်းစားရမှာ မဟုတ်ပါဘူး။ အ စည်းအဝေးတွေ ကျင်းပနေတဲ့အ ချိန်မှသာ ငြိမ်းချမ်းရေးအကြောင်း စဉ်းစားနေဖို့ မဟုတ်ပါဘူး။ တစ် ချိန်လုံး ငြိမ်းချမ်းရေးကို ဘယ်လိုရ အောင်ယူကြမလဲ၊ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်ခံ့အောင်၊ ချမ်းသာအောင်လို့ ဘယ်လိုကျွန်မ တို့ လုပ်ကြမယ်ဆိုတာကိုအစဉ် တစိုက် စဉ်းစားနေရမယ့်ကိစ္စဖြစ် ပါတယ်’’ဟု ၎င်းကပြောသည်။

‘‘အခု ကျွန်မတို့ဒီညီလာခံအ တွင်းမှာ တစ်ခါတလေလည်း အ ထစ်အငေါ့တွေဖြစ်တယ်။ မပီ ပြင်တဲ့ကိစ္စလေးတွေလည်း ရှိပါ လိမ့်မယ်။ ဒါပေမဲ့ ဒီညီလာခံ ဖြစ် မြောက်အောင်လို့ လုပ်ပေးတဲ့ ပုဂ္ဂိုလ်အားလုံးကို ကျွန်မလှိုက် လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံအစည်းအဝေး မ ကျင်းပမီ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများနှင့်အရပ်ဘက် လူမှုအဖွဲ့အစည်း Forum များကို ကျင်းပနိုင်ရန် ယခုအစည်းအဝေး အပြီးတွင် စတင်ပြင်ဆင်ရမည် ဖြစ်ကြောင်း ပြောသည်။

‘‘ဒီလိုငြိမ်းချမ်းရေးရဖို့ဆိုတာ ကလည်း အင်မတန်မှ ခက်ခဲတဲ့ ကိစ္စ။ တခြားနိုင်ငံတွေဟာလည်း ဒီလိုပဲ အခက်အခဲတွေကျော်လွှား ပြီး ငြိမ်းချမ်းရေးရအောင် ယူခဲ့ပါ တယ်။ အဲဒီလိုယူခဲ့တဲ့အချိန်မှာ ဆိုရင် မုဒိတာပွားကြတယ်။ စိတ် ချမ်းသာကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူသားချင်းအနေနဲ့ လူ သားတွေထဲမှာဆိုရင် အချင်းချင်း ဆက်နွှယ်မှုဆိုတာ ရှိနေတာပဲ။ တစ်နေရာမှာ ငြိမ်းချမ်းရေးရသွား ပြီဆိုရင် ကျွန်မတို့နိုင်ငံအနေနဲ့ မျှော်လင့်ချက်ရသလို ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးအောင်မြင်ပြီ ဆိုရင် တခြားနိုင်ငံတွေအတွက် လည်း မျှော်လင့်ချက်ပေးရာ ရောက်ပါတယ်။ ဒါကြောင့်ကျွန်မ တို့အားလုံး ကိုယ့်ရဲ့ တာဝန်ဘယ် လောက်ကြီးမားတယ်။ ဒီတာဝန် ကို ကျေကျေပွန်ပွန်ထမ်းဆောင် နိုင်ဖို့ အခွင့်အရေးဟာ ဘယ် လောက်ဂုဏ်သိက္ခာရှိတယ်ဆို တာကို မေ့လို့မဖြစ်ပါဘူး။ အခုဆို ရင် ဒီညီလာခံဟာ ကျွန်မတို့ရဲ့ ပထမအစည်းအဝေးဖြစ်ပါတယ်။ ပထမအစည်းအဝေးပြီးရင် နောင် လည်း အစည်းအဝေးတွေလာဦး မှာပါ။ အစည်းအဝေးကြားထဲမှာ လည်း လုပ်စရာတွေက အများ ကြီးရှိပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲများလုပ်ဖို့ဆိုတာလက် ရှိဒီညီလာခံပြီးတာနဲ့၊ ဒီအစည်း အဝေးပြီးတာနဲ့ စတင်ပြီးတော့ပြင် ဆင်ရတော့မှာ ဖြစ်ပါတယ်။ နောက် ပြီးတော့ CSO Forum တွေ ဖြစ်မြောက်ဖို့အတွက်လည်း စတင်ပြီးတော့ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ လုပ်စရာအလုပ်တွေ အများကြီးပါ။ ဒါပေမဲ့ လုပ်ရကျိုး နပ်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်တော့ ကျွန်မတို့လုပ်နေ တာဟာ ကျွန်မတို့နိုင်ငံရဲ့ အနာ ဂတ်အတွက် လုပ်နေတာဖြစ်ပါ တယ်။ နိုင်ငံရဲ့အနာဂတ်ဆိုတာ အင်မတန်မှ ကြာရှည်တဲ့ ကာလ ကြီးပါ။ နိုင်ငံရဲ့အနာဂတ်မှာ ဒီ နိုင်ငံရဲ့အရိပ်ကို ခိုလှုံသွားကြမယ့် ပြည်သူများလည်း မရေမတွက်နိုင် အောင်ရှိလာပါလိမ့်မယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်ကဆိုသည်။

ညီလာခံသို့ အစိုးရ၊ လွှတ် တော်၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသားကိုယ်စား လှယ်၊ ပါဝင်သင့် ပါဝင်ထိုက်သူ များ အစုအဖွဲ့တို့မှ ၇၅၀ ဦးတက် ရောက်ခဲ့သည်။

လေးရက်တာအစည်းအဝေး အတွင်း အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ၇၂ ဦးက သဘောထားအမြင်များကို စာ တမ်းများ ဖတ်ကြားတင်ပြခဲ့သည်။

ဒုတိယအကြိမ်ပင်လုံအစည်း ကို နောင်ခြောက်လအကြာတွင် ထပ်မံကျင်းပမည်ဖြစ်သည်။

===================
251 / End