အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်ပြည်နယ် မဲသဝေါဒေသရှိကျေးရွာတွေကနေ မြိုင်ကြီးငူအထူးဒေသသို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေတဲ့ တိုင်းရင်းသား မိသားစု ၆၀၀ ကျော်၊ လူဦးရေ ၃၈၀၀ ကျော်ကို အစိုးရက စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေပေးအပ်ခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ လူမှုကွန်ရက် သတင်းမှာဖော်ပြပါတယ်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ်(ကယ်ဆယ်ရေး)နဲ့အဖွဲ့တွေက တိုင်းရင်းသား မိသားစု ၆၆၅ စု၊ လူဦးရေ ၃၈၁၃ ဦးကို သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ဆန် ၁၈၀ အိပ်၊ ဆီ ၂၇၂ ပိဿ ၊ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ တာပေါ်လင်စတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေကို လည်း လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မဲသဝေါဒေသ ဝါးဘိုးတောင် ကျုံထော်ရေတံခွန်စခန်းတို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက တပ်မတော်၊ ကရင်ပြည်နယ်နားခြားစောင့်တပ်ဖွဲ့နဲ့ ဒီကေဘီအေ (ခွဲထွက်) တပ်ဖွဲ့တွေ အကြား တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် မြိုင်ကြီးငူဒေသ တ၀ိုက်ကျေးရွာတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေ ရောက်ရှိနေတာဖြစ်ပါတယ်။
===================
251 / End
၁၃ စက်တင်ဘာ ၂၀၁၆ - ၁၆:၁၆
News ID: 778816