၁၃ စက်တင်ဘာ ၂၀၁၆ - ၁၈:၀၈
လက်ရွေးစင်ကစားသမား၂ ဦးကို ဥရောပလေ့ကျင့်ခရီးစဉ်မပြီးခင်ပြန်ပို့

ဂျာမနီနိုင်ငံမှာသွားရောက် ခြေစမ်းလေ့ကျင့်နေတဲ့ မြန်မာ့ပဏာမ လက်ရွေးစင်အသင်းကနေ တိုက်စစ်မှူးကျော်ကိုကိုနဲ့ ကွင်းလယ်ကစားသမား သီဟဇော်တို့ ၂ ဦးကို ရန်ကုန်မြို့ဆီ ပြန်လည်စေလွှတ်ပို့ဆောင်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျာမနီနိုင်ငံမှာသွားရောက် ခြေစမ်းလေ့ကျင့်နေတဲ့ မြန်မာ့ပဏာမ လက်ရွေးစင်အသင်းကနေ တိုက်စစ်မှူးကျော်ကိုကိုနဲ့ ကွင်းလယ်ကစားသမား သီဟဇော်တို့ ၂ ဦးကို ရန်ကုန်မြို့ဆီ ပြန်လည်စေလွှတ်ပို့ဆောင်လိုက်ပါတယ်။

ကျော်ကိုကိုနဲ့သီဟဇော် တို့နှစ်ဦးကို အသင်းကနေ ပြန်လည်စေလွှတ်တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဘက်ကသတင်း ထုတ်ပြန်ခြင်းမရှိသေးဘဲ ကစာသမား ၂၅ ဦးကနေ ၂၃ ဦး လျော့ချတယ်လို့ပဲ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ကစားသမား ၂ ဦးအနေနဲ့ ဥရောပလေ့ကျင့်ရေးခရီးစဉ်ပြီးဆုံးတဲ့ အချိန်အထိ လက်ရွေးစင်အသင်းနှင့် အတူလေ့ကျင့်နိုင်ပြီး ဆက်လက်လေ့ကျင့်လိုတဲ့ ဆန္ဒမရှိပါကလည်း ရန်ကုန်မြို့ဆီပြန်နိုင်ကြောင်း မေးမြန်းခဲ့ပြီး ကစားသမားတွေဘက်က ပြန်မယ်လို့ပြောတဲ့အတွက် ပြန်လည်စေလွှတ်ခဲ့တာဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးကျော်ကိုကို ကတော့ နည်းပြက ဘာအကြောင်းမှမရှိဘဲ ပြန်လည်စေလွှတ်ခဲ့တာဖြစ်တယ်လို့ ဖေ့ဘွတ်ခ်စာမျက်နှာကနေပြောပါတယ်။

”ခြေစမ်းပွဲတွေမှာ ကျနော် ကစားတာညံ့လို့ပါ။ သူ(နည်းပြချုပ်) ကစားခိုင်းတဲ့ပွဲတွေမှာ ကျနော် ဘာမှ မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျနော့်ကို ပြန်လွှတ်တာလို့ ထင်ပါတယ်။ တခြား ဘာအကြောင်းမှ မရှိဘဲ ဘာမှမပြောဘဲ ၂၃ ယောက်စာရင်းကနေ ဖျက်လိုက်တာလို့သိရတယ်” လို့ ကျော်ကိုကိုကပြောပါတယ်။

မြန်မာနည်းပြအနေနဲ့ ကျော်ကိုကိုနဲ့သီဟဇော်တို့ကို အသင်းကနေပြန်လွှတ်လိုက်တာဟာ ခြေစမ်းပွဲကစားမယ့်နေ့မှာ Gym ကစားခဲ့တာကြောင့်ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပဏာမ မြန်မာ့ လက်ရွေးစင်အသင်းဟာ ဂျာမနီနိုင်ငံ ဒုစ်ဘက်မြို့မှာ ရောက်ရှိလေ့ကျင့်နေတာ သီတင်း နှစ်ပတ်ကျော်ကြာသွားပြီဖြစ်ပြီး ဥရောပ ကလပ်အသင်းငယ်တွေနဲ့ ခြေစမ်းပွဲ ၄ ပွဲကစားရာမှာ တပွဲနိုင်၊ နှစ်ပွဲသရေ၊ တပွဲရှုံးထားပါတယ်။

==================
251/End