အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စင်ကာပူနိုင်ငံရှိ စီးပွား ရေးကုမ္ပဏီ ၃၀ ကျော်သည် မန္တလေးတိုင်းရှိ စီးပွားရေးလုပ်ငန်း များနှင့် လက်တွဲကာလုပ်ငန်းများ ဆောင်ရွက်ရန် စက်တင်ဘာ ၁၅ ရက်က မန္တလေးမြို့ ဆီဒိုးနားဟို တယ်၌ ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ဆုံဆွေး နွေးခဲ့သည်။
‘‘စင်ကာပူဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံ သူဖြစ်ပါတယ်။ ဒီနှစ် ဒီဇင်ဘာမှာ နှစ်နိုင်ငံအကြားအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးဖို့ သဘော တူ ထားသလို အပေါင်းလက္ခဏာပြ နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ ဖြိုးမှုအခြေအနေတွေကြောင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွေလုပ်သွားဖို့ စိတ်ဝင်စား မှု မြင့်တက်နေပါတယ်’’ဟု စင်ကာပူစီးပွားရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr.Teo Siong Song က ပြော ကြားသည်။
ဆွေးနွေးပွဲတွင်လုပ်ငန်း ပေါင်း ၄၀ ကျော်မှ ဟိုတယ်နှင့် ခရီးသွား၊ဘဏ်နှင့် ငွေကြေး၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၀န်ဆောင်မှု၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ပို့ကုန်သွင်းကုန်၊ အီလက်ထရွန်နစ်ထုတ် ကုန်၊ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အသေးစားငွေကြေးလုပ်ငန်းစသည့် လုပ်ငန်းများအပါအ၀င် စီးပွားရေးလုပ်ငန်းကဏ္ဍပေါင်း ၁၅ ခုအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ သည်။
‘‘စင်ကာပူက စီးပွားရေးလုပ် ငန်းရှင်တွေ မန္တလေးကို လာမိတ် ဆက်တာ နည်းနည်းလောက်ပဲ ရှိ ပါသေးတယ်။ အခုလို လုပ်ငန်း တွေ အများကြီးတစ်ခါတည်းလာ တာဆိုရင်တော့ ပထမဆုံးပဲ။ သူ တို့က ဆွေးနွေးပွဲဆိုတာမျိုးထက် ပြည်တွင်းက လုပ်ငန်းရှင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ကဏ္ဍအလိုက် ဆွေးနွေးမှုတွေ ပြုလုပ်တာဖြစ်ပါ တယ်’’ဟု မန္တလေးတိုင်းကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဒုဥက္ကဋ္ဌဦးဝင်းဌေးက ပြောသည်။
မန္တလေးတိုင်း၌ တရားဝင်မှတ်ပုံတင်ထားသည့် အသေးစား၊အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းပေါင်း ၇,၀၀၀ ခန့်ရှိပြီး အဆိုပါ ဆွေးနွေးပွဲတွင် ပြည်တွင်းမှ လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့၍ စင်ကာပူမှ လုပ်ငန်းရှင်ပေါင်း ၃၀ ကျော်တက်ရောက်ကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
==================
251/End
၁၆ စက်တင်ဘာ ၂၀၁၆ - ၁၆:၄၂
News ID: 779484
စင်ကာပူနိုင်ငံရှိ စီးပွား ရေးကုမ္ပဏီ ၃၀ ကျော်သည် မန္တလေးတိုင်းရှိ စီးပွားရေးလုပ်ငန်း များနှင့် လက်တွဲကာလုပ်ငန်းများ ဆောင်ရွက်ရန် စက်တင်ဘာ ၁၅ ရက်က မန္တလေးမြို့ ဆီဒိုးနားဟို တယ်၌ ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ဆုံဆွေး နွေးခဲ့သည်။