အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကျူးကျော်နေထိုင်သူများအနေဖြင့် မြေကွက်နှင့်အခန်း အလကားရရှိမည်မဟုတ်ဘဲ အလုပ်လုပ်နေသူများအတွက်သာ နေစရာဖန်တီးပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်များရှိ ကျူးကျော်နေထိုင်သူများအား စာရင်းကောက်ယူနေမှုအခြေအနေကို ယနေ့(စက်တင်ဘာ ၁၇ရက်) တွင် ဝန်ကြီးချုပ်က ပထမဆုံးအကြိမ် ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်ဒဂုံတွင် မူလကျူးစာရင်းထက် ပိုများနေသည့် အခြေအနေအပေါ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အလုပ်လုပ်နေမှသာ ကျူးဘဝမှ လွတ်မြောက်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖန်တီးပေးမည်ဟု ဝန်ကြီးချုပ်ကဆိုသည်။
==================
251/End
၁၇ စက်တင်ဘာ ၂၀၁၆ - ၁၈:၅၇
News ID: 779747
ကျူးကျော်နေထိုင်သူများအနေဖြင့် မြေကွက်နှင့်အခန်း အလကားရရှိမည်မဟုတ်ဘဲ အလုပ်လုပ်နေသူများအတွက်သာ နေစရာဖန်တီးပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။