၁၇ စက်တင်ဘာ ၂၀၁၆ - ၁၉:၂၉
ဒေါ်အောင်ဆန်းစုကြည်၏ တန်ဖိုးအရှိဆုံး တစ်နယ်သား နိုင်ငံရေး မဟာမိတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ကန်လွှတ်တော်အမတ်များ၊ မစ်ခ်ျမက်ကော်နဲလ်တို့တွေ့ဆုံစဉ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မြန်မာ့ဒီမိုကရေစီ လှုပ်ရှား မှု၏ အထင်ကရ သင်္ကေတနှင့် လက်ရှိ မြန်မာအစိုးရအဖွဲ့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည် ယခုသီတင်းပတ်အ တွင်း အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင် တန်ခရီးစဉ်ကို ရင်းနှီးပြီးသား မျက်နှာသိနိုင်ငံရေးသမား တစ်ဦး ကလည်း တက်ကြွစွာ စောင့်ကြို နေသည်။ လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နဲလ်သည် ဒေါ် အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများကို ဆယ်စုနှစ်များ စွာ စောင့်ကြည့်ကူညီခဲ့သူ ဖြစ် သည်။

ကင်တက်ကီမှ ရီပက်ဘ လေကန် အမတ်တစ်ဦးဖြစ်သူ မက်ကော်နဲလ်သည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီဖြစ်ထွန်းအောင်မြင် ရေးကဏ္ဍတွင် အဝေးတစ်နေရာမှ ဆယ်စုနှစ် သုံးခုကြာ ကူညီလှုပ် ရှားခဲ့သူတစ်ဦးဟု ဆိုနိုင်သည်။ ‘‘ကျွန်တော့်ဘဝမှာ ဘယ်ကိစ္စကို မှ အခုလောက် စိတ်ရောကိုယ်ပါ အချိန်အကြာကြီး အားထုတ်တာ မျိုး မရှိခဲ့ဖူးဘူး’’ ဟုပင် ၎င်းက မှတ်ချက်ပေးခဲ့ဖူးသည်။

မက်ကော်နဲလ်သည် ယခင် မြန်မာစစ်အစိုးရအပေါ် အမေရိ ကန်က အရေးယူပိတ်ဆို့မှုများ ပြု လုပ်ပြီး ဒီမိုကရေစီဖော်ဆောင်ရေး တွန်းအားပေးနိုင်ရန် လူမြင်ကွင်း နောက်ကွယ်မှ တိတ်တဆိတ်နှင့် မမောနိုင်မပန်းနိုင် စည်းရုံးဆော် ဩခဲ့သူ တစ်ဦးဖြစ်သည်။ ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေ ရစဉ် အတောအတွင်းမှာပင် နိုင်ငံ ပြင်ပသို့ လျှို့ဝှက်စာတစ်စောင် ပေးပို့ပြီး ၎င်း၏အားထုတ်မှုများ အတွက် ကျေးဇူးတင်ရှိကြောင်း မက်ကော်နဲလ်ထံ ဆက်သွယ် ပြောကြားခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နှစ်ပေါင်း များစွာ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခံရမှုကို စိတ်ဓာတ်ကြံ့ခိုင် စွာကျော်ဖြတ်ခဲ့ရာ မက်ကော်နဲလ် အတွက် အထင်တကြီး လေးစားမှု မျိုး ဖြစ်ပေါ်စေခဲ့သည်။ ထို အတောအတွင်း ဒေါ်အောင်ဆန်း စုကြည်၏ခင်ပွန်းသည် ကွယ်လွန် သွားသည့်တိုင် ဒေါ်အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံကို စွန့်ခွာရန် ငြင်းဆန်ခဲ့သည်မှာ လေးစားစရာ ဖြစ်ကြောင်း နိုင်ငံရေးအသိုက်အ ဝန်းတွင် ထင်ရှားသည့် လွှတ် တော်အမတ်က ဆိုသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် က မဟတ္တမဂန္ဒီလို ငြိမ်းချမ်းရေး သင်္ကေတတစ်ခုအဖြစ် ရပ်တည် နိုင်တဲ့ လမ်းကြောင်းမျိုးရွေးချယ် ခွင့် ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအစား သူက မာဂရက်သက်ချာရဲ့ လမ်း ကို ရွေးခဲ့တယ်။ နိုင်ငံရဲ့အမှောင် ခေတ်မျိုးမှာ သူ့ရဲ့တာဝန်ကို မ ရှောင်လွှဲဘဲ လက်ခံယူခဲ့တယ်’’ဟု မက်ကော်နဲလ်က မကြာသေးမီ က အင်တာဗျူးတစ်ခုတွင် ဒေါ် အောင်ဆန်းစုကြည်အား ချီးကျူး ခဲ့သည်။

မက်ကော်နဲလ်သည် မြန်မာ့ အရေးကို ၁၉၈၀ ပြည့်လွန်နှစ်များ နှင့် ၁၉၉၀ အစောပိုင်းနှစ်များတွင် ပထမဆုံးအကြိမ် စိတ်ဝင်စားလာ သည်။ ထိုစဉ်က မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံသား အများစု ကြားပင် မကြားဖူးသေးချေ။ မြန်မာနိုင်ငံတွင် စစ်တပ်က ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ အာဏာကိုသိမ်းပိုက်ထား ခဲ့ရာ ‘‘အဲဒီတုန်းကဆိုဘာကြောင့် ဒီလို လုပ်တယ်ဆိုတာမျိုးက အကြောင်းရင်းမသိတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လေ’’ ဟု မက်ကော် နဲလ်၏ ကာလရှည်ကြာ နိုင်ငံရေး  အကြံပေးအဖြစ် ဆောင်ရွက်ဖူး သူ ရိုဘင်းကလိဗ်လန်းက ပြော ကြားခဲ့သည်။
==================
251/End