အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၉ ခု လာရောက် ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းတွင် စက်တင်ဘာ ၁၈ ရက်က ဖော်ပြသည်။
သီလဝါ ဇုန်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၈၃၈ ဒဿမ ၃ သန်း ရှိသွားပြီဖြစ်သည်။ စင်ကာပူကုမ္ပဏီများက အများဆုံးဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၇၂ ဒဿမ ၁၄၇ ဒေါ်လာ ရင်းနှီးမြုပ်နှံမှု ရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ စီမံခန့်ခွဲမှုဦးစီးဌာနအရ သိရသည်။
ရန်ကုန်မြို့ပြင် အကျယ် ဟတ်တာ ၂၄၀၀ ဟတ်တာရှိသည် သီလဝါဇုန်သည် မြန်မာနိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များ၌ ပထမဆုံးဇုန်ဖြစ်ကာ အခြားအထူးစီးပွားရေးဇုန်နှစ်ရပ်ဖြစ်သော ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်များကိုလည်း တည်ဆောက်လျက်ရှိသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်က မြန်မာနှင့် ဂျပန် သဘောတူညီမှု တစ်ရပ်ဖြင့် သီလဝါ အထူးစီးပွားရေး ဇုန်မှ ဇုန်-၁ ကို ၂၀၁၅ အောက်တိုဘာ ၂၃ ရက်တွင် စတင် အကောင်အထည် ဖော်ခဲ့ပြီး ဇုန်-၂ ၏ အပိုင်းတစ် တည်ဆောက်ရေးကို ၂၀၁၆ နိုဝင်ဘာတွင် စတင်နိုင်မည် ခန့်မှန်းထားသည်။
ဇုန်-၁ နှင့် ဇုန်-၂ နှစ်ရပ်စလုံး ပြီးစီးချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန်၌ ကုမ္ပဏီစက်ရုံပေါင်း ၁၅၀ ကျော် ရှိမည်ဖြစ်ကာ အလုပ်အကိုင်ပေါင်း ၄၀၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဇုန်တာဝန်ရှိသူများက ပြောသည်။
သီလဝါ အထူးစီးပွားရေး ဇုန်အား မြန်မာဖက်က ကုမ္ပဏီ အဖွဲ့အစည်းနှစ်ရပ်နှင့် ဂျပန်ဖက်က ကုမ္ပဏီ အဖွဲ့အစည်းနှစ်ရပ်ဖြင့် ဖက်စပ် လုပ်ကိုင်မှုအဖြစ် အချိုးကျ ရှယ်ယာ ၅၁ နှင့် ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မှုဖြင့် မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးမှု ကုမ္ပဏီက ၂၀၁၃ ခုနှစ်က စတင်၍ ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
==================
251/End
၁၈ စက်တင်ဘာ ၂၀၁၆ - ၁၈:၃၂
News ID: 779938
သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၉ ခု လာရောက် ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းတွင် စက်တင်ဘာ ၁၈ ရက်က ဖော်ပြသည်။ သီလဝါ ဇုန်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၈၃၈ ဒဿမ ၃ သန်း ရှိသွားပြီဖြစ်သည်။ စင်ကာပူကုမ္ပဏီများက အများဆုံးဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၇၂ ဒဿမ ၁၄၇ ဒေါ်လာ ရင်းနှီးမြုပ်နှံမှု ရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ စီမံခန့်ခွဲမှုဦးစီးဌာနအရ သိရသည်။