၁၈ စက်တင်ဘာ ၂၀၁၆ - ၁၉:၂၉
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တန့်ဆည်မြို့နယ်ရှိ အိမ်ထောင်စု ၁၅၀ ခန့် ရွှေ့ပြောင်း

မိုးသည်းထန်စွာ ရွာသွန်း ခဲ့သဖြင့် ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်မြို့နယ်များတွင် ချောင်းရေလျှံတက်ခဲ့ကာ တန့်ဆည်မြို့ နယ်ရှိ အိမ်ထောင်စု ၁၅၀ ခန့် ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မိုးသည်းထန်စွာ ရွာသွန်း ခဲ့သဖြင့် ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်မြို့နယ်များတွင် ချောင်းရေလျှံတက်ခဲ့ကာ တန့်ဆည်မြို့ နယ်ရှိ အိမ်ထောင်စု ၁၅၀ ခန့် ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

ကန့်ဘလူ၊ ကျွန်းလှနှင့် တန့် ဆည်မြို့နယ်တို့တွင် စက်တင်ဘာ၁၇ ရက် နံနက်က မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် ချောင်းရေ များလျှံတက်ကာ လမ်းအချို့ ရေကျော်ခြင်း၊ ချောင်းကူးတံတား တစ်စင်း ရေတိုက်စား၍ ပျက်စီး ခြင်းနှင့် တန့်ဆည်မြို့နယ် ကျေး ရွာ ခုနစ်ရွာအတွင်းသို့ ချောင်းရေ ဝင်ရောက်၍ အိမ်ထောင်စုအချို့ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

‘‘တန့်ဆည်မြို့နယ်အတွင်း က ချောင်းရေက ဒီနေ့(စက်တင် ဘာ ၁၈ ရက်)မှာ ပြန်ကျနေပါပြီ။ မနေ့(စက်တင်ဘာ ၁၇ ရက်)နေ့ လယ် ၂ နာရီလောက်က စပြီး ချောင်းရေများလာလို့ စီတုံးလုံး ချောင်းဘေးက ရွာတွေမှာနေတဲ့ အနိမ့်ပိုင်းက လူတွေ ရေလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်။ ညနေပိုင်း နဘတ်ကြီးကျေးရွာ လူမှုကူညီ ရေးအသင်းက ထမင်းထုပ်တွေ ဝေပေးခဲ့တယ်’’ဟု တန့်ဆည်မြို့ နယ် နဘတ်ကြီးကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

‘‘ကန့်ဘလူမြို့နယ်အတွင်း သိမ်ရင်းချောင်းနဲ့ လိတ္တုချောင်းက မိုးသည်းသည်းရွာရင် လမ်းပေါ် ရေကျော်လေ့ရှိပါတယ်။ ကျွန်းလှ မြို့နယ်မှာ အင်လှနဲ့ ကျွဲတဲရွာ ကြားက ချောင်းကူးတံတားတစ် စင်း ချောင်းရေတိုက်စားပြီး ပျက် စီးသွားတာ ဒီနေ့(စက်တင်ဘာ ၁၈ ရက်)မှာ ကျေးလက်ဦးစီးက ပြန်ပြင်နေပါပြီ’’ဟု စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

 ကန့်ဘလူမြို့နယ်အတွင်း မိုးသည်းထန်စွာ  ရွာသွန်းခြင်း ကြောင့် ဘိုတဲကုန်းကျေးရွာအနီး သိမ်ရင်းချောင်းရေမြင့်တက်ခဲ့သ ဖြင့် ထန်းကုန်း-ရွှေဘိုသွား မူး ဘောင် ကားလမ်းတွင် လမ်းမ ထက် နှစ်ပေခန့် ချောင်းရေကျော် ခဲ့သည်။ အလားတူ ကန့်ဘလူမြို့ နယ် လိတ္တုကျေးရွာနှင့် ကိုင်းတောကျေးရွာအကြား လိတ္တုချောင်းရေ မြင့်တက်ခဲ့သဖြင့်  ကန့်ဘလူ -ကျွန်းလှကားလမ်းပေါ်တွင် ရေအ နက် တစ်ပေခွဲခန့် ရေကျော်ခဲ့၍ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ခြင်း မရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကျွန်းလှမြို့နယ် အင်လှနှင့် ကျွဲတဲကျေးရွာတို့အကြား ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်ပေ ၂၀၀ ခန့် ချောင်းကူးတံတား ချဉ်းကပ်လမ်းအား ချောင်းရေ တိုက်စားခဲ့သဖြင့် ပျက်စီးသွားခဲ့ သောကြောင့် မြို့နယ်ကျေးလက် ဦးစီးဌာနမှ ပျက်စီးသွားသော တံတားချဉ်းကပ်လမ်းအား ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

==================
251/End