၂၅ စက်တင်ဘာ ၂၀၁၆ - ၁၉:၁၈
ရှမ်းပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များတိုးလာမှု ပြည်နယ်လွှတ်တော်၌ မေးမြန်း

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုက်ပွဲများဆက် လက် ဖြစ်ပွားနေသဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေသည့် ဒေသခံများ မြင့်တက်လျက် ရှိနေခြင်းနှင့်ပတ်သက်၍ သီပေါမဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစန်းစန်းအေးက ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်  တိုက်ပွဲများဆက် လက် ဖြစ်ပွားနေသဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေသည့် ဒေသခံများ မြင့်တက်လျက် ရှိနေခြင်းနှင့်ပတ်သက်၍ သီပေါမဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစန်းစန်းအေးက ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းခဲ့သည်။

စစ်ပွဲများရပ်တန့်ရန် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်း ပစဉ်က အဆိုတင်သွင်းအတည် ပြုပြီးဖြစ်သော်လည်း အဆိုတင် သွင်းပြီး နှစ်လကျော်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ စစ်ရှောင်ပြည်သူများ   များပြားလာခြင်းအပေါ် မေးမြန်းခဲ့ခြင်း ဖြစ် သည်။

ပြည်နယ်အစိုးရအဖွဲ့က စစ်ပွဲများရပ်တန့်ရန် မည်သို့ စီမံထား သည်ကို သိရှိလိုကြောင်းနှင့် တွေ့ဆုံညှိနှိုင်းမှုများကို မည်သည့်ကာ လတွင် အကောင်အထည်ဖော်နိုင် မည်ကို သိရှိလိုကြောင်း ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ တတိယပုံမှန်အစည်းဝေး စတုတ္ထနေ့ဖြစ်သည့် စက်တင်ဘာ ၂၂ ရက်တွင် နန်းစန်းစန်းအေးက ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းခဲ့ခြင်းဖြစ်သည်။

‘‘လွှတ်တော် ဒုပုံမှန်အစည်း အဝေးကတည်းက စစ်ပွဲရပ်တန့် ရေးအဆိုကို အတည်ပြုပြီးဖြစ်ပါ တယ်။ ဒါပေမဲ့လည်း ရှမ်းပြည် နယ်မြောက်ပိုင်းဒေသမှာ စစ်ပွဲ တွေ ဆက်ဖြစ်နေတာကြောင့် စစ် ဘေးဒုက္ခသည်တွေ နေရပ်မပြန် နိုင်ဘဲ တိုးတိုးလာနေပါတယ်’’ဟု နန်းစန်းစန်းအေးက ပြောသည်။

စစ်ပွဲများကြောင့် ရှမ်းပြည် နယ်မြောက်ပိုင်းဒေသရှိ တန့် ယန်း၊ ဟိုပုံး၊ ကျောက်မဲ၊ ဟိုက်ပါ ဒေသတို့တွင် စစ်ဘေးရှောင် ပြည်သူ ၃,၀၀၀ ကျော်အထိ မြင့်တက်နေကြောင်း နန်းစန်းစန်းအေးက ဆိုသည်။

သီပေါမဲဆန္ဒနယ်အမှတ်(၁) မှ နန်းစန်းစန်းအေး၏မေးခွန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်က အပစ် အခတ်ရပ်စဲရေးလက်မှတ်မထိုး ထားသည့် အဖွဲ့များနှင့် ပြည်နယ် အစိုးရအဖွဲ့တို့တွေ့ဆုံ၍ ညှိနှိုင်း ဆောင်ရွက်ရန်မှာ အဟန့်အတား ရှိနေပြီး ပြည်ထောင်စုအဆင့်မှ သာလျှင် ဆောင်ရွက်နိုင်မည်ဖြစ် သည်ဟု ပြန်လည် ဖြေကြားခဲ့ သည်။

‘‘ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီးတော့ ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွားတဲ့ အရေးကိစ္စကို ရှမ်းပြည်နယ်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိရ မယ်၊ ရှမ်းပြည်နယ်လွှတ်တော်က ပြောရေးဆိုခွင့်အဆင့်ရှိရမယ်ဆို တာ ဖြစ်စေချင်တယ်’’ဟု နန်းစန်း စန်းအေးက ပြောသည်။

==================
251/End