၂၉ စက်တင်ဘာ ၂၀၁၆ - ၂၀:၁၂
အောင်လံတွင် သက်တမ်းကုန်ဆုံးရက်မပါသည့် စားသောက်ကုန်အချို့ ထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း ထုတ် လုပ်သောဒေသထွက် ကိတ်မုန့်၊ ပေါင်မုန့်များတွင် သက်တမ်းကုန် ဆုံးရက် ဖော်ပြထားခြင်းမရှိသည် ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း ထုတ် လုပ်သောဒေသထွက် ကိတ်မုန့်၊ ပေါင်မုန့်များတွင် သက်တမ်းကုန် ဆုံးရက် ဖော်ပြထားခြင်းမရှိသည် ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၇ ရက်က မကွေးတိုင်း စားသုံးသူရေးရာဦးစီး ဌာန တိုင်းဦးစီးမှူး အောင်လံမြို့ နယ် တာဝန်ခံနှင့် ဌာနဆိုင်ရာအ ချို့ ပါဝင်သောအဖွဲ့သည် အောင် လံမြို့ပေါ် အထက်တန်းကျောင်း များနှင့် ကုန်စုံဆိုင်များတွင် စား သုံးသူ အသိပညာပေးခြင်းနှင့် တားမြစ်ထားသော အစားအစာ များ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ရာတွင် သက်တမ်းကုန်ဆုံးရက် ဖော်ပြမထားသော ပေါင်မုန့်၊ ကိတ်မုန့်အချို့ ထပ်မံတွေ့ရှိခဲ့ ကြောင်း မြို့နယ်တာဝန်ခံ ဦးကျော်မျိုးမင်းက ပြောကြားသည်။

‘‘အရင်တစ်ခေါက်က စစ် ဆေးခဲ့တုန်းကလိုပဲ မုန့်တိုက်ကြီး တစ်ခုက ထုတ်လုပ်တဲ့ စား သောက်ကုန်တချို့မှာ သက်တမ်း ကုန်ဆုံးရက် ဖော်ပြမထားတာ တွေ့ရတယ်။ သူတို့ကတော့ ရိုက် နှိပ်တဲ့စက်မှာထားပါတယ် ပြော ပါတယ်။ ဒုတိယအကြိမ်မြောက် စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပေမယ့် သတိပေးတာပဲ ဆောင်ရွက်ခဲ့ပါ တယ်’’ဟု အောင်လံမြို့နယ် စား သုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးကျော်မျိုးမင်းက ပြော သည်။သက်တမ်းကုန်ဆုံးရက် ဖော်ပြထားခြင်းမရှိသည်ကို တတိယ အကြိမ် ထပ်မံစစ်ဆေးတွေ့ရပါ က ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံ တင်ပြမည် ဖြစ်ပြီး ယင်းအဖွဲ့၏ စစ်ဆေးအ ရေးယူမှု ခံရမည်ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။

စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဦးစီးမှူးအပါအဝင် ယင်းအဖွဲ့သည် အောင်လံမြို့ပေါ် ရှိ အထက (၃)ကျောင်း၊ အထက (၁)ကျောင်းများတွင် စားသုံးသူ ရေးရာအသိပညာပေး ဟောပြော ပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းအတွင်းရှိ မုန့်ဈေးဆိုင်များကိုလည်း စစ်ဆေးခဲ့သည်။

==================
251/End