၁၆ စက်တင်ဘာ ၂၀၂၅ - ၁၇:၃၉
အီရန် သမ္မတ သည် နိုင်ငံအသီးသီး မှ နိုင်ငံ့ခေါင်းဆောင်များ နှင့် တွေ့ဆုံကာ ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် မွတ်စလင်မ် စည်းလုံးညီညွတ်ရေးကို အလေးပေးပြော

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ကာတာနိုင်ငံ ၏ မြို့တော် ဒိုဟာရှိ အခြားနိုင်ငံများ၏ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ပြီး ဇီယွန်ဝါဒီများ၏ ရန်လိုမှုကို ရပ်တန့်ရန် အစ္စလမ္မစ်နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်ရေးကို အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ဒိုဟာတွင် ကျင်းပသည့် OIC နှင့် အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေး အပြင် တွင် အိမ်ရှင် နိုင်ငံ ကာတာ  နှင့်  အခြားနိုင်ငံများ ၏ အကြီးအကဲများ နှင့်  သီးခြားတွေ့ဆုံခဲ့ပြီး ဒေသတွင်း နောက်ဆုံးတိုးတက်မှုများကို ဆွေးနွေးခဲ့ပါတယ်။

အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အစ္စလာမ် နိုင်ငံများ ကြား စည်းလုံးညီညွတ်မှု နှင့် တစ်စည်းတစ်လုံးတည်း ရှိ မှုကို အားကောင်း စေရေးဟာ ဇီယွန်ဝါဒီအစိုးရရဲ့ ထပ်ခါတလဲလဲ ရာဇ၀တ်မှုတွေနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ အလေးပေး ပြောကြား ခဲ့ပါ တယ်။

ကာတာ ဘုရင် ရှိက်ခ် သမီးမ် ဘင်န် ဟမ်ဒ် ဘင်န် ခလီဖဟ် အာလေ့ စာနီ နှင့် တွေ့ဆုံရာတွင် အီရန်သမ္မတ က မိမိတို့ အနေဖြင့် ဒိုဟာအား ဇီယွန်ဝါဒီအစိုးရ၏ ပြင်းထန်သောတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကာတာနှင့် ဟားမတ်စ်တို့အတွက် စည်းလုံးညီညွတ်မှုနှင့် အပြည့်အဝ ထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။

အီရန်သမ္မတ ဒေါက်တာ ဘေဇစ်ရှ် ဂီယန်း က မိမိနှင့် ရာထူးတူ အီဂျစ်သမ္မတ အဗ်ဒွလ်ဖသာဟ် အလ်စီစီ နှင့် တွေ့ဆုံ စကားပြော ကြားစဥ်  အီဂျစ် နိုင်ငံ ၏ ဆက်ဆံရေးသည် ဒေသတွင်း အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး အစ္စလာမ် နိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည် ဇီယွန်ဝါဒီရာဇ၀တ်မှုများကို တားဆီးရန် အခိုင်မာဆုံး နည်းလမ်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် နဲ့ စကား ပြောရာ မှာ အစ္စလာမ် နိုင်ငံများ စည်းလုံးညီညွတ်ရင် ဇီယွန်ဝါဒီအစိုးရဟာ ဘယ်နိုင်ငံကိုမှ ရန်စဖို့ သတ္တိရှိ မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha