၂ အောက်တိုဘာ ၂၀၁၆ - ၁၇:၁၇
ရဲတပ်ဖွဲ့သည် ပြည်သူကို အဆင့်အတန်းမခွဲဘဲ ကာကွယ်ရန်လိုအပ်ဟု မကွေးဝန်ကြီးချုပ်ပြော

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာ၌ ရဲတပ်ဖွဲ့အနေ ဖြင့် ပြည်သူလူထုအပေါ် အဆင့်အတန်းမခွဲခြားဘဲ တန်းတူညီမျှ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာအောင် မိုးညိုက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာ၌ ရဲတပ်ဖွဲ့အနေ ဖြင့် ပြည်သူလူထုအပေါ် အဆင့်အတန်းမခွဲခြားဘဲ တန်းတူညီမျှ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာအောင် မိုးညိုက ပြောကြားသည်။

အောက်တိုဘာ ၁ ရက်က မကွေးမြို့တော်ခန်းမ၌ ပြုလုပ် သည့် (၅၂)နှစ်မြောက် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား တွင် ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တရားဥပဒေအရ အရေး ယူဆောင်ရွက်မှုတွေပြုလုပ်တဲ့နေ ရာမှာ နိုင်ငံသားအားလုံးကို အ သားအရောင်၊ လိင်၊ အမျိုး၊ ဘာ သာစကား၊ ဘာသာရေးခံယူချက်၊ ပိုင်ဆိုင်မှု၊ မျိုးရိုး စတဲ့အဆင့်အ တန်းအမျိုးအစားအလိုက် ခွဲခြားမှု မရှိဘဲ တန်းတူညီမျှကာကွယ် စောင့်ရှောက်ဖို့လိုပါတယ်’’ဟု ၀န်ကြီးချုပ်က ပြောသည်။

ထို့အပြင် ရဲလုပ်ငန်းများကို ထင်သာမြင်သာရှိအောင် ဆောင် ရွက်ရန် လိုအပ်သလို လူထုအတွက် ရဲတပ်ဖွဲ့ဝန်ဆောင်မှုများ ထူထောင်ခြင်း၊ မှုခင်းနှင့် လူမှုရေး ဆိုင်ရာပြဿနာများကို ဆွေးနွေး ညှိနှိုင်းသည့် ဖိုရမ်များဖန်တီးခြင်း၊ လူထုအခြေပြုလုပ်ငန်းများကို လူ ထုနှင့် မိတ်ဆက်ခြင်းဖြင့် ပြည်သူ လူထု ထောက်ခံမှုရရှိအောင် ပြု လုပ်ရန် လိုအပ်ကြောင်း ၀န်ကြီး ချုပ်က ပြောသည်။

အဆိုပါအခမ်းအနားတွင် မ ကွေးတိုင်းရဲမှူးကြီး ကိုကိုအောင် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းပေးပို့သော သ၀ဏ်လွှာ ကို ဖတ်ကြားခဲ့ပြီး မကွေးတိုင်းဒေ သကြီးရှိ ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ ၀င်များအား ဂုဏ်ပြုဆုများချီးမြှင့် ပေးအပ်ခဲ့သည်။

===================
251 / End