၃ အောက်တိုဘာ ၂၀၁၆ - ၁၅:၁၃
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan ရေးဆွဲသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် တိုက်တွန်း

ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် Master Plan တစ်ခုရေးဆွဲထားသင့် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က ပြည်နယ်အစိုးရအား တိုက် တွန်းထားကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် Master Plan တစ်ခုရေးဆွဲထားသင့် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က ပြည်နယ်အစိုးရအား တိုက် တွန်းထားကြောင်း သိရသည်။

စက်တင်ဘာ ၃၀ရက်ကစစ် တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့ရုံးတွင် ၀န်ကြီးဦးဝင်းခိုင်နှင့် ရ ခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိ သူများတွေ့ဆုံစဉ် ၀န်ကြီးက အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

‘‘ရခိုင်ပြည်နယ်ဟာ ကုန် စည်စီးဆင်းဖို့ လမ်းကြောင်းအ လွန်ကောင်းမွန်တဲ့ ပြည်နယ်ဖြစ် သလို ဟိုတယ်နှင့်ခရီးသွားလုပ် ဆောင်ဖို့ အလွန်ကောင်းမွန်တဲ့ ကမ်းမြောင်ဒေသဖြစ်ပါတယ်။ ကမ်းရိုးတန်းသဘာဝသယံဇာတ တွေကလည်း အလွန်ပေါများပါ တယ်။ အခုလို သဘာဝအရပေး အပ်ထားတဲ့အားသာချက်တွေကို ရွေးထုတ်စီမံဆောင်ရွက်နိုင်မယ် ဆိုရင် တိုးတက်မှုတွေတစ်ဟုန် ထိုးဖြစ်ပေါ်လာမှာအသေအချာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့် မီဆိပ်ကမ်းတွေ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုစတဲ့တိုးတက်ဖွံ့ဖြိုးမှုတွေနဲ့အတူ ပြည်နယ်သူပြည်နယ်သား တွေ အလုပ်အကိုင်ရရှိရေးအ တွက် ပြည်နယ်အစိုးရအနေနဲ့ Master Plan တစ်ခုဆွဲထားသင့် ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စီးပွား ရေးလုပ်ငန်းများတိုးတက်လာပါ က ဖြစ်ပွားလျက်ရှိသော ပြဿနာ များ အလိုအလျောက် ပျောက် ကွယ်သွားမည်ဟု ၀န်ကြီးက ဆက်လက်ပြောကြားသည်။

ထို့အပြင် ပြည်နယ်အစိုးရအ နေဖြင့် နိုင်ငံခြားပို့ကုန်စက်မှုဇုန် လုပ်ငန်းများကို အကောင်အ ထည်ဖော်ဆောင်ရွက်ရန် လိုအပ် နေပြီး Master Planများမရှိပါက နောင်ငါးနှစ်တွင်လည်း ဆင်းရဲနေမည်ဟု ပြည်ထောင်စုဝန်ကြီးက သတိပေးပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်နေသည်။

===================    
251 / End