အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေပြည်တော်မြို့ ဝင်ပေါက်အားလုံး ပိတ်ဆို့စစ် ဆေးကာ မူးယစ်ဆေးဝါးထိန်း ချုပ်မှုကို စီမံချက်ချမှတ်၍ လုပ် ဆောင်နေကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။
‘‘မူးယစ်ဗဟိုကနေ ကြပ်မတ်ကြီးကြပ်ပြီးတော့ စီမံချက်တွေ ဆောင်ရွက်နေပါတယ်။ နေပြည် တော်မှာရှိတဲ့ ဝင်ပေါက်တွေမှာ စစ်ဆေးပါတယ်’’ဟုနေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။
မူးယစ်ဆေးဝါးထိန်းချုပ်မှု ကို နယ်မြေရဲတပ်ဖွဲ့နှင့် မှုခင်းတပ်စိတ်တို့ ပူးပေါင်း ဆောင်ရွက်နေ ပြီး ပြီးခဲ့သည့်စက်တင်ဘာအတွင်း က မူးယစ်ဆေးဝါးအမှု ၁၀ မှုကျော် ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းက ပြောသည်။
နေပြည်တော်ကောင်စီနယ် မြေ တပ်ကုန်းမြို့နယ်တွင် ရာဇ ဝတ်မှုများ မကြာခဏဖြစ်ပေါ်မှု၊ မူးယစ် အန္တရာယ်များကြောင့် ယင်းမြို့နယ်အတွင်း လုံခြုံရေးတိုး မြှင့်ဆောင်ရွက်ပေးရန် တပ်ကုန်း မြို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကျော်တင့်က နေပြည် တော်ကောင်စီသို့ တင်ပြတောင်း ဆိုထားကြောင်း သိရသည်။
အဆိုပါတောင်းဆိုချက်တွင် တပ်ကုန်းမြို့နယ်အတွင်း လူသတ်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများအပါ အဝင် မူးယစ်ဆေးဝါးထုတ်လုပ် သည့် လက်လုပ်စက် တစ်လုံးရှိပြီး တစ်ရက်လျှင် ဆေးပြား(ခြောက် သောင်း)ခန့် ထုတ်လုပ်နေသည် ဟု ပါရှိသည်။
တပ်ကုန်းမြို့နယ်အတွင်း မှု ခင်းဖြစ်ပွားပြီး လုံခြုံရေးတိုးမြှင့် ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ရဲမှူးကြီးဇော်ခင်အောင်က ‘‘လောလောဆယ်က ဆွေးနွေးမှာ ပေါ့။ ကျွန်တော်တို့ရဲ့ မှုခင်းစာရင်းအရကတော့ တပ်ကုန်းက မှုခင်း များတာမရှိပါဘူး။ တက်လာတဲ့ စာရင်းဇယားတွေအရ တပ်ကုန်း က လုံခြုံရေးနိုင်နိုင်နင်းနင်းရှိပြီး သားဖြစ်ပါတယ်။ သူတို့ပြောသ လောက် မှုခင်းဖြစ်ပွားတယ်ဆို တာ မရှိပါဘူး’’ဟု ပြောသည်။
တပ်ကုန်းမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ပေးရန် ကိစ္စကို နေပြည်တော်ကောင်စီတွင် ဆွေး နွေးပြီး ၎င်းတို့သဘောထားကိုတင်ပြပြောဆိုမည်ဖြစ်ပြီး လက်ရှိတွင် မှတ်ချက်မပေးလိုသေးကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားသည်။
===================
251 / End
၆ အောက်တိုဘာ ၂၀၁၆ - ၁၇:၂၁
News ID: 783884
နေပြည်တော်မြို့ ဝင်ပေါက်အားလုံး ပိတ်ဆို့စစ် ဆေးကာ မူးယစ်ဆေးဝါးထိန်း ချုပ်မှုကို စီမံချက်ချမှတ်၍ လုပ် ဆောင်နေကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။