၁၁ အောက်တိုဘာ ၂၀၁၆ - ၁၉:၁၉
အစိုးရအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှု လျော့နည်းစေရန် ထိရောက်သည့် ဥပဒေများ ချမှတ်သင့်

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။ ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းစေရန်အတွက် အစိုးရအနေဖြင့် ထိရောက်သည့် ဥပဒေ မှုဝါဒများ ချမှတ်ဆောင်ရွက် သင့်သည်ဟု colourful girl အဖွဲ့မှ ညှိနှိုင်းရေးမှူး နန့်သဇင်မင်းက မဇ္ဈိမသို့ ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။   ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းစေရန်အတွက် အစိုးရအနေဖြင့် ထိရောက်သည့် ဥပဒေ မှုဝါဒများ ချမှတ်ဆောင်ရွက် သင့်သည်ဟု colourful girl အဖွဲ့မှ ညှိနှိုင်းရေးမှူး နန့်သဇင်မင်းက မဇ္ဈိမသို့ ပြောသည်။

 “ကျားမရေးရာ တန်းတူညီမျှမှုကိုလည်း ပြည်သူတွေက နားလည်ဖို့လိုသလို အစိုးရကလည်း အမျိုးသမီးတွေကို လိင် ပိုင်း ဆိုင်ရာပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် အကြမ်းဖက်မှုဖြစ်လာတယ် ဆိုလို့ရှိရင် ထိ ရောက်တဲ့ ဥပဒေတွေ ချမှတ်သင့်တယ်။ ပြီးတော့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအပေါ်မှာ ဘေးကင်း လုံခြုံ နေထိုင်နိုင်ဖို့ကို လုပ်သင့်ပေးသင့်တယ် “ ဟု မနန့်သဇင်မင်းက ပြောဆိုသည်။

 အောက်တိုဘာ ၁၁ ရက် ရန်ကုန်မြို့ ၀င်္ကပါလမ်း တွင် Action aid မှ ပြုလုပ်သည့် “ မြို့ပြ ၀န်းကျင် လုံခြုံမှ ယုံကြည် စိတ်ချ တို့အမျိုးသမီး ဘ၀ " ပွဲတွင်ပြောတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။

ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အမျိုးသမီးများကို တစ်ဆင့်နှိမ့်ထားသည့် ပုံစံ ဖြစ်နေခြင်းကြောင့် အကြမ်း ဖက် မှုများ ပိုမိုများပြားလာစေကြောင်းလည်း ၄င်းက ပြောသည်။

ရန်ကုန်ညမို့အား လူတိုင်း စိတ်ချလုံခြုံမှုရှိသည့် မြို့တစ်မြို့ ဖြစ်အောင် ကြိုးစားသွားရမည် ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုကလည်း အရေးကြီးကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါ ပွဲတွင် ပြောသည်။

 “ စိတ်ချလုံခြုံမှုဟာ အမျိုးသမီးတွေအတွက် ပိုပြီးလိုအပ်ပါတယ် “ ဟု ၀န်ကြီးချုပ်က ပြောသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှုဖြစ်ပွားပါက အမျိုးသမီးရေးရာမှ တာဝန်ရှိသူများကို တိုင်ကြားနိုင်ပြီး ရဲ၊ ရှေ့နေများဖြင့် လိုက်ပါကူညီ ဆောင်ရွက်ပေးရန် ရုံးခန်းဖွင့်လှစ်ထားသည်ဟု အမျိုးသမီးရေးရာမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

===================    
251 / End