၁၃ အောက်တိုဘာ ၂၀၁၆ - ၁၈:၁၇
ဖွံ့ဖြိုးရေးနှင့် ပညာရေးစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသုံးနိုင်ငံဝန်ကြီးများဆွေးနွေး

ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ပညာရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်ရန် နယ်သာလန်၊ သြစတြီးယား၊ လူဇင်ဘတ်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည် အောက်တိုဘာ ၁၂ ရက်က နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ပညာရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်ရန် နယ်သာလန်၊ သြစတြီးယား၊ လူဇင်ဘတ်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည် အောက်တိုဘာ ၁၂ ရက်က နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

နယ်သာလန်နှင့် မြန်မာအ ကြား ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေ သတွင် ရေအရင်းအမြစ်စီမံခန့်ခွဲ ရေးဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ အကြား စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး ဘာ့တ်ကိုအင်ဒါစ်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ဆွေးနွေးခဲ့သည်။ တစ်ရက်တည်းမှာပင် ရန်ကုန်မြို့ ၌ မြန်မာနိုင်ငံဆိုင်ရာ နယ်သာ လန်သံရုံးကို အဆိုပါ နိုင်ငံခြားရေး ဝန်ကြီးက ဖွင့်လှစ်ပေးခဲ့သည်။

လူဇင်ဘတ်နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး ဂျင်းအက် ဆဲလ်ဘွန်းကလည်း မြန်မာနှင့်လူ ဇင်ဘတ်ကြား ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းတိုးမြှင့်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအ တွက် ပူးပေါင်းဆောင်ရွက်နေမှု များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လူဇင်ဘတ် နိုင်ငံက ပံ့ပိုးကူညီမည့် နည်းလမ်း များကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးဖလှယ်ခဲ့သည်။

တစ်ရက်တည်းမှာပင် သြ စတြီးယား ဒုနိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လင်းဟတ်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့သည် မြန် မာ့ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ကဏ္ဍတွင် သြစတြီးယားပါဝင်နေ မှုနှင့် တိုးတက်နိုင်သည့်အလားအ လာများ၊ ပညာရေးကဏ္ဍအတွက် မြန်မာတက္ကသိုလ်များနှင့် အာဆီ ယံတက္ကသိုလ်ကွန်ရက်မှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်မည့်ကိစ္စ များ အပါအဝင် ပူးပေါင်းဆောင် ရွက်ရေးများ ဆွေးနွေးခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုရေးရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးဒုတိယအတွင်းရေးမှူးချုပ် စတီဗင်အိုဘရိုင်ယန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တနင်္လာနေ့က တွေ့ဆုံခဲ့သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအ တွက် အဓိကအရေးကြီးတဲ့ လူ သားချင်းစာနာမှုဆိုင်ရာ အကူအ ညီတွေ ပံ့ပိုးပေးနိုင်ရေး အတူတ ကွ လုပ်ဆောင်ဖို့အတွက် ဆွေး နွေးခဲ့ပါတယ်’’ဟု မစ္စတာအိုဘ ရိုင်ယန်က ပြောကြားသည်။

===================    
251 / End