အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစားထိုးလဲလှယ်ရန် ဓာတ်အားလိုင်း မိုင် ၂,၀၀၀ ခန့်ရှိ သည့်အနက် ဘဏ္ဍာငွေအခက်အ ခဲကြောင့် တစ်နှစ်လျှင် မိုင် ၄၀ ခန့်သာ လဲလှယ်နိုင်ဦးမည်ဟု ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။
လူနေရပ်ကွက်များတွင် အ သုံးပြုသွယ်တန်းထားသည့် ACSRဓာတ်အားကြိုးများသည် လုံခြုံမှု အားနည်းသဖြင့် ယင်းကြိုးများအ စား အရည်အသွေး ပြည့်မီသည့် PVC Insulated ကြိုးများဖြင့် အစားထိုးစီမံပေးရန် ရှိ၊ မရှိနှင့် ပတ်သက်၍ အောက်တိုဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးမြန်းချက်ကို ဖြေကြား ခဲ့ခြင်းဖြစ်သည်။
‘‘လက်ရှိ လူနေရပ်ကွက်တွေ မှာ သွယ်တန်းထားတဲ့ 11kv နှင့် 6.6kv ကောင်းကင်ဓာတ်အား လိုင်း မိုင် ၁,၈၆၂ မိုင်ရှိပါတယ်။ ၉၅ ရာခိုင်နှုန်းမှာ ACSR ကြိုးများ သာဖြစ်ပါတယ်။ လျှပ်စစ်အန္တ ရာယ်ကင်းစေရန် Insulated ကေဘယ်တွေနဲ့ အစားထိုးတည် ဆောက်ရန် စီမံထားပေမယ့် နှစ် စဉ်သုံးစွဲနိုင်တဲ့ ဘဏ္ဍာငွေပမာဏ အရ ဦးစားပေးအလိုက် သတ်မှတ် ပြီး လဲလှယ်ဆောင်ရွက်နေတဲ့ ယခုဘဏ္ဍာနှစ်မှာ မိုင် ၄၀၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မိုင် ၄၀ လဲလှယ်ပေးမှာ ဖြစ်ပါတယ်’’ ဟု ဒေါ်နီလာကျော်က ပြောသည်။
ထို့အပြင် အသစ် တည် ဆောက်သည့် ဓာတ်အားလိုင်း များကိုလည်း Insulated ကြိုးများ သာ တပ်ဆင်အသုံးပြုနေသည်ဟု ၎င်းက ပြောသည်။
လက်ရှိသွယ်တန်းအသုံးပြု ထားသည့် ဓာတ်အားကြိုးများ သည် အပေါ်ယံကာဘာများမပါရှိ သောကြောင့် မီးကြိုးပြတ်ကျပါက လမ်းသွားလမ်းလာများ အသက် အန္တရာယ် ထိခိုက်မှုများ ရှိခဲ့ ကြောင်း မေးခွန်းမေးမြန်းခဲ့သည့် ဦးရန်ရှင်းက ဆိုသည်။
‘‘ACSR ကြိုးတွေက ဓာတ် အား လေလွင့်ဆုံးရှုံးမှုလည်းများ တယ်။ အန္တရာယ်လည်း ရှိတယ်။ ဒါကြောင့် ကျွန်တော့်ဆန္ဒအရ နိုင် သမျှ မြန်မြန်လဲလှယ်ပေးသွားချင် တယ်။ ဒါပေမဲ့ အစိုးရက သူလည်းလုပ်ပေးချင်တယ်။ ဘဏ္ဍာငွေအ ခက်အခဲ ရှိတယ်လို့ ရှင်းပြသွား တာဆိုတော့ အတင်းအကျပ် ဖိအားပေး တောင်းဆိုဖို့လည်း မသင့်ဘူး။ အစိုးရဘက်ကိုလည်း ကျွန်တော်တို့ နားလည်ပေးရဦး မှာပေါ့’’ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့တွင် အသုံးပြုနေ သည့် လျှပ်စစ်ပစ္စည်းများနှင့်ပတ် သက်၍ အများပြည်သူအန္တရာယ် ဖြစ်ပေါ်မှု လျော့နည်းစေရေးစံချိန် စံညွှန်းသတ်မှတ်ရေး ဥပဒေရေး ဆွဲပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေ သည်ဟု ဒေါ်နီလာကျော်က ပြော ကြားသည်။
===================
251 / End
၁၇ အောက်တိုဘာ ၂၀၁၆ - ၁၄:၅၆
News ID: 786079
အစားထိုးလဲလှယ်ရန် ဓာတ်အားလိုင်း မိုင် ၂,၀၀၀ ခန့်ရှိ သည့်အနက် ဘဏ္ဍာငွေအခက်အ ခဲကြောင့် တစ်နှစ်လျှင် မိုင် ၄၀ ခန့်သာ လဲလှယ်နိုင်ဦးမည်ဟု ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။