အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဘင်းစတက်သီးသန့်အစည်းအဝေးမပြုလုပ်မီ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက ကြိုဆိုနှုတ်ဆက်နေစဉ် (ဓာတ်ပုံ-MOI)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရားဝင်ချစ်ကြည်ရေးခရီး စဉ် အပါအ၀င် BIMSTEC နှင့် BRICS ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်ရန် အစိုးရသစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်က သွား ရောက်ခဲ့သည်။
အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် နေ ပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ယမန်နေ့နံနက် ၈ နာရီခွဲတွင် ထွက်ခွာပြီး အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ဒေသစံတော်ချိန် ၁၁ နာရီတွင် ရောက်ရှိကာဒေါ်အောင်ဆန်း စုကြည်အား အိန္ဒိယအစိုးရက ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်သည် သုံးရက်ကြာ မြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း အိန္ဒိယ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိ ကြောင်း သတင်းရရှိသည်။
ထို့ပြင် ဂိုအာမြို့တွင် ပြုလုပ် မည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံ များပါဝင်သော အဓိကထွန်းသစ် စစီးပွားရေးနိုင်ငံများအဖွဲ့(BRICS) ညီလာခံနှင့် တောင်အာရှနှင့် အ ရှေ့တောင်အာရှနိုင်ငံများ ဖွဲ့ စည်းထားသော BIMSTEC ညီ လာခံများသို့ ဒေါ်အောင်ဆန်းစု ကြည် တက်ရောက်မည်ဖြစ်သည်။
ယခုကျင်းပသည့် BRICS and Leadre’s Outreach Sum-mit အစည်းအဝေးသည် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း၍ပထမဆုံးအကြိမ် ကျင်းပသည့်အစည်းအဝေးဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လတွင်း သမ္မတဦးထင်ကျော်သည် အိန္ဒိယ နိုင်ငံသို့ လေးရက်ကြာချစ်ကြည် ရေးခရီးသွားရောက်ပြီး ခရီးစဉ်အ တွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံသို့ မသွားမီက တရုတ်နိုင်ငံသို့ ဦးစွာသွားရောက် ပြီး ယင်းနောက်ဗြိတိန်နှင့် အမေရိ ကန်ပြည်ထောင်စုသို့ သွားရောက် ခဲ့သည်။
အိန္ဒိယနိုင်ငံသည် ဒီမိုကရေ စီစနစ်ကျင့်သုံးသည့် လူဦးရေအ များဆုံးနိုင်ငံဖြစ်ကာ မြန်မာနိုင်ငံ နှင့် နယ်နိမိတ်ချင်း ကီလိုမီတာ တစ်ထောင်ကျော်ထိစပ်နေပြီး အိန္ဒိယက နိုင်ငံခြားရေးမူဝါဒဖြစ် သည့် အရှေ့မျှော် မူဝါဒအရ အရှေ့တောင်အာရှနိုင်ငံများနှင့် ချိတ်ဆက်နိုင်ရေးအတွက် မြန်မာ နိုင်ငံသည် အရေးပါသည့် ပထ၀ီ ၀င်အနေအထားတွင် ရှိနေသည်။
၂၀၁၂ အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။
===================
251 / End
၁၇ အောက်တိုဘာ ၂၀၁၆ - ၁၆:၁၆
News ID: 786091
အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဘင်းစတက်သီးသန့်အစည်းအဝေးမပြုလုပ်မီ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက ကြိုဆိုနှုတ်ဆက်နေစဉ် (ဓာတ်ပုံ-MOI)