၁၈ အောက်တိုဘာ ၂၀၁၆ - ၁၉:၁၁
‘‘တို့တိုင်းရင်းသားတွေက လူကိုလူနဲ့ပဲ ကာလို့ရမယ်’’ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မီဒီယာများသို့ရှင်းလင်းမှု

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (ဌာနချုပ်) အပါအဝင် ငါးခူရနှင့် ကိုးတန်ကောက်ရဲစခန်းများကို အကာလ်မူလ်မူဂျာဟီဒင်န် အ ကြမ်းဖက်အဖွဲ့က အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (ဌာနချုပ်) အပါအဝင် ငါးခူရနှင့် ကိုးတန်ကောက်ရဲစခန်းများကို အကာလ်မူလ်မူဂျာဟီဒင်န် အ ကြမ်းဖက်အဖွဲ့က အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်၍ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများက နယ်မြေရှင်းလင်းမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်။ နယ်မြေလုံခြုံရေး အတွက် မောင်တောဒေသသို့ ရောက်ရှိနေသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အောက်တိုဘာ ၁၇ ရက်တွင် မောင်တောမြို့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

အခုနယ်မြေလုံခြုံရေးဆောင်ရွက် နေတဲ့ အခြေအနေကို သိချင်ပါတယ်။

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူး ပေါင်းပြီး အခုလိုက်ရှင်းလင်းနေ တယ်။ တကယ်ပါတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်။ အဲဒီအတွက် ငါတို့ လုပ်နေတာ။ အခုထောင်ထဲမှာ ၁၆ ယောက် ချုပ်ထားတယ်။ အချိန်မရွေးလာကြည့်နိုင်တယ်။ ဥပဒေနဲ့အညီ လုပ်နေတယ်။ နှိပ် စက်ညှဉ်းပန်းမှု လုံးဝမရှိဘူး။ ဒီ ကောင်တွေ ဘာလုပ်နေလဲ တရားဝင်ဖော်ထုတ်နေတယ်။ ဒါကို လည်း အိုင်စီအာရ်စီက လာကြည့် ချင်ရင် ကြည့်လို့ရတယ်။ အမြဲ တမ်းကြိုဆိုတယ်။ ပြောချင်တာ က တို့တွေလုပ်နေတာ တရား ဥပဒေနဲ့အညီပဲ လုပ်နေတာ။ တရားဥပဒေနဲ့မညီတာ ဘာမှမလုပ်ဘူး။ တရားဥပဒေနဲ့ မညီရင်လည်း လက်မခံဘူး။

ဖမ်းဆီးရမိတဲ့ အခြေအနေတွေကို သိချင်ပါတယ်။

အခုမိတာ လတ်တလော ၁၆ ယောက် ချုပ်ထားတယ်။ စိစစ်ဆဲဖြစ်တယ်။ အဲဒီကနေရတဲ့ သတင်းအပေါ်မူတည်ပြီးတော့ ကျေးရွာတွေအလိုက် တစ်ရွာချင်းစီရှင်းနေတယ်။ တပ်မတော်နဲ့ ပူးပေါင်းပြီး စိစစ်နေတယ်။ လုပ်တဲ့အခါမှာ တပ်မတော်ပါမယ်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါမယ်၊ လဝကပါမယ်၊ အကောက်ခွန်ပါမယ်၊ ဒီအ ဖွဲ့တွေနဲ့ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပူးပေါင်းပြီး တရားဥပဒေစိုးမိုးမှု အောက်ကို ရောက်အောင်လုပ် သွားမယ်။

ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်လို့ အခြေအနေဘယ်လိုရှိပါသလဲ။

အဲဒါတွေ မမိသေးဘူး။ ခေါင်းဆောင်ဆိုတဲ့ကောင်တွေ က ဖြစ်ပြီးတာနဲ့ ပုန်းနေကြတာ ပေါ့။ အဲဒါကို တပ်မတော်က ဦးစီးပြီး စစ်ကြောင်းတွေက ရှင်းလင်း နေတယ်။ ရှင်းလင်းတဲ့အခါမှာ ရဲတပ်ဖွဲ့ကတော့ ပူးပေါင်းပြီး တော့ နယ်မြေခံဖြစ်တဲ့အတွက် လမ်းကြောင်းတွေက ဘယ်လမ်း ကြောင်းတွေ၊ ဘယ်တောင်တွေ မှာ ဖြစ်နိုင်လဲ၊ ဘယ်လမ်းကြောင်း တွေက သွားရင်ရတယ်။ ဒါက တော့ ကုလား (ဘင်္ဂါလီ)ရွာ၊ ဒါကတော့ ရခိုင်ရွာတွေ ရှင်းတဲ့အခါမှာ တပ်မတော်က အကာအကွယ်ပေးထားတာပေါ့။ ရဲတပ်ဖွဲ့က ဝင်ရှင်းတယ်။ ဒါမှ တရားဥပဒေနဲ့ညီ မှာလေ။ တရားဥပဒေစိုးမိုးရေး လုပ်ငန်းကို ရဲတပ်ဖွဲ့က ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို ရဲတပ်ဖွဲ့က လုပ်သွားမယ်။ ကာကွယ်ရေးနဲ့လုံခြုံရေးမှန်သမျှကို တပ်မတော် က ဦးဆောင်လုပ်သွားမှာ ဖြစ်ပါ တယ်။

လက်နက်ခဲယမ်းတွေ အခြေအ နေနဲ့ပတ်သက်လို့ကော။

လက်နက်တွေကလည်း ရှင်းရှင်းလင်းလင်းသိဖို့က လက်နက် ချည်းပဲပါသွားရင် တုတ်ပဲ။ သေ နတ်တော့ပါတယ်။ ကျည်အိမ် မပါရင်လည်း တုတ်ပဲ။ ကျည်ဆန် ပဲပါတယ်။ သေနတ်မပါရင်လည်း ကျည်ဆန်က အလကားပဲ။ သူတို့ ပါသွားတယ်ဆိုတာ တချို့သေ နတ်ပါတယ်။ သို့သော် ကျည်အိမ် မပါဘူး။ တချို့သေနတ်ပါသွား တယ်။ ကျည်ဆန်မပါသွားဘူး။ ဒီ တော့ သူတို့မှာ ရသွားတာက အ ကျိုးအမြတ်ဖြစ်စရာတစ်ခုမှ မဖြစ်ဘူး။ သို့သော် ဒီလက်နက်တွေ မရလို့တော့ မဖြစ်ဘူး။ ဘာလို့ဆို တော့ တို့အမျိုးအတွက် ကာကွယ် ဖို့ တာဝန်ရှိတယ်။ ဒီလက်နက် တွေ မရမချင်းတော့ အလျှော့ပေး မှာ မဟုတ်ဘူး။ ဒီတော့ ပြန်ပြီး ရှာရမယ်၊ ရှင်းရမယ်။ ဒီလိုမှ မလုပ်ရင်တော့ တို့တာဝန်မကျေ ဘူး။ ဒါကြောင့် တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရဲတပ်ဖွဲ့ တွေ ထည့်ထားတယ်။ သံသယ ဖြစ်စရာနေရာတွေမှာ ဝင်ရှင်း တယ်။ ဝင်ရှာတယ်။ တိုင်းရင်း သားတွေကို ထိရောက်အောင် ကာကွယ်ပေးရမယ်။ ဒါကြောင့် တို့တိုင်းရင်းသားတွေကို ပြောချင် တာက ဒီနယ်မြေတွေမှာရှိတဲ့ တိုင်းရင်းသားတွေ နေရပ်ကို မစွန့်ခွာပါနဲ့။ တို့က ကာကွယ်ပေးရ မယ်။ ရဲတပ်ဖွဲ့က ကာကွယ်ပေး ရမယ်။ တပ်မတော်က ကာကွယ် ပေးရမယ်။ ဒီနယ်မြေက တို့တိုင်း ရင်းသားတွေ စွန့်ခွာသွားရင် ဒီ နယ်မြေကို ကျန်တဲ့သူတွေ ဝင် လာလိမ့်မယ်။ အဲဒီလို မဝင်စေ ချင်ဘူး။ အဲဒါကြောင့် တတ်နိုင် သမျှ ဒီနယ်မြေမှာရှိတဲ့သူတွေက နယ်မြေကို စွန့်ခွာထွက်ပြေးတာ မျိုးထက် ဒီနယ်မြေမှာရှိတဲ့ တိုင်း ရင်းသားပြည်သူလူထုကို တို့က ကာကွယ်ပေးမယ်။ စွန့်ခွာမသွား ဖို့လိုတယ်။ ဝိုင်းပြီး ကူညီပြောပေး ကြပါ။ တို့လည်းပြောမယ်။ ရွာ တွေကို ဆင်းပြီးတော့ မသွားဖို့ ပြောမယ်။ ငါကိုယ်တိုင်က အခု ကျီးကန်းပြင် မှာနေတယ်... ။ ဆိုလိုတာက ဖားကန့်မှာ သွားနေမယ့်အစား ဒီနယ်မြေမှာ ပြန်လာပြီး ကိုယ့်နယ်မြေမှာ လုပ်ပါလား။ ..... ။ ဟိုမှာ ခဏတစ်ဖြုတ် ကျောက်သွားတူးမယ့်အစား ဒီမှာလာ ဝိုင်းကူပေးလိုက်ရင် ဘယ် လောက်ကောင်းလိုက်မလဲ။ အဲဒီ လိုမှ တို့ရခိုင်တွေက ကိုယ့်နယ်မြေမှာ မနေဘဲနဲ့ ကချင်ပြည်နယ် မှာ သွားနေမယ်ဆိုရင် ဘယ်လို သွားလုပ်ကြမလဲ။ .... ။ ကိုယ့် တိုင်းရင်းသားတွေက ကိုယ့်နယ် မြေကို စွန့်ခွာသွားရင် လွှတ်တဲ့ နေရာတွေကို ဝင်လာကြဦးမှာ။ ဒီ လိုဝင်လာတာမျိုးကို မဖြစ်စေချင် ဘူး။ တို့တိုင်းရင်းသားတွေက လူ ကို လူနဲ့ပဲ ကာလို့ရမယ်။ လူဦးရေ ပေါက်ဖွားမှုနှုန်းက တို့နဲ့ ကျန်တဲ့ သူတွေ အဆမတန်ကွာခြားနေ တယ်။ ငါတို့က ယောက်ျားတွေ က တစ်ယောက်ကို မိန်းမတစ် ယောက်စီပဲယူတယ်။ ဟိုက လေး ယောက်ယူတယ်။ တစ်ယောက် က ဆယ်ယောက်လောက်မွေးရင် တစ်မိသားစုမှာ အယောက်လေး ဆယ်လောက်ဖြစ်နေပြီ။

အဲဒီလိုကွာဟမှုများတာကို တို့က လူနှင့်ပြန်မကာရင်မရနိုင် ဘူး။ လူနဲ့ပြန်ကာရမယ်။ အဲဒီအတွက် တိုင်းရင်းသားတွေက ကိုယ့်နယ်မြေ ကိုယ့်ဒေသကို မြတ်နိုးစေချင်တယ်။ လာပြီးအတူနေစေ ချင်တယ်။ လိုအပ်တဲ့ဟာတွေကို ငါတို့က အကူညီပေးမယ်။ ဗဟိုအစိုးရအနေနဲ့လည်း ကူညီပေးရမှာဖြစ်သလို ပြည်နယ်အစိုးရကလည်း တာဝန်ရှိတယ်။ ပြည်နယ်အစိုးရကလည်း ကူညီပေးရမှာ ဖြစ်တယ်။

ဥပဒေနှင့်အညီနေထိုင်ရေးအ တွက် ပြောကြားသောမှတ်ချက်

တို့နိုင်ငံကထုတ်ထားတဲ့ တရားဥပဒေနဲ့အညီမနေနိုင်ရင် လက်မခံဘူး။ ဒါပြည်ထဲရေးဝန်ကြီးဌာန ရဲ့ ဆုံးဖြတ်ချက်ပဲ။ နေနိုင်ရမယ်၊တို့နိုင်ငံကို တစ်လက်မမှ အစွန့် မခံဘူး။

===================    
251 / End