၁ နိုဝင်ဘာ ၂၀၁၆ - ၁၉:၁၀
ကားမောင်းစဉ် ထိုင်ခုံခါးပတ်ပတ်ရန် ပညာပေးဆောင်ရွက်

ရန်ကုန်မြို့မှာ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ ထိုင်ခုံခါးပတ် ပတ်ဖို့အတွက် ပညာပေးဆောင်ရွက်မှုကို နိုဝင်ဘာ ၁ ရက်က ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ တော်ဝင်စင်တာအနီးမှာ ပြုလုပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်မြို့မှာ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ ထိုင်ခုံခါးပတ် ပတ်ဖို့အတွက် ပညာပေးဆောင်ရွက်မှုကို နိုဝင်ဘာ ၁ ရက်က ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ တော်ဝင်စင်တာအနီးမှာ ပြုလုပ်ပါတယ်။

ပညာပေးဆောင်ရွက်မှုကို  အမှတ်-၄၄ ယာဉ်ထိန်းတပ်ဖွဲ့စု အပါအဝင် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ မ.ထ.သ အဖွဲ့တို့လည်း ပါဝင်ခဲ့ပါတယ်။

ခါးပတ်ပတ်ခြင်း ရှိ၊ မရှိ ပညာပေးကာလကို နိုဝင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ လုပ်ဆောင်သွားမယ်လို့  အမှတ်-၄၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ဒဂုံမြို့နယ်တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ကျော်နိုင်က ပြောပါတယ်။

၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့ကနေစပြီး ခါးပတ်မတပ်တဲ့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ၅၄(င)အရ ၃ သောင်းထက်မပိုတဲ့ ဒဏ်ငွေ ချမှတ်အရေးယူနိုင်တယ်လို့သိရပါတယ်။

===================    
251 / End