၄ နိုဝင်ဘာ ၂၀၁၆ - ၂၀:၀၂
ကုလကိုယ်စားလှယ်နှင့် နိုင်ငံခြားသံအမတ်များ မောင်တောခရီးစဉ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု မမြင်တွေ့ဟုဆို

ကုလသမဂ္ဂအပါအ ၀င် နိုင်ငံခြားသံရုံးများမှ သံအ မတ်များ၏ မောင်တောနယ်စပ် လေ့လာရေးခရီးစဉ်တွင် မြန်မာ အစိုးရက လူ့အခွင့်အရေး ချိုး ဖောက်နေမှုကို မမြင်တွေ့ရသကဲ့ သို့ ဘင်္ဂါလီအမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည်ဟူသော ပြောဆိုမှုများလည်း မကြုံတွေ့ခဲ့ရ ကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနာတာက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကုလသမဂ္ဂအပါအ ၀င် နိုင်ငံခြားသံရုံးများမှ သံအ မတ်များ၏ မောင်တောနယ်စပ် လေ့လာရေးခရီးစဉ်တွင် မြန်မာ အစိုးရက လူ့အခွင့်အရေး ချိုး ဖောက်နေမှုကို မမြင်တွေ့ရသကဲ့ သို့ ဘင်္ဂါလီအမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည်ဟူသော ပြောဆိုမှုများလည်း မကြုံတွေ့ခဲ့ရ ကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနာတာက ပြောကြားသည်။

မောင်တော အကြမ်းဖက်မှု တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် မောင်တောဒေသသို့ နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် ကွင်းဆင်းလေ့လာပြီး နိုဝင်ဘာ ၃ ရက်ညနေက စစ်တွေလေဆိပ်၌ ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်မတို့တွေ့တဲ့ အထဲမှာ တော့ ဘယ်အမျိုးသမီးကမှ မုဒိမ်း ကျင့်ခံရတယ်၊ အဓမ္မပြုကျင့်ခံရ တယ်ဆိုပြီး ပြောတဲ့သူ ဘယ်သူမှ မရှိခဲ့ပါဘူး’’ဟု မစ္စရီနာတာက သတင်းထောက်များအား ပြောသည်။

       ထို့ပြင်ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ နိုင်ငံတကာ အကူအညီများပြန်ပေးခွင့်ကို အစိုးရက သဘောတူလိုက်ကြောင်း သံတမန်များက သတင်းထောက်များကို ပြောကြားခဲ့သည်။ ‘‘အချိန်အတန်ကြာ စားနပ်ရိက္ခာမရှိ ဖြစ်ခဲ့တဲ့ ရွာသားအုပ်စုနှစ်ခုကို ကျွန်တော်တို့စကားပြောခဲ့တယ်။ အဲဒီ့တော့သူတို့တွေဆီကို လူသားချင်း စာနာထောက်ထားမှု အကူအညီ ပြန်ပေးဖို့ အစိုးရက သဘောတူလိုက်တယ်။ ဒါဟာ ခြေလှမ်းကောင်း တစ်လှမ်းပါပဲ’’ ဟု မြန်မာဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီရယ်က သတင်းထောက်များကိုပြောခဲ့သည်။

မောင်တောနယ်စပ်သို့ လာ ရောက် လေ့လာရာတွင် ပါဝင် သည့် ဗြိတိန်သံအမတ်ကလည်း အောက်တိုဘာ ၉ ရက်ဖြစ်စဉ်တွင် ရဲကို အကြမ်းဖက်သမားများက စတင်တိုက်ခိုက်သောကြောင့် ရဲ နှင့် လုံခြုံရေးတပ်ဖွဲ့များအနေ ဖြင့် ပြန်လည်တိုက်ခိုက်ခွင့်ရှိပြီး အကြမ်းဖက်မှုတွင် ပါဝင်သူများ နှင့် ပြစ်မှုကျူးလွန်သူများကို ဥပ ဒေအတိုင်း ဖမ်းဆီးအရေးယူ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ပြောကြားသည်။

‘‘မောင်တောခရိုင်မှာ ဖြစ် ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ရဲက အကြမ်း ဖက်သမားတွေရဲ့ တိုက်ခိုက်ခြင်း ကို အရင်ခံရတာပါ။ အဲဒီအပေါ် မှာ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ တွေအနေနဲ့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ပိုင်ခွင့်ရှိပြီးတော့ အ ကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူ နဲ့ ဆက်နွှယ်နေသူတွေကို ဥပဒေ အတိုင်း ဖမ်းဆီးအရေးယူပိုင်ခွင့် ရှိပါတယ်’’ဟု ဗြိတိန်သံအမတ်က ဆိုသည်။

အဆိုပါ အဖွဲ့တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေညှိနှိုင်းရေးမှူး ဦးဆောင်ကာ အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီစသည့် နိုင်ငံ ရှစ်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များပါဝင်သည်။

===================    
251 / End