အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ခေတ်တွင် ကလေးငယ်များအတွက် စာဖတ် ရန် စာအုပ်များသည် အရေးကြီးပြီး မူးယစ်ဆေးဝါးအန္တရာယ် သတိ ထားမိစေသော စာပေမျိုးဖြစ်စေ လိုကြောင်း နိုင်ငံတော်သမ္မတဦး ထင်ကျော်က ပြောကြားသည်။
‘‘အထူးသဖြင့် ဒီခေတ်မှာ မူး ယစ်ဆေးဝါးအန္တရာယ်သတိထား မိစေချင်တဲ့ စာပေမျိုးလည်းဖြစ် စေချင်တယ်။ မိဘတွေကလည်း အလေးပေးသင့်တယ်။ မူးယစ် ဆေးဝါးဟာ နိုင်ငံတော်အတွက် အန္တရာယ်ဖြစ်တယ်။ အစစအရာ ရာ ကိုယ့်ကလေးတွေအတွက် လုပ်ပေးနိုင်တာတွေ အများကြီး ပဲ။ စာအုပ်တွေကို ကလေးတွေ လက်လှမ်းမီဖို့ အရေးကြီးပါ တယ်’’ဟု နိုဝင်ဘာ ၅ ရက်က ပြု လုပ်သော ကလေးစာပေပွဲတော် ၌ သတင်းထောက်များ၏မေးမြန်း မှုကို သမ္မတကြီးက ပြန်လည် ဖြေ ကြားခြင်းဖြစ်သည်။
ထို့အပြင် သမ္မတ ဦးထင် ကျော်က ကလေးငယ်များအား ဆုံးမရာတွင် မိဘနှင့် ဆရာများက အရေးကြီးကြောင်း၊ အပေါင်းအ သင်းမမှားစေရန်နှင့် စားသောက် ရာတွင် ကျန်းမာရေးနှင့် ညီညွတ် သော အစားအစာများ စား သောက်စေလိုကြောင်း ပြောကြား သည်။
‘‘စားတဲ့ နေရာမှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာစားစေချင်တယ်။ ဒီလိုဆင် ခြင်လာရင် စားစရာထုတ်တဲ့သူ တွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့အ စားအစာတွေ ထုတ်လာမယ်။ သူ တို့ရောင်းချင်တိုင်းရောင်းတာကို ဝယ်စားမယ်ဆိုရင် အမှုမဲ့အမှတ် မဲ့ဖြစ်မယ်။ မိဘတွေက ဝိုင်းထိန်း ပေးရမယ်’’ ဟု သမ္မတက ပြော ကြားသည်။
ကလေးများသည် အားလပ် ချိန်များတွင် ၎င်းတို့၏ ပတ်ဝန်း ကျင်နှင့် စာပေအပေါ် အလေး ထားရန်၊ အမှုမဲ့ အမှတ်မဲ့ မဖြစ် စေရန် စာပေနှင့် ကလေးကဗျာ များဖတ်ကြရန် တိုက်တွန်းပြော ကြားသည်။
ကလေးစာပေ ပွဲတော်သို့ စိတ်ကူးချိုချို၊ ရွှေမင်းသား၊ My-anmar Book Centre နှင့် သီဟရတနာ စသည့် စာပေတိုက် ၂၀ ကျော် လာရောက်ပြသရောင်းချကြသည်။
===================
251 / End
၆ နိုဝင်ဘာ ၂၀၁၆ - ၁၉:၄၉
News ID: 790253
ယနေ့ခေတ်တွင် ကလေးငယ်များအတွက် စာဖတ် ရန် စာအုပ်များသည် အရေးကြီးပြီး မူးယစ်ဆေးဝါးအန္တရာယ် သတိ ထားမိစေသော စာပေမျိုးဖြစ်စေ လိုကြောင်း နိုင်ငံတော်သမ္မတဦး ထင်ကျော်က ပြောကြားသည်။