၇ နိုဝင်ဘာ ၂၀၁၆ - ၁၈:၂၉
ထောက်ပံ့ကူညီမှု ODA ရည်ရွယ်ချက်နှင့် ကိုယ်တိုင် တည်ဆောက်ယူကြရခြင်း

မြန်မာကို ဂျပန်နိုင်ငံက ငါး နှစ်အတွင်း ယန်းငွေ ၈၀၀ ဘီလီ ယံ (ယူအက်စ်ဒေါ်လာ ၇ ဒသမ ၇၃ ဘီလီယံ)ခန့် အကူအညီပေး သွားမည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်၏ ဂျပန်ခရီးစဉ် ဒုတိ ယမြောက်နေ့ နိုဝင်ဘာ ၂ ရက် တွင် လက်ခံတွေ့ဆုံအပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုလိုက်ခဲ့ခြင်းကို ကာယကံ ရှင်နိုင်ငံတွေသာမက အာဆီယံ၊ အာရှ-ပစိဖိတ်နှင့် အခြားကမ္ဘာ့ မီဒီယာအတော်များများက အထူး အလေးပေး ဖော်ပြလာနေခဲ့ကြ သည်မှာ ယနေ့ဆို ငါးရက်ရှိလာ ခဲ့ပေပြီ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

(၁)

မြန်မာကို ဂျပန်နိုင်ငံက ငါး နှစ်အတွင်း ယန်းငွေ ၈၀၀ ဘီလီ ယံ (ယူအက်စ်ဒေါ်လာ ၇ ဒသမ ၇၃ ဘီလီယံ)ခန့် အကူအညီပေး သွားမည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်၏ ဂျပန်ခရီးစဉ် ဒုတိ ယမြောက်နေ့ နိုဝင်ဘာ ၂ ရက် တွင် လက်ခံတွေ့ဆုံအပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုလိုက်ခဲ့ခြင်းကို ကာယကံ ရှင်နိုင်ငံတွေသာမက အာဆီယံ၊ အာရှ-ပစိဖိတ်နှင့် အခြားကမ္ဘာ့ မီဒီယာအတော်များများက အထူး အလေးပေး ဖော်ပြလာနေခဲ့ကြ သည်မှာ ယနေ့ဆို ငါးရက်ရှိလာ ခဲ့ပေပြီ။   ပမာဏကြောင့်ရော နောက်ဆက်တွဲ အသေးစိတ် သတင်းတွေအရပါ ဆက်ဖော်ပြ နေခြင်းဟု မြင်ရသော်လည်း တ ကယ်တမ်းကတော့ နောက်ကွယ် အဓိပ္ပာယ်များ နက်ရှိုင်းစွာယှက် နွှယ် ပါဝင်နေခြင်းကြောင့်လည်း ပါဝင်နေပါသည်။ ဖွံ့ဖြိုးရေးမှ သည် ဒီမိုကရေစီ အကူးအပြောင်း အထိ၊ ငြိမ်းချမ်းခြင်းမှသည် အား လုံးမျှဝေခံစားနိုင်သော ပိုကောင်း သည့် အနာဂတ်တစ်ရပ်ဆီ အထိ ဟုဆိုရပါမည်။ မြန်မာလည်း လို အပ်နေသောအရာများဖြစ်သလို ဖွံ့ဖြိုးမှု နိမ့်ပါးနောက်ကျနေသော ကမ္ဘာ့နိုင်ငံအများစုကြီးအတွက် လည်း လိုအပ်ချက် ဖြစ်နေသော ကြောင့်ပင်။

မီဒီယာတွေအနေဖြင့်တော့ အကူအညီ၊ အထောက်အပံ့၊ ပူး ပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးရေး စသည်ဖြင့် သက်ဆိုင်ရာသတင်း အရင်းအမြစ်တွေနှင့် တာဝန်ရှိသူ တွေဆီက ဝေါဟာရအတိုင်းပဲ ထပ်မံဖော်ပြကြရခြင်းဖြစ်သည်။ ရိပ်စားမိနေလျှင်၊  လေ့ကျက် ကျွမ်းဝင်နေလျှင် သိပ်ပြောစရာ မရှိ။ ကိုယ့်နိုင်ငံမှာလည်း ဒီကိစ္စ ကို အတော်အလေးထား ပြောနေ ဆိုနေကြပါသည်။   သို့သော် အများစု ထင်မှတ်ယူဆပုံက နားလည်မှု တိမ်းစောင်းသွားစေနိုင် သော သဘောအချို့တွေ့ရသည်။ အကူအညီ၊ အထောက်အပံ့ဆို သည့်နေရာက ‘စ’ပါသည်။ တစ် ဆင့်တက်  ပြောကြလျှင်တော့ ဂျပန်ဆီက ODA အကူအညီဤ ရွေ့ဤမျှ ရပြီဟေ့ဟုဆိုကြ၏။ ODA ဆိုခြင်း၌ပင် ကိုယ့်နိုင်ငံသား အများစု သိပ်အကျွမ်းတဝင်မရှိလှ သေးသော လုပ်ထုံးလုပ်နည်း၊ ပုံ စံချမှတ်ဆောင်ရွက်မှုနှင့် နောက် ခံကိစ္စတွေရှိနေရာ အကျဉ်းချုံးပဲ ဖြစ်ဖြစ် တီးခေါက်နားလည်ထားဖို့ လိုအပ်မည်ဟု ယူဆပါ၏။ ခြုံငုံ တင်ပြသွားပါမည်။

(၂)

ဖွံ့ဖြိုးရေးဆိုင်ရာ တရားဝင် အကူအညီ၊ အထောက်အပံ့ (Official Development Assist- ance-ODA)ဆိုသည်မှာ ဖွံ့ဖြိုးပြီး လက်ဘရယ်ဒီမိုကရေစီနိုင်ငံကြီး များက ဆင်းရဲသောနိုင်ငံ(များ) နှင့် ဒေသ(များ)သို့ ပေးသောအကူ အညီ၊ အထောက်အပံ့ကို ဆိုလို ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး ချိန်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ထွန်းချိန်ကတည်းက အမည် အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရှိခဲ့ပြီးဖြစ်သည်။ OECD ခေါ် ဖွံ့ ဖြိုးရေးအတွက်  စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုအဖွဲ့ကြီး ပေါ် ထွန်းလာသော ၁၉၇၀ နှင့် ၁၉၈၀ ကြားကာလများတွင် ယူအက်စ်၊ ယူကေ၊ ဆွီဒင်၊ နော်ဝေး၊ ပြင် သစ်၊ ကနေဒါ၊ သြစတြေးလျ စသော ဒီမိုကရေစီနိုင်ငံကြီးများ နှင့် စက်မှုဖွံ့ဖြိုးပြီး ချမ်းသာသော နိုင်ငံများက ကမ္ဘာ့နိုင်ငံငယ်များ၊ ဆင်းရဲသောကမ္ဘာ့ဒေသများကို ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ ပေးအပ်လာကြရာ၌ ကုလသမဂ္ဂ မှတစ်ဆင့်တင်မကတော့ဘဲ တိုက် ရိုက်ပေးအပ်လာခဲ့ကြသည်။ ယနေ့ ODA အများစုသည်လည်း ယင်း ဖွံ့ဖြိုးပြီး ချမ်းသာသောနိုင်ငံ များအနေဖြင့် တိုက်ရိုက်သာမက ကုလသမဂ္ဂကိုလည်း ဦးဆောင်  Body ဖြင့် အချိုးကျထည့်ဝင်နေ ကြ၏။ အလှူရှင်နိုင်ငံများဟု ယေ ဘုယျ နာမည်ပေးထားပါသည်။ ကုလသမဂ္ဂကို အားဖြည့်ပေးကြ သည်ဆိုရာ၌တော့ အဖွဲ့ဝင် ၁၉၅ နိုင်ငံစလုံးက သတ်မှတ်ချက် အ တိုင်း ထည့်ဝင်ပေးကြရ ပါ၏။ နိုင်ငံကြီးတွေကတော့ သတ်မှတ် ချက်ထက်များစွာ   အပိုထပ် ဆောင်း ထည့်ဝင်ပေးကြသည်။  အထူးသဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာ နယ်ပယ်များ တိုးမြှင့်ဆောင်ရွက် ပေးနိုင်ရန် ဖြစ်သည်။ အလှူရှင် နိုင်ငံများက သက်ဆိုင်ရာဒေသ တစ်ရပ်ဆီ၊ တစ်နိုင်ငံချင်းဆီသို့ ပုံစံမျိုးစုံဖြင့်၊ ခေါင်းစဉ်မျိုးစုံဖြင့် လည်း ကူညီပံ့ပိုးပေးကြခြင်းကို ၂၁ ရာစုထဲမှာ ပိုမိုဆောင်ရွက်လာ ကြပါ၏။ IMF၊ ကမ္ဘာ့ဘဏ်၊ WTO ကဲ့သို့ ဘဏ္ဍာရေး၊ စီးပွား ရေး၊ ဂလိုဘယ်အင်စတီကျူးရှင်း ကြီးများ၏ စဉ်ဆက်မပြတ် အစီ ရင်ခံစာများစွာတွင် ဤ‘ဖွံ့ဖြိုးရေး အကူအညီ’အကြောင်းအရာများ စွာ တွေ့ရှိကြရပြီး အလှူရှင်တစ် နိုင်ငံချင်းစီ၏ နိုင်ငံခြားရေးဝန်ကြီး ဌာနများကလည်း ‘အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု’ ဌာနကြီးများမှတစ်ဆင့် ထုတ်ပြန် ပေးနေကြ၏။ ယခုနှစ်ပိုင်းများ တွင်တော့ ကုလသမဂ္ဂ၏ ထောင် စုနှစ် ဖွံ့ဖြိုးရေးပန်းတိုင်များ (MD Gs)ကို ပိုမိုအလေးထားဦးတည်၍ ပြည့်မီရေး ကိုယ်တိုင်ကိုယ်ကျ ချဲ့ ထွင်ဆောင်ရွက်လာကြခြင်းမျိုး ကို တွေ့မြင်လာကြရပါသည်။

(၃)

ဂျပန်၏ ODA ကတော့ ၁၉၉၂ တွင်မှ တရားဝင်စတင်ပေါ် ထွန်းခဲ့ပါ၏။ နိုင်ငံခြားရေးမူဝါဒ တစ်ရပ်ဖြစ်သော ပင်လယ်ရပ် ခြား ဒီမိုကရေစီရေး မြှင့်တင်ရန် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အကူအညီအဖြစ် လွှတ်တော် (ဒိုင်းယက်)မှ အတည်ပြုပြဋ္ဌာန်းခဲ့ ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာန (MOFA)၏ ကြေညာချက် 10992 အရ စတင်ခဲ့သည်။

လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာ ဘေး (ကြားကာလတစ်ရပ်ခြား၍) ဒုတိယအကြိမ် ပြန်လည်တင် မြှောက်ခံခဲ့ရပြီးနောက် ၂၀၁၃ မတ်လတွင် ဂျပန် ODA ကိုပိုမို မြှင့်တင်ရန်  စက္ကူဖြူစာတမ်း (White Paper) ဖြင့် တရားဝင် ထုတ်ပြန်ပြီး တိုးချဲ့လာခဲ့သည်။ ဂျပန်၏ ‘နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး’ (JIC)အစီအစဉ် နှင့် ‘ဖွံ့ဖြိုးရေးပူးပေါင်းဆောင် ရွက်မှု’ (JDC) တို့ကိုလည်း စနစ် တကျ ချဲ့ထွင်လာခဲ့ပါ၏။ ODA ထက် ရည်မှန်းချက် ပိုများပြားတိုး တက်ကောင်းမွန်သော ဆောင် ရွက်ချက်များဟု ကမ္ဘာကအသိ အမှတ်ပြုကြပါ၏။ အစိုးရတစ်ဦး တည်းမဟုတ်တော့ဘဲ ပုဂ္ဂလိက ကုမ္ပဏီများ၊ ဒေသန္တရအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် အခြားပါဝင်ဆောင်ရွက် သူများဖြင့်ပါ ပိုမိုအားဖြင့်ပူးပေါင်း ၍ သက်ဆိုင်ရာ (ပေးအပ်မည့် အကူအညီကို) နိုင်ငံ၊ ဒေသများ၌ ဝိုင်းဝန်းဆောင်ရွက်ကြသော ပုံစံ၊ စနစ်မျိုး ဖြစ်လာသည်။ စစ်ရေး ရည်ရွယ်ချက်များ လုံးဝမပါဝင် စေရဘဲ လက်နက်ကိုင်အဖွဲ့အ စည်း (သက်ဆိုင်ရာနိုင်ငံမှ စစ် တပ်အပါအဝင်)များနှင့်ပါ တိုက် ရိုက်မသက်ရောက်နိုင်စေရန်၊ မပေးအပ်ရန် တိတိကျကျ ပြ ဋ္ဌာန်းသတ်မှတ်ထားပါ၏။ ၂၀၁၄ အထိ ထုတ်ပြန်ပြီးစာရင်းနှင့် ရီပို့ များအရ အီဂျစ်၊ ဥဇဘက်ကစ္စ တန်၊ ဗီယက်နမ်၊ ပနားမား၊ အီ သီယိုးပီးယားတို့ကို အကောင်းဆုံး စံပြုမော်ဒယ်နိုင်ငံများဟု ၂၀၁၅ (နောက်ဆုံးထုတ်)ကြေညာချက် ၌ တွေ့ရှိရ၏။

ODA ကို အဆင့်မြှင့်လိုက် သော JDC ၌ အထူးဝိသေသ လက္ခဏာသုံးရပ်ရှိသည်။ (၁) ကိုယ်တိုင်ကိုယ်ကျ ကူညီတာဝန် ယူနိုင်ကြရေး အထောက်အကူ၊ (၂) စဉ်ဆက်မပြတ် စီးပွားရေးတိုး တက်မှု ဖော်ဆောင်ရေး၊ (၃) လူ သားလုံခြုံမှု ... ။ ဤသုံးရပ်ကို လက်ခံမည့်နိုင်ငံ၌ ထိုနိုင်ငံက ကော ဘယ်လောက်ပါဝင် ပူး ပေါင်းအားထုတ်နိုင်သည်လဲဟု လေ့လာ အကဲဖြတ်မှုက အဓိက ပါဝင်၏။ လက်ရှိ ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၁၆၀ ကို ODA တစ် ဆင့်မြှင့်ထားသည့် JIC, JDC တို့ ဖြင့် ကူညီထောက်ပံ့ပေးနေရာ တွင် (၁) ဂျပန်၏အသိပညာနှင့် နည်းပညာပေးအပ်မှု၊ (၂)ပုဂ္ဂလိ က ကုမ္ပဏီများအကြား ပူးပေါင်း ဆောင်ရွက်မှု (စီးပွားရေးသက် သက်မဟုတ်၊ ကုမ္ပဏီဆိုရာ၌ အဖွဲ့အစည်းအားလုံးပါဝင်သည် ဟု မှတ်ယူရပါမည်)တို့ကို ဦးစား ပေးထားသည်။

(၄)

ဂျပန်သည် အလှူရှင်နိုင်ငံ စာရင်း (၁၉၉၂)မပေါ်ပေါက်သေး ခင်ကတည်းက မြန်မာကို စဉ် ဆက်မပြတ် ကူညီပေးခဲ့သည်။ ဒုတိယကမ္ဘာစစ် လျော်ကြေးစာ ချုပ်များအရ ပေးရမည်များကို ပေးခဲ့သည့်အပြင် ၁၉၅၄ တွင် စီးပွားရေး စတင်ပူးပေါင်းဆောင် ရွက်မှု စတင်ခဲ့၏။ သံတမန်ရေး စတင် ဆက်ဆံခဲ့၏။ ၁၉၆၀ လောပိတရေအားလျှပ်စစ် စက်ရုံ၊ ဘီအမ်၊ မာဇဒါ၊ ဟီးနိုး၊ နေရှင် နယ်စသော ကုန်သွယ်မှုအမှတ် တံဆိပ်များအပြင် နည်းပညာနှင့် စက်ရုံများ ကျောင်းများကိုပါမက ဆေးရုံ၊ လမ်းတံတားများကို ၁၉၈၈ အထိ ပေးခဲ့၏။ ၁၉၈၈ နဝတအာဏာသိမ်းပြီး နောက် ပိုင်း၌တော့ အခြား OECD အလှူ ရှင်နိုင်ငံများကဲ့သို့ပင် ODA ပေးမှု ရပ်တန့်ခဲ့သည်။ ၁၉၅၄ မှ ၁၉၈၈ အထိ အသေးစိတ်စာရင်းများအရ နယ်ပယ်စုံ ပေးအပ်ခဲ့ပြီးနောက် ၁၉၈၈ နောက်ပိုင်းတွင် မြန်မာ့ဒီမို ကရေစီ အင်အားစုဘက်မှ ရပ် တည်ပြီး စစ်ကောင်စီအစိုးရ နှစ် ဆက်လုံးကို သာမန်ထက်မပို သော အနေအထားဖြင့်သာ ဆက် ဆံခဲ့သည်။ ရန်ကုန်လေဆိပ်အ ဆင့်မြှင့်တင်ခြင်းကဲ့သို့ ထောက်ပံ့ မှုအနည်းငယ်လောက်သာ ပေးခဲ့ ပြီး သံတမန်ရေးအရသာ မှန်မှန် နေထိုင်ပြခဲ့၏။

၂၀၁၂တွင်တော့ မြန်မာ့ဒီမို ကရေစီရေး လမ်းစပွင့်လာပြီဟု ယူဆပြီး ODA အနည်းငယ် ပြန် လည်စတင်ခဲ့သည်။ ၂၀၁၃ တွင် မြန်မာကပေးရန်ရှိ ကြွေးမြီဒေါ် လာ သုံးဘီလီယံနီးပါးကို လျှော် ပေးခဲ့သည်။ ရည်ရွယ်ချက်မှာ တရုတ်၏ ထင်တိုင်းကြဲခွင့်ရနေ သော မြန်မာပြည်တွင်း ရင်းနှီးမြှုပ် နှံမှု၊ စီးပွားရေးတို့ကို ပြန်လည် ထိန်းညှိပေးနိုင်ရေးနှင့် မြန်မာ့ဒီမို ကရေစီရေး ပိုမိုရှေ့ဆက်အား ကောင်းနိုင်စေရေးပင်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအနည်းငယ် စလုပ် သည်ဟုဆိုရာ၌ မြန်မာအတွက် အလွန်အရေးပါသော သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ နယ် ပယ်နှင့် စတော့အိတ်ချိန်းဈေး ကွက် ပေါ်ထွန်းရေးများ ပါဝင်နေ ခဲ့၏။ မြန်မာမှာ လူသိများသော JICA (ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ)မှတစ် ဆင့် အခြေခံ ပြည်သူလူထုဖွံ့ဖြိုး ရေးနယ်ပယ်တချို့၌ အကူအညီ ပြန်လည် စတင်ပေးအပ်ခဲ့၏။ မဲ ခေါင်ဒေသနိုင်ငံများ၊ အခြားအာ ဆီယံ၊ အာရှ၊ အာဖရိကနိုင်ငံငယ် များနှင့်စာလျှင် သိပ်မပြောပ လောက်သေးသော အကူအညီ ဖြစ်၏။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုတွင်လည်း ခြေကုပ်ယူထားပြီး ပြန်လည်ဆက်ဆံ လမ်းစပြန်ဖွင့် ထားပြီး စောင့်ကြည့်အဆင့်ဟု မြင်ခဲ့ကြရပါသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရွေး ကောက်ပွဲအပြီးတွင်တော့ ဂျပန် -မြန်မာ ဆက်ဆံရေးကို အကြီး အကျယ် ပြန်လည်မြှင့်တင်သွား တော့မည်ဟု တရားဝင်ကြေညာခဲ့ ပြီး စနစ်တကျ ပြင်ဆင်နေခဲ့ပါ သည်။ ဒေါ်အောင်ဆန်းစုကြည် အား ပထမဆုံး တရားဝင်ပြည်ပ ခရီးစဉ်အဖြစ် စတင်ဖိတ်ခေါ်ကမ်း လှမ်းလိုက်ပြီး သတ္တမြောက်အဖြစ် သာ လက်ခံရခဲ့သော်လည်း နဂို စီစဉ်ထားသည်ထက်ပင် ပိုအောင် မြင်အောင် ဂျပန်ဘက်က ဆောင် ရွက်နိုင်ခဲ့သည်ဟု ဒိုင်းယက် (ဂျ ပန်လွှတ်တော်)တွင်း သတင်း အချို့အရ သိရှိရပါ၏။

(၅)

JDC နှင့် JIC အဖြစ် ဂျပန် ဘက်က မြှင့်တင်ထားရှိဆောင် ရွက်နေသော ODA အကူအညီ ပေးအပ်မှုတွင် ပုံစံလေးမျိုးရှိပါ သည်။ ယန်းငွေဖြင့်ချေးငွေ (L- Yen Loan)ငွေကြေးအကူအညီ (G-Grant Aid)၊ နည်းပညာပူး ပေါင်းဆောင်ရွက်မှု (T-Techni -cal Cooperation)နှင့် ဂျပန်အင်န်ဂျီအိုများအတွက် စီမံ ချက်များ၊ အခြေခံပြည်သူလူထု လုံခြုံဖူလုံတိုးတက်ရေး ဆောင် ရွက်ချက်များ ဖြစ်ကြသော Nတို့ ပါဝင်၏။ LGTN ဟုခေါ်ပါသည်။ အသေးစိတ်ကအစ အင်မတန်တိ ကျပြီး စနစ်ပိုင်း အလွန်အား ကောင်းထိရောက်လှကြောင်း ဂျ ပန် ODA ကို ကောင်းစွာအသုံးချ ယူနိုင်ခဲ့ကြသည့် နိုင်ငံများကို နမူ နာဥပမာ ယူကြည့်၍ရသည်။

ယခု မြန်မာကို ငါးနှစ်အတွင်း ဒေါ်လာ ၇ ဒသမ ၇၃ ဘီလီယံ ပေးအပ်ကူညီသွားမည်ဆိုခြင်း သည် ငွေတွေ၊ ပစ္စည်းတွေ ရော့ အင့်ဟု လက်ထဲပေးလိုက်ခြင်းမျိုး လုံးဝမဟုတ်ပါ။ LGTN ပုံစံများ ဖြင့်လာမည်ဖြစ်သည်။ အသေး စိတ် သိလိုပါက JICA တွင်ရရှိ နိုင်ပြီး ယခုစာရေးနေချိန်အထိ တော့ N အုပ်စုကို D ဟုပြောင်း ထားသော ဖွံ့ဖြိုးရေးစဉ်ဆက် မပြတ်လေ့လာမှု စာရင်းတချို့ပဲ သိရပါသေးသည်။ ဂျပန်ဗော်လန် တီယာများ စေလွှတ်ရေး(၂၀၁၅ အထိ ၃၃ ဦး လွှတ်ခဲ့ပြီးဖြစ်၏)။ ကျောင်းသားနှင့်လုပ်သား ဖလှယ် ရေးစီမံချက် (JOCV)တို့မှာ သီး ခြားအစိတ်အပိုင်းများ ဖြစ်ကြပါ ၏။ ၁၉၆၀ ပြည့်နှစ်က သူတို့ တည်ဆောက်ပေးခဲ့သော လောပိ တ လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် ဆည်တော်ကြီး ရေအားလျှပ် စစ် စက်ရုံ အကြီးစားမွမ်းမံပြင် ဆင်ရေးအတွက် နောက်ထပ်ဒေါ် လာ သန်းတစ်ရာကျော် (ယန်း ၁၀ ဒသမ ၇၈၇ ဘီလီယံ)ကတော့ ချေးငွေဖြစ်ပါ၏။ ၂၀၁၅ ကတည်း က ဒေါ်လာ တစ်ဘီလီယံကျော် ချေးငွေအကူအညီ ပေးအပ်ထားခဲ့ ၏။ ၎င်းတို့အတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင် နှုန်း (ကျပ်တစ်ရာတွင် တစ်ပြား နှုန်း)ဖြစ်ပြီး နှစ်ပေါင်း ၄၀ ကာလ ရှည်ချေးငွေဖြစ်၏။ ပထမဆယ် နှစ်ကို အတိုးပေးစရာမလိုပေ။ ဖွံ့ ဖြိုးမှုပိုမိုနောက်ကျသော ပြည် နယ်များအတွက် ၂၀၁၂ ကတည်း က ခပ်ဖြည်းဖြည်း စတင်နေခဲ့ သော လူသားချင်းစာနာထောက် ထားမှု အကူအညီဒေါ်လာ သန်း ၄၀၀ စီမံကိန်းကို ရှေ့ဆက်ရုံမက ထပ်မံ မြှင့်တင်လာဖွယ်ရှိသည်။ အမျိုးသားရင်ကြားစေ့ရေး ခေါင်း စဉ်အောက်မှ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အစီအ စဉ်များကိုလည်း LGTN နည်း လမ်းများဖြင့် ရှေ့ဆက်လာပါလိမ့် မည်။

ရန်ကုန်လေဆိပ် ပြန်လည် တည်ဆောက်ရေးအတွက် ဒေါ် လာ ၁ ဒသမ ၅ ဘီလီယံတွင်  ဂျ ပန်က ၄၉ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။ အခြားနယ်ပယ်တွေကို လည်း လှိမ့်ဝင်လာပါမည်။

နိုဝင်ဘာ ၈ ရက်တွင် ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ (JCCI နှင့် Keidanren)နှင့် မြန်မာဘက် မှ ဝန်ကြီးဦးကျော်ဝင်း၊ UMFCCI မှ လုပ်ငန်းရှင်များနှင့် သီးခြား လိုက်ပါသွားသော လုပ်ငန်းရှင် များ တွေ့ဆုံဆွေးနွေးကြသည့် မြန်မာ-ဂျပန်စီးပွားရေးဖိုရမ်သည် ရှေ့အနာဂတ် ပိုမိုကောင်းမွန်ရေး လမ်းစတစ်ရပ် အဖွင့်ဖြစ်ပါလိမ့် မည်။ အထူးပြောလိုသည်က ဂျပန်ဘက်က အစစအရာရာပြင် ဆင်ထားပြီးဖြစ်၏။ ကမ္ဘာကျော် နည်းပညာတွေအပြင် ဘယ်နယ် ပယ်မှာပဲဖြစ်ဖြစ် သုံး၍ရသော အလုပ်လုပ်ပုံစနစ်များကိုတော့ ကိုယ့်ဘာသာကိုယ် လေ့လာသင် ယူကြရပါမည်။ ပေးအပ်လာ သော အကူအညီအထောက်အပံ့ များသည်လည်း ၎င်းတို့၏ မူလ ရည်ရွယ်ချက်ဖြစ်သော ကိုယ်တိုင် ကိုယ်ကျ ကူညီတည်ဆောက်ယူ နိုင်ကြရေးကိုသာ ဦးတည်ပါလိမ့် မည်။ Supports for Self-Help Efforts ဟု သုံးစွဲထားပါသည်။ ဗီယက်နမ်၏ ဆိုရှယ်လစ်ပုံစံယိမ်း စီးပွားရေးမျိုးသည်ပင် တစ်ဟုန် ထိုး မြင့်တက်လာသည်က ဂျပန် ODA များနှင့်မကင်းပါ။ သို့ငြား ကိုယ်တိုင်စွမ်းဆောင်ခဲ့ကြရ၏။ တရုတ်ကိုလည်း ပြန်လည်ချိန်ညှိ လာနိုင်သောအဆင့် ဗီယက်နမ် ရောက်ရှိခဲ့ပေပြီ။ မြန်မာက ဒီမို ကရေစီကို ပို၍ဦးတည်သည်ဖြစ် ရိုးမှန်ပါက နယ်ပယ်စုံမှာ ပို၍ အားထုတ်ကြရပေတော့မည်။ ပေးသည်တို့ကို ရအောင်ယူတတ် ဖို့လိုသလို ကိုယ့်နိုင်ငံ ဖွံ့ဖြိုးရေး အတွက် ကိုယ်တိုင် ဝိုင်းဝန်းအား ထုတ်ကြရခြင်းက အရင်းအမြစ် ကျကျ  ဦးဆောင်စေ့ဆော်ချက်ဖြစ် ပါ၏။ ကိုယ်တိုင် တည်ဆောက်ယူ ကြရမည်။ ရလာသောအခွင့်အ ရေးတွေ အလဟဿဖြစ်မသွား စေဖို့ အရေးကြီးပါသည်။

ဂျပန်အကူအညီတစ်ခုတည်းကိုသာမဟုတ် အကြောင်းအရာ တိုင်း၌ဖြစ်သည်။ ။

===================    
251 / End