၉ နိုဝင်ဘာ ၂၀၁၆ - ၂၀:၁၄
လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင်  အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အပိုင်း (၅)

လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင် အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဤသူများသည် စစ်မှန်သောသာဝတော်များဖြစ်ကြပါသလား?
ထိုထက်ပို၍ အံ့အားသင့်ဖို့ကောင်းသည်ကို နောက်အာယတ်တော်ကို ကြည့်ခြင်းဖြင့်သိနိုင်သည်၊ မိန့်တော်မူသည်မှာ-((၎င်း(သာဝကတော်များ)တို့ အထဲမှ အချို့သည် မဒီနာမြို့သားစစ်သည်များကို စစ်မြေပြင်သည် အသင်တို့၏ နေရာမဟုတ်ချေ၊ အသင်တို့၏နေရာသည် နေအိမ်ဖြစ်၍ ပြန်ပါလေဟု ပြောလေ၏။))
(وَإِذْ قَالَتْ طَّائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لاَ مُقَامَ لَكُمْ فَارْجِعُوا)
ထို့အပြင် အချို့သာဝကတော်ကြီးများသည် စစ်မြေပြင်ကို ကျောခိုင်း နိုင်ရန် အကြောင်းမရှိအကြောင်းရှာပြီး တမန်တော်မြတ်ကြီး(ဆွ)ထံ ရောက်လာပြီး လျှောက်ထားကြောင်း ကျမ်းတော်မြတ်ကုရ်အာန်၌ မိန့်တော်မူသည်မှာ-
(فِرَاراً وَيَسْتَأْذِنُ فَرِيقٌ مِّنْهُمْ النَّبِىَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِىَ بِعَوْرَة إِنْ يُرِيدُونَ إِلاَّ)
(၎င်း(သာဝကတော်များ)ထဲမှအချို့မိမိတို့၏အိမ်မလုံခြုံသဖြင့်ပြန်ခွင့်ပေး ရန် ကိုယ်တော်မြတ်(ဆွ)ထံ ခွင့်တောင်း၏။ အမှန်တကယ်၎င်းတို့၏ အိမ်များသည် မလုံခြုံ၍ မဟုတ်ဘဲ စစ်မတိုက်ရအောင် အကြောင်းပြ၍ လိမ်လည်ခြင်း ဖြစ်ပေ သည်။)
ဒီလိုအခြေအနေရှိနေသောသာဝကများ၏လုပ်ရပ်များကိုမျက်ကွယ်ပြုဖို့၊(စစ်မှန်သောမွတ်စလင်များ)၎င်းတို့နှင့်ပတ်သက်၍စောဒကမတက်နိုင်ရေးသည်ဖြစ်နိုင် ပါသလား?
ဒီထက်ပိုပြီးဆိုးရွားလာသည်ကားသာဝကတော်ကြီးများဟုဆိုသူ များသည်တမန်တော်မြတ်ကြီး(ဆွ)အားအလွဲသုံးစား((ခယာနတ်))လုပ် သည်ဟုစွပ်စွဲခြင်းပင်ဖြစ်ပါသည်။
ဤအကြောင်းကိုကျမ်းတော်မြတ်ကုရ်အာန်စူရဟ်အာလေအင်မါ ရာမ်အာယတ်တော်အမှတ် ၁၆၁ ၌ လေ့လာနိုင်ပေသည်။
وَمَا كَانَ لِنَبِيٍّ أَنْ يَغُلَّ وَمَنْ يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ الْقِيَامَةِ ثُمَّ تُوَفَّى كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لا يُظْلَمُونَ
((မည်သည်နဘီတမန်တော်မျှအလွဲသုံးစားလုပ်ခြင်းသည်မဖြစ်နိုင်ချေ။ မည်သူမဆိုအလွဲသုံးစားပြုပါက၊ မိမိအလွဲသုံးစားပြုထားသောအရာနှင့်အတူ ကေယာမတ်နေ့၌ ပြန်လည်ရှင်သန်ရပေမည်။ မည်သူမဆိုမိမိလုပ်ခဲ့သလို ပြန်လည်ရရှိမည် ဖြစ်ပါသည်။ မည်သူအပေါ်မျှမတရားပြုလုပ်မည်မဟုတ် ချေ။)) ဆိုလိုသည်ကားအကယ်၎င်းအပြစ်ဒဏ်ခံရမည်ဆိုပါကလည်းမိမိ၏လုပ်ရပ်ကြောင့်သာဖြစ်ပေသည်။  
အထက်ဖော်ပြပါအာယတ်တော်နှင့် စပ်လျဉ်း၍ ကျရောက်လာရသည့် အကြောင်းအရင်းနှစ်ခု((၂))ရပ်တွေ့ရပါသည်။
တချို့သဖ်စီးပညာရှင်များက သာဝကအဗ်ဒွလ်လ္လာဟ်ဗင်ဂျဘီးရ် ကြောင့်ဟုဆိုထား၏။
အိုဟွဒ်စစ်ပွဲ၌ ၎င်းသာဝကနှင့်အပေါင်းအပါများကို ((အိုင်းနှိုင်း))ဆိုသည် နေရာ၌ နေရန် တမန်တော်မြတ်(ဆွ)မှ အမိန့်ပေးခဲ့သည်။ ၎င်းတို့အား စစ်နိုင် သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေဤနေရာကိုမဖယ်ရန်လည်း မိန့်တော်မူထား၏။
သာဝကအဗ်ဒွလ်လ္လာဟ်ဗင်ဂျဘီးရ်၏အပေါင်းအပါးများသည်၊မာ လေဂနီးမသ်((စစ်နိုင်၍ရန်သူထံမှရရှိသောပစ္စည်း))ကိုရယူရန်မိမိနေရာ မှထွက်သွားကြလေသည်။
ဤထက်ပိုဆိုးသောလုပ်ရပ်မှာ တမန်တော်မြတ်ကြီးစစ်နိုင်ရ ပစ္စည်းတွေကိုခွဲချိန်၌ မမျှမတလုပ်မည်ကိုစိုးရိမ်ရပါသည်ဟု ကိုယ်တော်(ဆွ)အားစွပ်စွဲပြောဆိုသောစကားပင်ဖြစ်ပေသည်။
((ဤနေရာ၌၎င်းသာဝကများကတမန်တော်မြတ်(ဆွ)အားပြောခဲ့သောစ ကားအရင်းကိုဖော်ပြရန်မသင့်တော်သဖြင့်မတင်ပြတော့ပေ။))
အာယတ်တော်ကျရောက်လာသည့်အကြောင်းရင်း နောက်တစ်ခုကို ((အိဗ်နေကစီးရ်))၊နှင့်((သဗ်ရီး))တို့တွင် တင်ပြထားပါသည်။
ဗဒဲရ်စစ်ပွဲအပြီး အဖိုးတန်အနီရောင်အဝတ် ပျောက်သွား၏။ အချို့ သာ သာဝကများက ((မအာဇလ္လာဟ်)) တမန်တော်မြတ်(ဆွ)ယူပါသည်ဟု စွပ်စွဲ သမုတ်ကြ၏။ သို့သော်သိပ်မကြာလိုက်ပေ ၎င်းအဝတ်ကိုပြန်တွေ့၏။
အမှန်တရားကို ဆန်းစစ်ရာ၌ စစ်သည်တစ်ယောက် ခိုးထားခဲ့ကြောင်း သိရလေ၏။
ဒီလိုတမန်တော်မြတ်ကြီး(ဆွ)အား မတော်မတရား၊ စွပ်စွဲသော သာဝက များကို လေးစားထိုက်ပါသလား၊ အပြစ်မရှိဟုသတ်မှတ်ပေးလို့ရပါသလား။
အထက်ပါဖော်ပြထားချက်များကြည့်ပြီးမိမိ၏နှလုံးသားကိုတရားသူ ကြီးအဖြစ်သတ်မှတ်ပြီးဆုံးဖြတ်ကြည့်ပါ။ ဤကဲ့သို့အမည်ခံသာဝက များကိုတရားမျှတပါသည်၊ အပြစ်ကင်းပါသည်၊ ၎င်းတို့၏ လုပ်ရပ်များကိုမည်သူမျှစောဒကတက်ခွင့်မရှိဟုအသင်လက်ခံပါသလား။
ကျွန်ုပ်အနေဖြင့် တမန်တော်မြတ်ကြီး(ဆွ)၏သာဝတော်ကြီးများ အကြား၊ သူတော်စင်၊ သူတော်ကောင်းများဖြစ်ကြကြောင်းလက်ခံပါသည်။ သို့ သော်သာဝတော်များအားလုံးသည် တရားမျှတပါသည်၊ အပြစ်ကင်းပါသည်၊ သူတော်စင်၊ သူတော်ကောင်းများဖြစ်ပါသည်။ မည်သူမျှ၎င်းတို့နှင့်ပတ်သက်၍ စောဒကတက်ခွင့်မရှိဟု ခြုံပြီးပြော၍မရပေ။ ဤကဲ့သို့ဆိုခြင်းသည် အမှန်တကယ် အံ့သြစရာတစ်ခုပင်တည်း။

ဤသည်မည်ကဲ့သို့သောတရားမျှတမှုပါလိမ့်။
    အပြင်ပိုင်းဆိုင်ရာအရ တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော် ကြီးများမှ တစ်ဦးဖြစ်သူ(မအ်ဝေယာ)အနေဖြင့် သာဝကတော်ကြီးတစ်ပါး ဖြစ်ပြီး၊မြင့်မြတ်သောနေရာ၏ပိုင်ရှင်ဟဇရတ်(သ)အလီ(အ.စ)အားနှစ်ပေါင်း များစွာကိုယ်တိုင်ဆဲရေးတိုင်းထွာကာ၊လအ်နသ်လုပ်ခဲ့လေသည်။ ထို့အပြင်မြို့များ ရှိမြို့သူ၊ မြို့သားများ တစ်ယောက်မျှ မကျန်အားလုံးကိုဟဇရတ်  (သ)အလီ(အ.စ)အား ဆဲရေးတိုင်းထွာရန်၊ လအ်နသ်လုပ်ရန်အမိန့်ထုတ်ခဲ့ လေသည်။
    ဤအကြာင်းနှင့်စပ်လျဉ်း၍ အောက်ဖေါ်ပြပါ ဟဒီးစ်တော်(၂)ခုအား ဂရုပြုသင့်ပေသည်။
၁။စိတ်အချရဆုံးအဟ်လေစွန္နတ်၏ကျမ်းဂန်များမှတစ်ကျမ်းဖြစ်သောစဟီးမွတ်စလင်၌ပါရှိသည်မှာ-
    မအ်ဝေယာသည်စအ်ဗင်အဘီဝါကာဇ်ကိုအသင်အနေဖြင့်အဗူသိုရသ် (ဟဇရတ်(သ)အလီ(အ.စ)အား အဘယ်ကြောင့်ဆဲရေးတိုင်းထွာမှုနှင့် လအ်နသ် မလုပ်ရပါသနည်းဟုမေးလေ၏။ ၎င်းကပြန်လည် ဖြေကြားသည်မှာ-အကျွန်ုပ် သည် တမန်တော်မြတ်ကြီး(ဆွ)ထံမှ ၎င်းနှင့်ပတ်သက်၍ အရေးအကြီးဆုံး (سه فضيلت  )ကြီးကျယ်မြင့်မြတ်မှုသုံးခုအား နားသောတဆင်ခဲ့ရပေသည်။ ၎င်းသုံးခုအနက်တစ်ခုသာလျှင် ကျွန်ုပ်ပိုင်ဆိုင်လိုက်ပါကလောက၏ အကြီးမားဆုံးစည်းစိမ်၊ ဥစ္စာထက်ပင်ပို၍ အရေးကြီး တန်ဖိုးရှိပေသည်။ ဤသက်သေ အထောက်အထားကြောင့် (ဟဇရတ်(သ)အလီ(အ.စ)အား ဆဲ ရေးတိုင်းထွာခြင်း၊ လအ်နသ်လုပ်ခြင်း မပြုလုပ်ခြင်းဖြစ်ပေသည်။
    စွန္နီပညာရှင်များအနက်မှကျော်ကြားသော ပညာရှင်တစ်ဦး                (ابن عبد ربّه اندلسى )အိဗ်နေအဗ်ဒွလ်ဘေအန်ဒါလေစီက မိမိ၏ကျမ်း(العقد الفريد)၌ ရေးသားသည်မှာ-
    ဟစန်ဗင်အလီ(အ.စ){ဟဇရတ်(သ)အလီ(အ.စ)}ရှဟီးဒ်ဖြစ်တော်မူပြီး နောက်မအ်ဝေယာသည် အလ္လာဟ်ဟိုအရှင်မြတ်၏အိမ်တော်(ကအ်ဗာ)အား ဇေယာရတ်(သ)ပြုလုပ်ရန်လာပြီး မဒီနာရွှေမြို့တော်ရှိမင်ဘဲရ်ရေရ စူလ်(ဆွ) {တမန်တော်မြတ်ကြီး(ဆွ)}၏တရားပလ္လင်ပေါ်မှဟဇရတ်(သ)အလီ(အ.စ)အားဆဲရေးတိုင်းထွာပြီးလအ်နသ်ပြုရန်နီယတ်(သ)ဖြင့်မဒီနာရွှေ မြို့တော်သို့ခရီးထွက် ခဲ့သည်။
မအ်ဝေယာအားတစ်ချို့က မက်စ်ဂျစ်ဒ်၌ စအ်ဗင်အဘီဝါကာဇ်ရှိနေ ကြောင်း၎င်းက ဤလုပ်ရပ်အတွက် သည်းခံမည်မဟုတ်ကြောင်း၊ ပြင်းပြင်း ထန်ထန် ကန့်ကွက်မှုပြုနိုင်ပေရာ တစ်ဦးတစ်ယောက်ကို စေလွှတ်ပြီး ၎င်းနှင့်ဆွေးနွေးသင့်ကြောင်းပြောကြားလေ၏။
မအ်ဝေယာက စုံစမ်းမေးမြန်းရန် တစ်ဦးတစ်ယောက်ကို စအ် ဗင်အဘီဝါကာဇ်ထံ စေလွတ်လိုက်ပြီး အကြောင်းအရာကို၎င်းထံပြောခိုင်း လေ၏။ စအ်ဗင်အဘီဝါကာဇ်အဖြေပြန်ပေးလိုက်သည်မှာ-ဤကဲ့သို့ လုပ်မည်ဆိုလျှင် ကျွန်ုပ်အနေဖြင့်မက်စ်ဂျစ်ဒ်ဒေနဗဝီမှ ထွက်သွားမည်ဖြစ်ပြီး လုံးဝဤမက်စ်ဂျစ်ဒ် တော်သို့လာမည်မဟုတ်ပေ။
မအ်ဝေယာသည် စအ်ဗင်အဘီဝါကာဇ်၏ အဖြေကိုကြားရပြီး  နောက်ဟဇရတ်(သ)အလီ(အ.စ)အားဆဲရေးတိုင်းထွာခြင်း၊ လအ်နသ်ပို့သ ခြင်းကိုစအ်ဗင်အဘီဝါကာဇ်ကွယ်လွန်ချိန်အထိမလုပ်ခဲ့ပေ။ ၎င်းကွယ်လွန် ပြီးနောက် မင်ဘဲရ်ပေါ်မှ ကိုယ်တိုင်ဟဇရတ်(သ)အလီ(အ.စ)အားဆဲရေး တိုင်းထွာပြီး၊ လအ်နသ်ပို့ခဲ့ပြီး မိမိမြို့ဝန်များကို မင်ဘဲရ်ပေါ်မှ ဟဇရတ်(သ)အလီ (အ.စ)အားဆဲရေးတိုင်းထွာပြီး၊လအ်နသ်ပြုဖို့အမိန့်ပေးခဲ့လေ၏။ မြို့ဝန် များလည်း အမိန့်နာခံခဲ့ကြပေသည်။
ဤသတင်းဆိုးအား တမန်တော်မြတ်ကြီး(ဆွ)၏ ကြင်ယာတော် အွန်မေစလ်မာ သခင်မကြားတော်မူသောအခါ မအ်ဝေယာထံ စာရေးပို့ လေ၏။စာသားသည်ကား-အသင်သည် မင်ဘဲရ်ပေါ်မှ နေ၍ အလ္လာဟ်၊ ရစူလ်(ဆွ)၊ ကို ဆဲရေးတိုင်းထွာပြီး၊ လအ်နသ်ပြုရပါသလား? အသင်သည်  ဟဇရတ်(သ) အလီ(အ.စ)အား ဆဲရေးတိုင်းထွာပြီး၊ လအ်နသ်ပို့ဖို့ အဘယ်ကြောင့်အမိန့် ပေးခဲ့ရပါသနည်း?
(و من أحبّه)ကျွန်မသက်သေထူပါသည်။ အလ္လာဟ်ဟိုအရှင်မြတ်သ ခင်သည် ဟဇရတ်(သ)အလီ(အ.စ)အား အချစ်မေတ္တာထားတော်မူ၏။ ရစူလ်(ဆွ)သည်ဟဇရတ်(သ)အလီ(အ.စ)အားအချစ်မေတ္တာထားတော်မူ၏။မည်သူမဆိုအလီ(အ.စ)အားအချစ်မေတ္တာထားခြင်းသည် အလ္လာဟ်၊ရစူလ်(ဆွ)အား အချစ်မေတ္တာထားခြင်းဖြစ်ပြီး အမှန်တကယ်၎င်းအပေါ်လအ်နသ်လုပ် ခြင်းသည် အလ္လာဟ်၊ ရစူလ်(ဆွ)အပေါ်လုပ်ခြင်းဖြစ်ပေသည်။ မအ်ဝေယာ (လ.န)သည် ဂျနာဗေအွန်မေစလ်မာစာကိုဖတ်သော်ငြားလည်းနားမ ထောင်ခဲ့ချေ။
    ဤကဲ့သို့မကောင်းသောယုတ်ညံ့သောလုပ်ရပ်များသည်တရားမျှတမှု၊သီလသမာဓိရှိမှုအတွက်မဆန့်ကျင်နေပါသလော?
    အသိဉာဏ်၊ စဉ်းစားဆင်ခြင်တုံတရားရှိသူတိုင်း၊ တရားမျှတသူတိုင်း ဟဇရတ်(သ)အလီ(အ.စ) ကဲ့သို့သောသူတော်စင်၊သူတော်ကောင်း၊မြင့် မြတ်သူအား လူမဆန်သောလုပ်ရပ်၊ နေရာအနှံ့ဆဲရေးတိုင်းထွာခွင့်၊ လအ်နသ်ပြုခွင့် ပေးမည်မဟုတ်ပေ။
အာရပ်ကဗျာဆရာတစ်ဦးက ပြောသည်မှာ-
! اعلى المنابر تعلنون بسبّه *** و بسيفه نصبت لكم أعوادها؟
အဓိပ္ပါယ်-အသင်အနေဖြင့် အလီ(အ.စ)၏ အင်အားကြောင့် ယနေ့ မင်ဘဲရ် ရှိနေရတာကို အဲဒီမင်ဘဲရ်ပေါ်ကနေ ဆဲရေးတိုင်းထွာပြီး၊ လအ်နသ်ပို့ရပါသလား?
    ဤနေရာ၌ ကဗျာဆရာသည် (بسيفه)ဓားဟု သုံးထားပါသည်။ သို့သော် ဆိုလိုသည်မှာ မောင်လာအလီ(အ.စ)၏ အစွမ်းသတ္တိ၊ အင်အားကို ဆိုလိုခြင်း ဖြစ်ပေသည်။ ဘာသာပြန်ဆိုသူ

========================
251 / End