၁၂ နိုဝင်ဘာ ၂၀၁၆ - ၁၇:၅၉
နာမည်ကျော် နီပေါမျက်စိအထူးကုဆရာဝန်နှင့် မြန်မာမျက်စိအထူးကုဆရာဝန်များ ပူးပေါင်း၍ အတွင်းတိမ်လူနာခုနစ်ရာကျော်အား အခမဲ့ခွဲစိတ်မည်

နီပေါနိုင်ငံမှ မျက်စိအ ထူးကုဆရာဝန်ကြီး ပရော်ဖက် ဆာ Dr.Sanduk Ruit ဦးဆောင် သောအဖွဲ့သည် မြန်မာနိုင်ငံမှ မျက်စိအထူးကုဆရာဝန်များနှင့် ပူးပေါင်း၍ အတွင်းတိမ်လူနာ ၇၆၀ ခန့်အား အခမဲ့ခွဲစိတ် ကုသ ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နီပေါနိုင်ငံမှ မျက်စိအ ထူးကုဆရာဝန်ကြီး ပရော်ဖက် ဆာ Dr.Sanduk Ruit ဦးဆောင် သောအဖွဲ့သည် မြန်မာနိုင်ငံမှ မျက်စိအထူးကုဆရာဝန်များနှင့် ပူးပေါင်း၍ အတွင်းတိမ်လူနာ ၇၆၀ ခန့်အား အခမဲ့ခွဲစိတ် ကုသ ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သြစတြေးလျအခြေစိုက် The Fred Hollows Foundation နှင့် Himalayan Cataract Projectတို့ကဲ့သို့ နိုင်ငံတကာ အင်န်ဂျီအို အဖွဲ့အစည်းများ၏ ပံ့ပိုးမှုအစီအစဉ်ဖြင့် Dr.Sanduk Ruit သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်လာ ရောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အတွင်းတိမ်လူနာများအား ကုသ မှုပေးခြင်းနှင့်  မျက်စိအထူးကု ဆရာဝန်များအား နည်းပညာပံ့ပိုး ခြင်းများ ကူညီပေးမည် ဖြစ် ကြောင်း သိရသည်။

‘‘မြန်မာနိုင်ငံကို လာရောက် တဲ့ နီပေါအဖွဲ့ Tilganga Instituteof Ophthalmology ဆိုတာ သူတို့နိုင်ငံမှာ အတိုးတက်အအောင်မြင် ဆုံး ကမ္ဘာနဲ့အညီ ရင်ပေါင်တန်း နိုင်တဲ့ Eye Centre တစ်ခုဖြစ် တယ်။ မြန်မာနိုင်ငံကို လာရောက် ကူညီပေးတဲ့အတွက် သူတို့ရဲ့ နည်းပညာတွေ လေ့လာခွင့်ရ တယ်။ နောက် မျက်စိကုသရေး အပိုင်းမှာ လိုအပ်တဲ့ ပစ္စည်း ထောက်ပံ့မှုတွေ အများကြီးရလာ တယ်။ မျက်စိလောကတိုးတက်ဖို့ အတွက် သင်တန်းသားတွေကို လည်း ပေးပို့ခွင့်ရတယ်။

သူကတစ်ဆင့် မြန်မာနိုင်ငံ ရဲ့မျက်စိကုတဲ့ Eye Care Program တွေကို အဲဒီနိုင်ငံတကာ အင်န်ဂျီအိုအဖွဲ့အစည်းတွေက စိတ်ဝင်စားလာပြီး ထောက်ပံ့ကူညီမှုတွေ ရလာတယ်’’ဟု ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး    ပါမောက္ခဌာနမှူး ဒေါက်တာတင်ဝင်းက ဆိုသည်။

ပရော်ဖက်ဆာ ဒေါက်တာ Sanduk Ruit အပါအဝင်သူနာပြု နှင့် ကျွမ်းကျင်သူ ခုနစ်ဦးပါဝင် သောအဖွဲ့သည် မြန်မာနိုင်ငံမှ မျက်စိအထူးကုဆရာဝန်များ၊ သူ နာပြုများနှင့်ပူးပေါင်းကာ ရန်ကုန် မျက်စိအထူးကုဆေးရုံကြီး၌ အ တွင်းတိမ်လူနာ ၆၀ ဦး၊ ဖြူးပြည် သူ့ဆေးရုံကြီး၌ အတွင်းတိမ်လူ နာ ၇၀၀ ဦးခန့်အား နိုဝင်ဘာ ၁၀ ရက်မှ ၁၇ ရက်အထိ မျက်စိခွဲ စိတ်ကုသမှုများကို ရက်သတ္တပတ်ခန့် ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။

‘‘မျက်စိအထူးကုဆရာဝန် ကြီး ဒေါက်တာ Ruit ကို နီပေါနိုင် ငံမှာ Nepal’s Magic Surgeon  လို့တင်စားကြတယ်။ သူဟာ နိုင်ငံတကာ ထူးချွန်ဆုတွေ ရထား တယ်။ CNN Hero Award Nomination တစ်ဦးလည်းဖြစ် တယ်။ အစ်မတို့ဆီ မျက်စိခွဲစိတ် ကုသမှုတွေ အခမဲ့လာပြီး လုပ်ပေးနေတာ ဒါနဲ့ဆို လေးကြိမ်ရှိပြီ။ တ တိယအကြိမ်လာတုန်းက တောင် ကြီးမြို့နယ် ဟိုပုံးကျေးရွာက အ သက်(၁၀၆)နှစ်ရှိပြီဖြစ်တဲ့ အဘွား ကို မျက်စိခွဲစိတ်မှုလုပ်ပေးတာ အောင်မြင်တယ်။ ရှေ့ဆက်ပြီး လည်း ကူညီပေးစေချင်တယ်’’ဟု ပရော်ဖက်ဆာ ဒေါက်တာ Sanduk Ruit ၏ Tilganga Eye Centre သို့ သွားရောက်လေ့လာ ခဲ့သည့် အဆိုတော် သျှီက ဆို သည်။

ပရော်ဖက်ဆာဒေါက်တာ Sanduk Ruit နှင့်အဖွဲ့သည် ၂၀၁၃တွင် မြန်မာနိုင်ငံရှိ အတွင်းတိမ် လူနာဦးရေ ၇၀၀ ၊ ၂၀၁၄ တွင် ၄၅၀၊ ၂၀၁၅ တွင် ၈၅၀ ဦးတို့အား ခွဲစိတ်ကုသပေးခဲ့ပြီး ၂၀၁၆တွင် ၇၆၀ ဦးခန့်အား အခမဲ့ခွဲစိတ်ပေး မည်ဖြစ်ကြောင်း သိရသည်။

===================    
251 / End