၁၈ နိုဝင်ဘာ ၂၀၁၆ - ၁၉:၀၉
ဒေါက်တာစင်သီယာမောင် ၂၀၁၆ လူသားချင်းစာနာထောက်ထားမှု သူရဲကောင်းဆု ရရှိ

ရန်ကုန် - မြန်မာနိုင်ငံမှ ဒေါက် တာစင်သီယာမောင်အား ၂၀၁၆ ခုနှစ်အတွက် လူသားချင်းစာနာ ထောက်ထားမှုသူရဲကောင်းဆုကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ကြီးတစ်ခုဖြစ်သည့် AidEx အဖွဲ့က ချီးမြှင့်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန် - မြန်မာနိုင်ငံမှ ဒေါက် တာစင်သီယာမောင်အား ၂၀၁၆ ခုနှစ်အတွက် လူသားချင်းစာနာ ထောက်ထားမှုသူရဲကောင်းဆုကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ကြီးတစ်ခုဖြစ်သည့် AidEx အဖွဲ့က ချီးမြှင့်ခဲ့သည်။

မြန်မာ - ထိုင်း နယ်စပ် မဲ ဆောက်၌ နှစ်ပေါင်း ၂၀ ကျော် ကြာ ကာလတစ်လျှောက် မြန်မာ ဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော မယ် တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်သည် ယခုဆု မတိုင်မီကလည်း ငြိမ်း ချမ်းရေးဆု၊ ဒီမိုကရေစီဆု၊ လူ့ အခွင့်အရေးဆု၊ လွတ်မြောက်ရေး ဆု စသည့်နိုင်ငံတကာဆုပေါင်း ၂၄ ဆု ချီးမြှင့်ခံထားရပြီး ဖြစ် သည်။

ယခု ၂၅ ခုမြောက်ဆုကို နို ဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ  ဘရပ်ဆဲလ် မြို့၌  ကျင်းပသည့်  AidEx  ၏ Flagship Conference and  Exhibition တွင် ချီးမြှင့်မည်ဖြစ် သည်။ မယ်တော်ဆေးခန်း၏စာ ရင်းအရ ဆေးခန်းသို့လာရောက် ဆေးကုသမှုခံယူသည့်လူနာများ ၏ ၄၅ ရာခိုင်နှုန်းခန့်သည် မြန်မာ နိုင်ငံမှ ကျန်းမာရေး ပြုစုစောင့် ရှောက်မှု ရယူကြသူများ  ဖြစ် သည်။ ၅၅ ရာခိုင်နှုန်း၏အများစု သည် ထိုင်းကျန်းမာရေးစောင့် ရှောက်မှုစနစ်ကို လက်လှမ်းမီနိုင် မှုအကန့်အသတ်ရှိနေသည့် ထိုင်း နိုင်ငံရောက် လက်မှတ်မဲ့ ရွှေ့ ပြောင်း  အလုပ်သမားများ  ဖြစ် သည်။  

===================    
251 / End