၂၀ နိုဝင်ဘာ ၂၀၁၆ - ၁၆:၃၉
တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ ၃၀ တွင် မြန်မာပါဝင်

ကမ္ဘာပေါ်တွင် တီဘီ၊ ဆေးယဉ်ပါးတီဘီနှင့် အိတ်ခ်ျအိုင် ဗီတီဘီဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ ၃၀ တွင် မြန်မာနိုင်ငံပါဝင်နေ ကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်မှ သတင်း ရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကမ္ဘာပေါ်တွင် တီဘီ၊ ဆေးယဉ်ပါးတီဘီနှင့် အိတ်ခ်ျအိုင် ဗီတီဘီဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ ၃၀ တွင် မြန်မာနိုင်ငံပါဝင်နေ ကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်မှ သတင်း ရရှိသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါ သည် အဓိကကျန်းမာရေးပြဿ နာတစ်ရပ်အနေဖြင့် ရှိနေကာ ပျမ်းမျှအားဖြင့် တီဘီရောဂါကြောင့် သေဆုံးနှုန်းသည် လူဦးရေတစ်သိန်း လျှင် ၄၉ ဦးရှိနေကြောင်း ၂၀၁၆ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

‘‘တီဘီဖြစ်ပွားနှုန်းအမြင့်မား ဆုံးနိုင်ငံ ၃၀ ထဲမှာရော၊ ဆေးယဉ် ပါးတီဘီဖြစ်ပွားနှုန်း အမြင့်မားဆုံး နိုင်ငံ ၃၀ ထဲမှာရော၊ အိတ်ခ်ျအိုင် ဗီတီဘီဖြစ်ပွားနှုန်းနိုင်ငံ ၃၀ ထဲမှာ ရော မြန်မာကတစ်နိုင်ငံကအဖြစ် ပါဝင်နေတယ်’’ဟု အမျိုးသားတီ ဘီရောဂါ တိုက်ဖျက်ရေးစီမံချက် မန်နေဂျာ   ဒေါက်တာစည်သူ အောင်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက တီဘီရောဂါနှင့်ပတ် သက်၍ ၂၀၁၆-၂၀ အမျိုးသား မဟာဗျူဟာစီမံကိန်းများရေးဆွဲ ကာ တီဘီရောဂါစစ်ဆေးခြင်း ကို အရှိန်မြှင့်ဆောင်ရွက်ခြင်း၊ အ သက်အရွယ်အားလုံးတွင် ရော ဂါအမျိုးအစားရှာဖွေဖော်ထုတ်ကု သခြင်း၊ ကူးစက်မှုနှင့် တီဘီရော ဂါဖြစ်ပွားမှုကို ကာကွယ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိ ရသည်။

‘‘အဓိကပြောချင်တာက ကျွန်မတို့မြန်မာဟာ ကမ္ဘာမှာ တီ ဘီအဖြစ်များဆုံး၊ ဆေးယဉ်ပါးတီ ဘီအဖြစ်များဆုံးတွေထဲမှာ ပါနေ ပါပြီ။ ပြည်သူတစ်ရပ်လုံးက တီ ဘီရောဂါအန္တရာယ်နဲ့ ဖြစ်ပွားပုံ၊ မကူးစက်အောင် ဘယ်လိုနေထိုင် ရမလဲဆိုတာ အားလုံးသိပြီးမှ ပြည်သူကူညီမှ တီဘီရောဂါကို မြန်မာနိုင်ငံက ပပျောက်အောင် တိုက်ဖျက်နိုင်မှာမို့ ၀ိုင်းဝန်းကူညီ ကြပါ။ ကိုယ့်တိုင်းပြည်နဲ့ တီဘီ ရောဂါအခြေအနေကို အားလုံးက သာ သိသွားမယ်ဆိုရင် တီဘီကို တိုက်ဖျက်ချေမှုန်းနိုင်မှာပါ’’ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးယဉ်ပါးတီဘီတိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒေါက်တာခင်ဆွေဝင်း က ပြောသည်။

ကမ္ဘာပေါ်တွင် ရောဂါဆယ် မျိုးကြောင့် သေဆုံးရသော အ ကြောင်းရင်းထဲတွင် တီဘီရော ဂါသည် တစ်ခုအပါအ၀င်ဖြစ်ပြီး အိတ်ခ်ျအိုင်ဗီရောဂါကြောင့် သေဆုံးရမှုထက်ပိုမိုများပြားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

===================    
251 / End