၂၁ နိုဝင်ဘာ ၂၀၁၆ - ၁၉:၃၉
၂၁ ရာစုပင်လုံညီလာခံတွင် အရပ်ဘက်အဖွဲ့အစည်းများအတွက် ကိုယ်စားလှယ်နေရာ သတ်မှတ်ပေးရေးတောင်းဆို

၂၁ ရာစု ပင်လုံညီလာခံ တွင် အရပ်ဘက်အဖွဲ့အစည်းများ အတွက် ညီလာခံကိုယ်စားလှယ် နေရာသတ်မှတ်ပေးရန် အရပ် ဘက်လူမှုအဖွဲ့အစည်းများက ထပ်မံတောင်းဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၁ ရာစု ပင်လုံညီလာခံ တွင် အရပ်ဘက်အဖွဲ့အစည်းများ အတွက် ညီလာခံကိုယ်စားလှယ် နေရာသတ်မှတ်ပေးရန် အရပ် ဘက်လူမှုအဖွဲ့အစည်းများက ထပ်မံတောင်းဆိုခဲ့သည်။


ကော်မတီဝင် ၄၃ ဦးဖြင့် ဖွဲ့စည်းထားသော ပထမအကြိမ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီက နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းပွဲလင်းပြုလုပ်စဉ် ယခုကဲ့သို့တောင်းဆိုခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)  ၏အရပ်ဘက်အဖွဲ့အစည်းများ ဖို ရမ်ဖြစ်မြောက်ရေး အလုပ်အဖွဲ့ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များသည် နို ၀င်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၌တွေ့ဆုံညှိနှိုင်းပြီးနောက် ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်အမြန်ဆုံးကျင်းပနိုင်ရန် ဖြစ် မြောက်ရေးကော်မတီ ဖွဲ့စည်းခဲ့သည်။

‘‘ကျွန်တော်တို့က ပြည်သူနဲ့ နီးတယ်။ နီးတဲ့အတွက်ကြောင့် နှစ်ဖက်စလုံးအတွက် အကျိုးရှိ မယ်။ ညီလာခံမှာ ကျွန်တော်တို့ပါ ခြင်းအားဖြင့် ပြည်သူ့အသံကို သူ တို့(အစိုးရ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ များ) ဆီသယ်ပေးနိုင်သလို သူတို့ အသံကိုလည်း ပြည်သူ့ဆီကို ရောက်အောင် လုပ်ပေးနိုင်ဖို့ ဒီလို တိုက်ရိုက်ပါဝင်ဖို့ လိုတယ်ဆိုတာ ကို အဆိုပြုတာ’’ဟု ဖိုရမ်ဖြစ် မြောက်ရေးကော်မတီဝင်ဦးကျော် သူက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အရပ်ဘက်လူမှုအ ဖွဲ့အစည်းများအတွက် ညီလာခံ ကိုယ်စားလှယ်ငါးနေရာ (သို့မ ဟုတ်) ၁၀ နေရာ သီးသန့်သတ် မှတ်ပေးရန် (သို့မဟုတ်) ပါဝင် သင့်ပါဝင်ထိုက်သူများဆိုသည့် အစုအဖွဲ့မှ အချို့နေရာကို အရပ် ဘက်အဖွဲ့အစည်းများအတွက် ခွဲ ဝေသတ်မှတ်ပေးရန် တောင်းဆို ရာ ပြေလည်မှုမရဟု ဖိုရမ်တာ ၀န်ရှိသူများက ပြောသည်။

‘‘ညီလာခံမှာ ကျွန်တော်တို့ ၀င်ထိုင်နေတယ်ဆိုရင် ပြည်သူလူ ထုက တင်ပြလိုက်တဲ့ အချက်တွေ မှာ သူတို့က တစ်စုံတစ်ရာ ဒီအ ပေါ်မှာမရှင်းတာ၊ မလင်းတာဖြုတ် ချင်တာရှိရင် ကျွန်တော်တို့က ဒါ တော့မဖြုတ်ပါနဲ့။ ပြည်သူ့အတွက် လိုအပ်ပါတယ်ဆိုတာကို ပြောချင် တဲ့ ဆန္ဒနဲ့ကျွန်တော်တို့ ထိုင်ချင် တာ။ အခုအထိလည်း ထိုင်ဖို့ဆန္ဒက မလျှော့သေးဘူး။ ထိုင်ချင်တုန်းပဲ’’ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင် ဦးသွင်လင်းအောင်က ပြောသည်။

UPDJC က တရားဝင်အသိ အမှတ်ပြုမည့် အရပ်ဘက်လူ့အဖွဲ့ အစည်းများဖိုရမ်ကို ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပရန် လျာထား သည်ဟုသိရသည်။ အဆိုပါ ဖိုရမ် ကို လူဦးရေ ၅၀၀ ထက် မပိုသော ကိုယ်စားလှယ်များတက်ရောက် နိုင်ကြောင်း သိရသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်း များဖိုရမ်ကျင်းပရန် UPDJC ဥက္က ဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ခဲ့ပြီး ဖိုရမ်တွင်ဆွေးနွေးမည့် အကြောင်းအရာများကို UPDJC က သတ်မှတ်ပေးခဲ့သည်။

အရပ်ဘက်လူ့အဖွဲ့အစည်း များ ဖိုရမ်သည်အကြောင်းအရာ အလိုက် ကျင်းပသော အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပြီး ပြန်လည်နေရာချထားရေး၊ ပြန် လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုး ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖက်ဒ ရယ်စနစ်ဆိုင်ရာစီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးဆိုင် ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်သည် ဟု သတ်မှတ်ပေးထားသည်။

ယင်းသို့သတ်မှတ်ပေးထား သော်လည်း အရပ်ဘက်လူမှုအဖွဲ့ အစည်းများက နိုင်ငံရေး၊ လူမှု ရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေ ယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ကဏ္ဍအားလုံးကို ဆွေးနွေးလို သည်ဟု ထုတ်ဖော်ပြောကြားထား သည်။

အရပ်ဘက်လူ့အဖွဲ့အစည်း များဖိုရမ်တွင် ပါဝင်ကြမည့် အရပ် ဘက်လူ့အဖွဲ့အစည်းများဆိုသည် မှာ အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တရားဝင်နိုင်ငံရေးပါတီများနှင့် ပြည်ပအစိုးရနှင့် ယင်းသြဇာခံ အဖွဲ့အစည်းတစ်ခုခု၏ ဖွဲ့စည်းထိန်း ချုပ်မှုအောက်တွင် မရှိသော၊ မိမိတို့သဘောဆန္ဒနှင့်ရည်မှန်းချက် အရ လာရောက်စုစည်းထားသည့် လွတ်လပ်သော အဖွဲ့အစည်းများ နှင့် အစုအဖွဲ့များကိုဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

===================    
251 / End