၂၁ နိုဝင်ဘာ ၂၀၁၆ - ၂၀:၀၄
  ဘာကဲရ်ရွလ်အိုလူမ် ဗလီ အတွင်း ရှိ ကျဲဟ်လွန်မ် အဇါဒါရီ ပြုနေသူများ အပေါ် အသေခံ ဗုံးပေါက်ကွဲ တိုက်ခိုက် မှု တစ်ရပ် ဖြစ်ပွား  ၊ကာဘူလ

လူမဆန်သည့် အစွန်းရောက် အကြမ်းဖက် သမား တစ်ဦး အနေဖြင့် အာဖဂန်နိစ္စတန် နိုင်ငံ ၏ မြို့တော် ကဘူလ် မြို့ ရှိ ဘာကဲရ်ရွလ်အိုလူမ် ဗလီ အတွင်း ရှိ ကျဲဟ်လွန်မ် အဇါဒါရီ ပြုနေသူများနှင့် ဗလီအနီး ရှိသူများ အပေါ် အသေခံ ဗုံးပေါက်ကွဲ တိုက်ခိုက် ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ယနေ့ တနင်းလာနေ့ ဒေသစံတော်ချိန် ၁၂နာရီ နှင့်မိနစ် ၂၀ အချိန် တွင် လူမဆန်သည့် အစွန်းရောက် အကြမ်းဖက် သမား တစ်ဦး အနေဖြင့် အာဖဂန်နိစ္စတန် နိုင်ငံ ၏ မြို့တော် ကဘူလ် မြို့ ရှိ  ဘာကဲရ်ရွလ်အိုလူမ် ဗလီ အတွင်း ရှိ ကျဲဟ်လွန်မ် အဇါဒါရီ ပြုနေသူများနှင့် ဗလီအနီး ရှိသူများ အပေါ် အသေခံ ဗုံးပေါက်ကွဲ တိုက်ခိုက် ခဲ့ပါတယ်။


မျက်မြင် သက်သေ ၏ သက်သေပေးထွက်ဆိုချက်အရ ကျဲဟ်လွန်မ် အဇါဒါရီပြုသူများ ကို ပေါက်ကွဲ တိုက်ခိုက်သူမှာ အသေခံတိုက်ခိုက်သူ ဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။


ကာဘူလ်မြို့ ရာဇဝတ်မှုများ ဖော်ထုတ်ရေး အဖွဲ့ ဥက္ကဋ္ဌ ၏ သတင်းထွက်ဆိုချက်အရ ဗုံးဒဏ်ကြောင့် ရှဟီးဒ် ဖြစ်သူမှာ ၂၇ဦး ဖြစ်ပြီး ဒဏ်ရာရရှိသူ မှာ ၃၅ ဦး ရှိကြောင်း သိရှိရပါတယ်။ သို့သော် မျက်မြင် သက်သေတစ်ဦး ၏ ထွက် ဆိုချက်အရ ဒဏ်ရာရသူ ဦးရေ မှာ ၁၀၀ ကျော် ကြောင်း ပြောကြားခဲ့ပါတယ်။


ကာဘူလ်နေ ပြည်သူများ အနေဖြင့် ဤ ဗလီ အတွင်း နှင့် ဗလီ ဘေး တွင် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ်ဟိုစိန် (အ.စ) ၏ ရက် ၄၀ ကျဲဟ်လွန်မ် အဇါဒါရီ ပြုရန် လာရောက်စုဝေးခဲ့ကြခြင်း ဖြစ်ပါတယ်။


ဖြစ်ပွားပုံမှာ ရာပေါင်းများစွာသော် အဇါဒါရီ ပြုလုပ်နေသည့်  မိုအ်မေနီ မိုအ်မေနသ် များ အနေဖြင့် မဂ်ျလစ် ပြီးနောက် ထမင်းစားဖို့ တန်းစီး နေချိန် တိုက်ခိုက်သူတစ်ဦးမှ ဗလီ အတွင်း ဝင်ရောက်ပြီး ရာပေါင်းများစွာ ရှိနေသည့် အဇါဒါရီ ပြုလုပ်သူများ အကြား မိမိကိုယ်ကို အသေခံ ပြီး ဗုံးကွဲတိုက်ခိုက်ခဲ့ပါတယ်။


ဘာကဲရ်ရွလ်အိုလူမ် ဗလီ သည် ကြီးမားသည့် ဗလီကြီး များ မှ တစ်လုံး ဖြစ်ပြီး ကြီးမားသည့်မဒဲရ်စာလည်း ရှိနေပါတယ်။မြောက်များစွာသော သာသနာ့ ကျောင်း သားများ သာသနာ့ပညာ ဆည်းပူးလျက် ရှိပါတယ်။
လက်ရှိ လတ်တလော အချိန် အထိ ဤ အသေခံ ဗုံးပေါက်ကွဲ မှု နှင့်ပတ်သက်ပြီး မည်သည့် အကြမ်းဖက် အဖွဲ့  မှ တာဝန်မယူထားသေးကြောင်း သိရှိ ရပါတယ်။



===============
251 / End