၂၂ နိုဝင်ဘာ ၂၀၁၆ - ၁၈:၅၇
ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ပဒါန်းတွင် ကျင်းပခဲ့သည့် ရန်ပုံငွေဘောလုံးပွဲမှ ကျပ်သိန်း ၈၀ ရရှိ

မကွေးတိုင်းဒေသကြီး ငဖဲ မြို့နယ် ပဒါန်းကျေးရွာ၌ လာမည့် ၂၀၁၇ တွင် ကျရောက်မည့်(၁၀၂) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့၌ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ပြုလုပ် မည်ဖြစ်သဖြင့် ကြေးရုပ်တည် ဆောက်ခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မကွေးတိုင်းဒေသကြီး ငဖဲ မြို့နယ် ပဒါန်းကျေးရွာ၌ လာမည့် ၂၀၁၇ တွင် ကျရောက်မည့်(၁၀၂) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့၌ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ပြုလုပ် မည်ဖြစ်သဖြင့် ကြေးရုပ်တည် ဆောက်ခြင်းလုပ်ငန်းများ စတင်  ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် ပဒါန်းကျေးရွာပန်းခြံတွင် ရင်ပြင် တည်ဆောက်ခြင်း၊ ကြေးရုပ်ထား ရှိရန် ခုံအမြင့်တည်ဆောက်ခြင်း၊ စတီးလက်ရန်းနှင့် ဆလိုက်မီးများ စီစဉ်ခြင်း စသည့်လုပ်ငန်းများ စ တင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြေးရုပ်ဖြစ်မြောက်ရေး ကော်မ တီဥက္ကဋ္ဌ၊ ပဒါန်းကျေးရွာ အုပ် ချုပ်ရေးမှူး ဦးကျော်ရွှေက ပြော သည်။

 ‘‘ဗိုလ်ချုပ် ကြေးရုပ်ဖြစ် မြောက်ရေး ကော်မတီကို မေလ ထဲမှာ စတင်ဖွဲ့စည်းတယ်။ ကျွန် တော်အုပ်ချုပ်ရေးမှူးက ကော်မ တီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တော့ မတည်ငွေအဖြစ် ငါးသိန်း ထည့်တယ်။ နောက် ဒုဥက္ကဋ္ဌက တစ်သိန်း၊ လွှတ်တော်ကိုယ်စား လှယ် ဦးဆန်းကြူက တစ်သိန်း စ လိုက်ပြီးတော့ ရန်ပုံငွေရရှိရေးအ တွက် ဘောလုံးပွဲ ကျင်းပပြီးတော့ ရှာလိုက်တာ ရန်ပုံငွေ သိန်း ၈၀ ရနေပါပြီ’’ ဟု ဦးကျော်ရွှေက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက် ရေး ရန်ပုံငွေအတွက် ငဖဲ၊ မင်း လှနှင့် မင်းဘူး-စကုမြို့နယ်တို့မှ ဘောလုံးအသင်း ၃၁ သင်းတို့ကို ဖိတ်ခေါ်၍ ဗိုလ်ချုပ်ကြေးရုပ် ဖလားဘောလုံးပြိုင်ပွဲကို နှစ်လ ကျော်ကျင်းပပြီး ဘောလုံးပွဲဝင် ကြေးမှ ရန်ပုံငွေ သိန်း ၈၀ ခန့် ရရှိ ခဲ့သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

‘‘ဘောလုံးပွဲကနေ ရန်ပုံငွေ က သိန်း ၈၀ နီးပါးရပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကို ရန်ကုန်က ကြေးသွန်းဆရာ ကိုအောင်ကျော် ထွန်းဆီမှာ အပ်တာ သိန်း ၁၃၀ ကျပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြေး ရုပ်မို့လို့ ဆရာက သိန်း ၅၀ ပြန် လှူပေးတယ်။ အဲဒီတော့ သိန်း ၈၀ ပဲ ကျလို့ ဗိုလ်ချုပ်ကြေးရုပ်ဖိုး တော့ ရပြီပေါ့ဗျာ’’ဟု ၎င်းက ဆို သည်။

အဆိုပါဗိုလ်ချုပ် ကြေးရုပ်ဖွင့်ပွဲအတွက် ကုန်ကျငွေအားလုံး သိန်း ၂၀၀ ခန့် ခန့်မှန်းထား ကြောင်း ကော်မတီကြီးကြပ်ရေး မှူး ကိုကျော်ကိုကိုရှိန်က ပြော သည်။

‘‘ရန်ပုံငွေကို ဆက်ရှာနေပါ တယ်။ ကျွန်တော်တို့ပိုင်ရာဆိုင်ရာ အသိမိတ်ဆွေတွေကို ဂုဏ်ပြု မှတ်တမ်းလွှာပေးပြီး အလှူခံထား တာ သိန်း ၂၀ လောက်ရထားပါပြီ။ ဆက်ပြီးတော့ နီးစပ်ရာ မြို့နယ် တွေမှာ အလှူခံသွားဖို့ စီစဉ်နေပါ တယ်’’ဟု ကိုကျော်ကိုကိုရှိန်က ပြောသည်။

လာမည့် ဗိုလ်ချုပ်မွေးနေ့ တွင် အပြီးဖွင့်လှစ်မည်ဖြစ်ခြင်း ကြောင့် တည်ဆောက်ခြင်းလုပ် ငန်းများ စတင်ဆောင်ရွက်နေပြီး ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကိုလည်း ပွဲလမ်းသဘင်များနှင့် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

===================    
251 / End